ချယ်လ်ဆီးအသင်းဟာ အခုတစ်ပတ်အတွင်း အသင်းကို ပိုင်ရှင်သစ်တွေလက်ထဲ အပြီးသတ် လွှဲပြောင်းပေးဖို့အတွက် စီစဉ်ထားခဲ့ပေမယ့်လည်း ဗြိတိန်အစိုးရနဲ့ ချယ်လ်ဆီးပိုင်ရှင်ဟောင်း ရုရှားသူဌေး ရိုမန်အေဘရာမိုဗစ်ချ်တို့ကြားမှာ သဘောတူညီမှု မရယူနိုင်သေးတာကြောင့် အသင်းအရောင်းအဝယ် ပျက်ပြယ်နိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Fresh Chelsea takeover concern over Roman Abramovich plan despite Todd  Boehly closing in on deal - football.london

Photo Credit : Football London

ဗြိတိန်အစိုးရ အတွင်းဝန်တစ်ဦးရဲ့ ပြောဆိုချက်အရ ချယ်လ်ဆီးအသင်း အဆိုပြုထားခဲ့တဲ့ ပေါင်(၄.၂၅)ဘီလီယံ လွှဲပြောင်းရယူခြင်းရဲ့ သဘောတူညီမှုဟာ သတ်မှတ်ထားတဲ့ အချိန်ကို ကျော်လွန်သွားတဲ့အထိ သဘောတူညီမှု မရနိုင်တာကြောင့် ပျက်ပြယ်သွားဖွယ် ရှိနေတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းကို အမေရိကန်လုပ်ငန်းရှင် တော့ဒ်ဘိုလီ ဦးဆောင်တဲ့အဖွဲ့က ဝယ်ယူသွားဖို့ သဘောတူညီချက် ရရှိထားခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် တာဝန်ရှိသူများရဲ့ ခွင့်ပြုချက်နဲ့ ငွေပေးချေမှု အပြီးသတ်နိုင်အောင် ပြုလုပ်ဖို့တွေက လိုအပ်နေသေးတာ ဖြစ်ပါတယ်။ ဒီကိစ္စရပ်တွေကို ဒီလကုန် နောက်ဆုံးထားပြီး ဖြေရှင်းသွားရမှာ ဖြစ်သလို လက်ရှိမှာ ငွေပေးချေမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရနဲ့ အေဘရာမိုဗစ်ချ်တို့ သဘောတူညီမှု မရရှိနိုင်သေးတာ ဖြစ်တယ်လို့ သိရပါတယ်။

Chelsea takeover deal in doubt with Roman Abramovich 'refusing Government's  sale structure' | Daily Mail Online

Photo Credit : Daily Mail

ရုရှားဘီလီယံနာကြီး အေဘရာမိုဗစ်ချ်က ချယ်လ်ဆီးအသင်း သူ့အပေါ်တင်ရှိနေတဲ့ ချေးငွေ (၁.၆)ဘီလီယံကို ပြန်လည်ရယူလိုခြင်းမရှိလို့ မတ်လအစောပိုင်းမှာ ထုတ်ပြန်ထားခဲ့ပေမယ့်လည်း အခုအခါ သူနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ သံသယရှိနေရတဲ့ ကုမ္မဏီတစ်ခုဖြစ်တဲ့ နယူးဂျာစီ အခြေစိုက် Chamberley International Investment ကုမ္မဏီဆီကိုသာ လွှဲပြောင်းပေးစေလိုတယ်လို့ တောင်းဆိုခဲ့ရာ ဒီတောင်းဆိုမှုကို ဗြိတိန်အစိုးရက လိုက်လျောနိုင်ခြင်း မရှိတဲ့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေကို ဆက်လက်လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေနဲဲ့ မေ(၃၁)ရက်နေ့မတိုင်ခင် အပြီးသတ် လက်လွှဲရောင်းချခြင်းကို အထမြောက်အောင် လုပ်ဆောင်သွားဖို့ လိုအပ်နေပြီး လာမယ့်ဇွန်လမှာပဲ ဘောလုံးရာသီသစ်အတွက် လိုအပ်တဲ့ ကလပ်အသင်းလိုင်စင်ကိစ္စတွေ ပြုလုပ်ဖို့ပါ လိုအပ်တာကြောင့် မေ(၃၁)နေ့အထိ အပြီးမသတ်နိုင်ခဲ့ရင်တော့ ချယ်လ်ဆီးအသင်းဟာ ဆိုးရွှားလွန်းတဲ့ အခြေအနေဆိုးကြီးတွေနဲ့ ရင်ဆိုင်တွေ့ကြုံလာရနိုင်ပါတယ်။