နည်းပြသောမတ်စ်တူဟယ်လ်ရဲ့လက်အောက်မှာ ပွဲထွက်ကစားခွင့်တွေ ရရှိဖို့အတွက် ရုန်းကန်နေရတဲ့ ချယ်လ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမားဖြစ်သူ ကော်လန်ဟတ်ဆန်အိုဒွိုင်းကို ဂျာမန်ဘွန်ဒစ်လီဂါ ထိပ်သီးကလပ်အသင်းဖြစ်တဲ့ ဒေါ့မွန်အသင်းကနေ ခေါ်ယူသွားဖို့ ဆန္ဒရှိနေပြီး တစ်ရာသီအငှားစာချုပ်နဲ့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖွယ် ရှိနေပေမယ့် ချယ်လ်ဆီးအသင်းဘက်ကတော့ သူတို့ကစားသမားကို အသင်းမှာသာ ဆက်လက်ထိန်းသိမ်းသွားဖွယ်သာ ရှိလို့နေပါတယ်။

Photo Credit : 90Min

နည်းပြဟောင်း ဖရန့်လမ်းပတ်ရဲ့လက်အောက်မှာ ကစားခွင့်တွေ ရရှိခဲ့တဲ့ အိုဒွိုင်းဟာ နည်းပြတူဟယ်လ် ပြောင်းလဲကိုင်တွယ်စဉ်မှာတော့ ပွဲကစားခွင့်တွေ နည်းပါးလာခဲ့ရသလို ဒီနှစ်ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ်ပွဲစဉ် (၃)ပွဲလုံး ပါဝင်ကစားခွင့် မရရှိထားတာကြောင့် သူ့ကို ဥရောပကလပ်အသင်းများစွာကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပြီး ဂျေဒန်ဆန်ချိုကို လက်လွတ်ထားခဲ့ရတဲ့ ဒေါ့မွန်အသင်းကလည်း အိုဒွိုင်းကို ခေါ်ယူချင်လာခဲ့ပါတယ်။ ဒေါ့မွန်အသင်းက နွေစျေးကွက် မပိတ်သိမ်းခင်မှာ တောင်ပံတိုက်စစ်ပိုင်း အားကောင်းလှတဲ့ အိုဒွိုင်းကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူချင်နေတာဖြစ်ပေမယ့် ချယ်လ်ဆီးဘက်ကတော့ သူတို့ရဲ့လူငယ်ကြယ်ပွင့်ကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားဖွယ်သာ ရှိနေပါတယ်။

Photo Credit : Football London

အသက်(၂၀)အရွှယ်ရှိ အိုဒွိုင်းဟာ ချယ်လ်ဆီးအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ လူငယ်ကစားသမားတစ်ယောက်ဖြစ်ပြီး ၂၀၁ရခုနှစ်မှာပဲ သူရဲ့ချယ်လ်ဆီးစီနီယာ ကစားသမားဘဝကို စတင်နိုင်ခဲ့တာဖြစ်သလို ပြီးခဲ့တဲ့ ဘောလုံးရာသီ(၂)ရာသီအတွင်းမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံမှာ ပွဲပေါင်း(၃၀)ကျော်လောက်အထိ ပါဝင်ကစားခဲ့ရပါတယ်။ ဒါပေမယ့် အိုဒွိုင်းဟာ အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားရတာထက် အရန်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရပြီး သိပ်အရေးမကြီးလှတဲ့ ပွဲစဉ်တွေကိုသာ ဝင်ရောက်ကစားခဲ့ရတာဖြစ်ပါတယ်။ ဒီလို အသင်းမှာ ပုံမှန်နေရာ တစ်နေရာ မရေမရာ ဖြစ်လို့နေတဲ့ အိုဒွိုင်းကို ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးသလို အခုလည်း ဘိုင်ယန်ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ဒေါ့မွန်အသင်းကပါ အိုဒွိုင်းကို ခေါ်ယူချင်နေပြီး စျေးကွက်မပိတ်ခင်မှာ အငှားနဲ့ ကမ်းလှမ်းချင်နေပါတယ်။ ဒေါ့မွန်ဟာ လူငယ်ကစားသမားတွေကို စင်တင်ပေးတတ်တဲ့ ကလပ်အသင်း ဖြစ်နေတာကြောင့် အိုဒွိုင်းအနေနဲ့ ဒေါ့မွန်ရဲ့ကမ်းလှမ်းချက်ကို စိတ်ဝင်စားလာနိုင်ပေမယ့် ချယ်လ်ဆီးဘက်ကတော့ အိုဒွိုင်းကို လက်လွတ်သွားဖို့ အစီအစဉ် မရှိနိုင်တာ သေချာနေပါတယ်။