စပါးအသင်းနဲ့ လမ်းခွဲပြီးနောက်ပိုင်း တစ်နှစ်ကျော်ကြာတဲ့အထိ အသင်းလက်မဲ့ဖြစ်လို့နေတဲ့ နာမည်ကျော် ဘောလုံးနည်းပြ မာရီစီယိုပိုချက်တီနိုဟာ ယခင်ကတည်းက ရီးရဲလ်မက်ဒရစ် ဘာစီလိုနာ ဂျုဗင်တပ်စ်အသင်းတွေနဲ့ ကောလဟာလသတင်းတွေ ထွက်ပေါ်ခဲ့ပြီး အခုလည်း အသင်းနည်းပြတွေရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး မရေမရာဖြစ်နေကြတဲ့ မန်ချက်စတာအခြေစိုက် မန်စီးတီးအသင်း မန်ချက်စတာယူနိုက်တက်အသင်းတွေနဲ့ပါ သတင်းထွက်လာခဲ့ကာ နှစ်သင်းလုံးကလည်း ပိုချက်တီနိုကို ပစ်မှတ်ထားလို့နေပါတယ်။

Photo Credit : Daily Mail

လက်ရှိမှာ မန်ချက်စတာနှစ်သင်းလုံးက ရလဒ်ကောင်းတွေရဖို့ ရုန်းကန်နေရပြီ မန်စီးတီးအသင်းက သူတို့ရဲ့နည်းပြ ပတ်ဂွာဒီယိုလာနဲ့ စာချုပ်သစ်ကိစ္စ အဆင်မပြေနိုင်သေးသလို ယူနိုက်တက်မှာလည်း ရာသီအစကတည်းက အိမ်ကွင်းရှံးပွဲ(၂)ပွဲအထိ ရှိလာခဲ့ကာ ပေးဂိုးနှုန်းကလည်း မြင့်တတ်နေတဲ့အတွက် လက်ရှိနည်းပြဆိုးလ်ရှားကို ထုတ်ပယ်သွားချင်နေတာဖြစ်ပါတယ်။ ဒီလို နည်းပြအပြောင်းအလဲဖြစ်ဖွယ်ရှိနေတဲ့ မန်ချက်စတာ(၂)သင်းလုံးက လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေတဲ့ စပါးနည်းပြဟောင်း ပိုချက်တီနိုကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားလာခဲ့ပါတယ်။

Photo Credit : Daily Mail

လက်ရှိအခြေအနေမှာတော့ ပိုချက်တီနိုနဲ့ သတင်းအထွက်ဆုံး ဖြစ်လို့နေတဲ့အသင်းက မန်ချက်စတာယူနိုက်တက်အသင်းဖြစ်ပြီး ရလဒ်တွေ ဆက်လက်ဆိုးရွှားနေဦးမယ်ဆိုရင် ဆိုးလ်ရှားရဲ့နေရာမှာ ပိုချက်တီနိုကို အစားထိုးသွားဖို့အထိ ယူနိုက်တက်အသင်း တာဝန်ရှိသူတွေကပါ စဉ်းစားလာခဲ့ကြပြီလို့ သတင်းဌာနပေါင်းစုံကနေ ဖော်ပြလာခဲ့ပါတယ်။ ပိုချက်တီနိုဟာ ယခင်ကတည်းက ယူနိုက်တက်အသင်းနဲ့ သတင်းထွက်ခဲ့သူဖြစ်ပြီး ဆိုးလ်ရှားကို မခန့်အပ်ခင်ကတည်းက ပိုချက်တီနိုကို ခန့်အပ်သွားဖို့ အတော်လေးကို ရေပန်းစားခဲ့တာဖြစ်ပေမယ့် ယူနိုက်တက်ဘက်က ဆိုးလ်ရှားကိုပဲ ခန့်အပ်ခဲ့ပါတယ်။ ဆိုးလ်ရှားကလည်း ယူနိုက်တက်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ခဲ့ပေမယ့် ဒီရာသီမှာ သူအလိုရှိနေတဲ့ ကစားသမားတွေကို အသင်းက မခေါ်ဆောင်ပေးနိုင်ခဲ့သလိုု သူကိုယ်တိုင်ကလည်း အသင်းအတွက် နည်းဗျူဟာကျကျနဲ့ မကိုင်တွယ်နိုင်ခဲ့တာကြောင့် အသင်းက ဒီရာသီမှာ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ အခု သူတို့အသင်းနဲ့ သတင်းထွက်လာခဲ့တဲ့ ပိုချက်တီနိုက နည်းပြဘဝမှာ ဆုဖလားအောင်မြင်မှုတွေ မရှိခဲ့ပေမယ့်လည်း စပါးကို အသင်းကြီးတစ်သင်းဖြစ်လာအောင် တည်ဆောက်ခဲ့သူဖြစ်သလို အသင်းကိုလည်း အပြောင်းအရွှေ့အနည်းငယ်လေးနဲ့ ချန်ပီယံလိဂ်ဖိုင်နယ်အထိရောက်အောင် ပို့ဆောင်ခဲ့တာကြောင့် ယူနိုက်တက်ကရေ မန်စီးတီးကပါ သူ့လိုနည်းပြမျိုးကို အလိုရှိနေတာဖြစ်ပါတယ်။