လာမယ့် နွေရာသီ အပြောင်းအရွှေ့စျေးကွက် ဖွင့်လှစ်ချိန်မှာ အသင်းကနေ သေချာပေါက် လက်လွတ်ရဖွယ် ရှိလို့နေတဲ့ တိုက်စစ်ကစားသမား အာလင်းဟာလန်းရဲ့ နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် အီတလီ စီးရီးအေကလပ် ဆာဆူအိုလိုအသင်းရဲ့ တိုက်စစ်မှူး ဂျန်လူကာဆကန်မာကာကို ပစ်မှတ်ထားလျကင် ရှိနေတယ်လို့ သိရှိရပါတယ်။
Photo Credit : Daily Mail
အသက်(၂၁)နှစ်အရွှယ် နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမားလေး ဟာလန်းဟာ လာမယ့်နွေမှာ ဒေါ့မွန်ကနေ သေချာပေါက် ထွက်ခွာဖွယ် ရှိနေပြီး သူ့ကိုလည်း ဥရောပ ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ ပီအက်စ်ဂျီ ဘာစီလိုနာ ရီးယဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့က အပြိုင်ပစ်မှတ်ထားနေကြပါတယ်။ ဟာလန်းလို ဂိုးသွင်းအားကောင်းမွန်တဲ့ တိုက်စစ်မှူးတစ်ဦးကို လက်လွတ်လိုက်ရခြင်းက ဒေါ့မွန်အတွက် အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခု ဖြစ်လာနိုင်ပေမယ့် ဒေါ့မွန်ဘက်ကတော့ ဟာလန်းကိုသာ လက်လွတ်ရမယ်ဆိုရင် သူ့နေရာမှာ ပြန်လည်အစားထိုးမယ့် ကစားသမားကိုပါ တစ်ခါတည်း ရှာတွေ့ထားပြီ ဖြစ်တယ်လို့ သိရပါတယ်။
Photo Credit : Daily Mail
ဒီကစားသမားကတော့ အသက်(၂၃)နှစ်အရွှယ်သာ ရှိသေးတဲ့ ဆာဆူအိုလိုအသင်းရဲ့ အီတလီ တိုက်စစ်ကစားသမား ဆကန်မာကာပဲ ဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီအတွက် ဆာဆူအိုလိုအသင်းအတွက် စီးရီးအေ (၂၂)ပွဲ ပါဝင်ကစားထားခဲ့တဲ့ ဆကန်မာကာဟာ အသင်းအတွက် စီးရီးအေသွင်းဂိုး (၉)ဂိုးအထိ သွင်းယူထားခဲ့ပြီး သူရဲ့တိုက်စစ်စွမ်းရည်ေွကြောင့် စီးရီးအေ ကလပ်အသင်းတွေရဲ့ ပစ်မှတ်ထားခြင်းကို ရရှိလာခဲ့သလို ဒေါ့မွန်အသင်းကပါ ဟာလန်းနေရာမှာ အစားထိုးနိုင်မယ့် ကစားသမားအဖြစ်နဲ့ပါ သတ်မှတ်လာခဲ့ပါတယ်။ ဆာဆူအိုလိုအသင်းမှာ ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ဆကန်မာကာကို ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်(၃၈)သန်းနဲ့ အခု ဆောင်းစျေးကွက် မပိတ်သိမ်းခင်မှာပဲ ကမ်းလှမ်းမှုတွေ ပြုလုပ်လာနိုင်တယ်လို့ အီတလီ အခြေစိုက် La Gazzetta dello Sport သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် ဒီအပြောင်းအရွှေ့သာ ဖြစ်ပေါ်လာခဲ့မယ်ဆိုရင်လည်း ဒေါ့မွန်အသင်းက ဆကန်မာကာကို အသင်းမှာ ချက်ချင်း အသုံးပြုသွားဦးမှာ မဟုတ်ပဲ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ကုန်ဆုံးချိန်ထိ ဆာဆူအိုလိုအသင်းမှာ အငှားချသွားပေးမှာဖြစ်သလို လက်ရှိမှာလည်း ဒီအပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ La Gazzetta dello Sport က ဖော်ပြထားခဲ့ပါတယ်။