နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ ကစားသမားသစ် (၃)ယောက်အထိ ခေါ်ယူထားနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ နောက်ထပ် လူခေါ်ယူမှုတွေ ထပ်မံလုပ်ဆောင်ဖွယ် မရှိတော့ပေမယ့်လည်း လတ်တလောမှာတော့ လီဗာပူးလ်ဘက်က ပေါ်တိုအသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်တိုက်စစ်ကစားသမား အိုတာဗီယိုကိုပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေသလို အသင်းနှစ်သင်းကြားမှာလည်း အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးနေတယ်လို့ သတင်းထွက်လာတဲ့အပေါ် နှစ်သင်းလုံးက ငြင်းဆန်သွားခဲ့ပါတယ်။

Photo Credit : Liverpool Echo

လီဗာပူးလ်အသင်းဟာ ဘင်ဖီကာတိုက်စစ်ကစားသမား ဒါဝင်နူနက်ဇ် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားနိုင်ခဲ့ပြီး လူငယ်ကစားသမားလေးတွေဖြစ်တဲ့ ဖေဘီယိုကာဗယ်လ်ဟို ကယ်လ်ဗင်ရမ်ဆေးတို့ကိုပါ ခေါ်ယူခဲ့တာကြောင့် လီဗာပူးလ်အနေနဲ့ နောက်ထပ် ကစားသမားသစ်တွေ ထပ်မံမခေါ်ယူတော့ပဲ ၂၀၂၂ခုနှစ် နွေရာသီ လူခေါ်ယူမှုကလည်း နိဂုံးချုပ်သွားပြီလို့ ယူဆလာကြပါတယ်။ ဒီလိုအချိန်မှာပဲ လီဗာပူးလ်အသင်းက ပေါ်တူဂီကြယ်ပွင့် အိုတာဗီယိုနဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး စိတ်ဝင်စားမှုတွေလည်း မြင့်တတ်နေတယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာပါတယ်။

Leeds Utd transfer news: Otavio plan disrupted as report reveals Liverpool  offer for assist king

Photo Credit : TEAMtalk

ပေါ်တူဂီရဲ့ သတင်း outlet ဖြစ်တဲ့ Jornal de Noticias ကို ကိုးကားပြီး The Mirror သတင်းစာကြီးရဲ့ ဖော်ပြချက်အရ ဆာဒီယိုမာနေးကို ဘိုင်ယန်မြူးနစ်အသင်းဆီ ရောင်းချထားနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ နောက်ထပ် ကစားသမားသစ်တစ်ဦးကိုပါ ထပ်မံခေါ်ယူဖွယ် ရှိနေသလို ပေါ်တိုရဲ့ ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမား အိုတာဗီယိုကို အလွန်စိတ်ဝင်စားနေတယ်လို့ ဖော်ပြလာပါတယ်။ ပေါ်တူဂီ news outlet ရဲ့ ဖော်ပြချက်အရ အိုတာဗီယိုရဲ့ အပြောင်းအရွှေ့အတွက် လီဗာပူးလ်နဲ့ ပေါ်တိုအသင်းကြားမှာ ဆွေးနွေးမှုတွေ ရှိနေတယ်လို့ ဖော်ပြထားသလို ကစားသမားရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း(၆၀)ထိ ရှိနေပေမယ့် ပေါ်တိုဘက်ကတော့ ယူရို(၄၅)သန်းလောက်နဲ့ပင် သူတို့ကစားသမားကို ရောင်းထုတ်သွားနိုင်တယ်လို့ပါ ဖော်ပြထားခဲ့ပါတယ်။ ဒါပေမယ့် ဒီလို သတင်းဖော်ပြချက်တွေကို ပေါ်တိုရော လီဗာပူးလ်အသင်းပါ အသီးသီး ပယ်ချထားခဲ့တဲ့အပြင် အိုတာဗီယိုရဲ့ စာချုပ်ဖျက်သိမ်းကြေးကလည်း ယူရိုသန်း(၄၀)သာ ရှိနေတာဖြစ်တယ်လို့ ဘောလုံးအပြောင်းအရွှေ့ ဂုရုကြီး ဖာဘရီဇီယိုရိုမာနိုက ရှင်းလင်း ဖော်ပြထားခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးလ်အသင်းဟာ ပီအက်စ်ဂျီနဲ့ လက်တွဲဖြုတ်ရဖွယ် ရှိနိုင်တဲ့ ကစားသမားဟောင်း ဝိုင်နယ်ဒမ်းစ်ကိုလည်း အသင်းဆီ ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားခြင်း မရှိနေသလို လက်ရှိမှာ ဘယ်ကစားသမားကို ထပ်မံ ခေါ်ယူဖို့ပါ အစီအစဉ် မရှိသေးပဲ pre-season အတွက်သာ ပြင်ဆင်နေတယ်လို့ သိရပါတယ်။