ဒေါ့မွန်အသင်းရဲဲ့ နော်ဝေလူငယ်တိုက်စစ်ကစားသမား အာလင်းဟာလန်းကတော့ ဘိုင်ယန်မြူးနစ်ကို (၁)ဂိုးတည်းနဲ့ ကပ်အရေးနိမ့်ခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်အတွင်း ဒိုင်လူကြီးတစ်ဦးနဲ့ ထိခိုက်မိရင်း ဒူးဒဏ်ရာရရှိသွားခဲ့တာကြောင့် ပါဒါဘွန်းအသင်းနဲ့ ကစားခဲ့ရတဲ့ ဘွန်ဒက်လီဂါပွဲစဉ်ကို လွဲဲချော်ခဲ့ရပြီး အခုလည်း ဒဏ်ရာအခြေအနေက သိသိသာသာ တိုးတတ်ကောင်းမွန်လာသေးခြင်းမရှိလို့ လာမယ့်စနေနေ့မှာ ကစားရမယ့် ဟာသာဘာလင်အသင်းနဲ့ ဂျာမန်ဘွန်ဒက်လီဂါ ပွဲကျပ်ပွဲစဉ်ကိုပါ ဆက်လက်လွဲချော်ရနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Getty Image

ကနဦးသတင်းတွေအရ ဟာလန်းက ဒူးဒဏ်ရာကြောင့် ပါဒါဘွန်းပွဲစဉ်လောက်ကိုပဲ လွဲချော်ရနိုင်တယ်လို့ ထင်ခဲ့ရပေမယ့် လက်ရှိအချိန်ထိ အသင်းနဲ့ လေ့ကျင့်ခန်း ဆက်လက်မဆင်းနိုင်သေးတာကြောင့် ဟာသာဘာလင်နဲ့ပွဲကိုပါ ပါဝင်နိုင်ဖို့ မသေမချာရှိနေတာပဲဖြစ်ပါတယ်။ ဒေါ့မွန်အသင်းကလည်း ဟာလန်းမပါနိုင်တဲ့ တိုက်စစ်ပိုင်းမှာ ကြံခိုင်ရေးပြန်ကောင်းလာတဲ့ ဆန်ချိုကို သော်ဂန်ဟာဇက် ဘရန့်တို့နဲ့ တွဲဖက်အသုံးပြုပြီး ပါဒါဘွန်းကို အဝေးကွင်းမှာ (၆)ဂိုး(၁)ဂိုးနဲ့တောင် အနိုင်ရခဲ့ပေမယ့် ခြေစွမ်းပိုင်း သိသိသာသာ တိုးတတ်ကောင်းမွန်နေတဲ့ ဟာသာဘာလင်နဲ့ပွဲမှာတော့ အနည်းငယ်ရုန်းကန်ရနိုင်ပါတယ်။

Photo Credit : Getty Image

အသက်(၁၉)နှစ်အရွှယ် နော်ဝေလူငယ်တိုက်စစ်မှူးလေး ဟာလန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းကနေ ဒေါ့မွန်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့ အချိန်တိုလေးအတွင်းမှာပဲ အသင်းနဲ့ အံ့ဝင်ခွင်ကျဖြစ်လာခဲ့ကာ ဘွန်ဒက်လီဂါပွဲ(၁၀)ပွဲအတွင်းမှာပဲ သွင်းဂိုး(၁၁)ဂိုးအထိ ရယူနိုင်ခဲ့ပါတယ်။ ဒီလို အသင်းရဲ့ ဂိုးသွင်းစက်ဖြစ်လာခဲ့တဲ့ ဟာာလန်းနဲ့ ဒေါ့မွန်ကွင်းလယ်ကစားသမားဒါဟွတ်တို့(၂)ယောက်ဟာ ဘိုင်ယန်ကို ရှံးနိမ့်ခဲ့ရတဲ့ပွဲမှာ ဒဏ်ရာတွေ အသီးသီးရရှိခဲ့ကြလို့ ပါဒါဘွန်းနဲ့ပွဲကို လွဲချော်ခဲ့ရသလို ဒါဟွတ်ရဲ့ ဒဏ်ရာအခြေအနေက ပိုမိုဆိုးရွှားတာကြောင့် ရာသီကုန်အထိ အနားယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ့မွန်အသင်းရဲ့ အဓိက နောက်ခံကစားသမားဖြစ်တဲ့ ဟမ်းမဲလ်မှာလည်း ပါဒါဘွန်းနဲ့ပွဲစဉ်မှာ အဝါကတ်ပြသခံခဲ့ရလို့ တစ်ရာသီအတွင်း အဝါကတ်(၅)ကြိမ် ပြသမှုခံရမှုနဲဲ့ ဟာသာဘာလင်နဲ့ပွဲကို လွဲဲချော်ရဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် ကံကောင်းတာကတော့ အသင်းရဲ့ အမာခံ ကွင်းလယ်ကစားသမား ဝစ်ဆဲလ်က ဒဏ်ရာကနေ လုံးဝပြန်ကောင်းလာပြီဖြစ်လို့ ဘာလင်နဲ့ပွဲမှာ ပွဲထွက်ကစားဖွယ် ရှိနေသလို အသင်းခေါင်းဆောင် မားကို့စ်ရူးစ်မှာလည်း မကြာခင်မှာ ဒေါ့မွန်အတွက် ပွဲထွက်ကစားပေးနိုင်တော့မှာဖြစ်ပါတယ်။