အာဂျင်တီးနား အမှတ်ပေးဘောလုံးးပြိုင်ပွဲရဲ့ နာမည်ကျော် ဘောလုံးအသင်းကြီးတစ်သင်းဖြစ်တဲ့ ဘိုကာဂျူနီယာအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အက်ကျူရာဒိုဆယ်ဗီယိုဟာ ၂၀၁၅ခုနှစ်တုန်းက ဘင်ဖီကာအသင်းမှာ ပါဝင်ကစားနေစဉ်အတွင်း သူရဲ့ကစားသမားဘဝ အလှည့်အပြောင်းဖြစ်သွားစေနိုင်မယ့် ကမ်းလှမ်းမှုတစ်ခုကို မန်ချက်စတာယူနိုက်တက်အသင်းဘက်ကနေ ရရှိခဲ့ပေမယ့် အပြောင်းအရွှေ့အထမြောက်ဖို့ အနီးစပ်ဆုံးဖြစ်နေချိန်မှာ သူရဲ့ဒဏ်ရာပြသာနာကြောင့် ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ပျက်ပြယ်ခဲ့ကြောင်း ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : Mundo

အသက်(၂၉)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် ညာတောင်ပံကစားသမား ဆယ်ဗီယိုဟာ ၂၀၁၉ခုနှစ် ဇူလိုင်လကမှ ဘင်ဖီကာအသင်းကနေ ဘိုကာဂျူနီယာအသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီိး အဲ့ဒီအပြောင်းအရွှေ့မတိုင်ခင် လွန်ခဲ့တဲ့(၄)နှစ်တုန်းက ယူနိုက်တက်အသင်းကို ရောက်ရှိဖို့ အလွန်နီးစပ်ခဲ့သူဖြစ်ပါတယ်။ ဆယ်ဗီယိုက သူရဲ့အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး “ ၂၀၁၅ခုနှစ် မေလတုန်းက ကျွန်တော် ဒုတိယမြောက် ဒူးဒဏ်ရာကို ခံစားရခဲ့ပြီး အဲ့ဒီအချိန်က ပေါ်တူဂီလိဂ် ဘောလုံးရာသီရဲ့ နောက်ဆုံးပွဲလည်းဖြစ်ခဲ့ပါတယ်။ ဒီဒဏ်ရာမရရှိခင်တုန်းက မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့အတွက် အားလုံးစီစဉ်ထားပြီးသားပါ”

Photo Credit : Semperinter

“အဲ့ဒီတုန်းကသာ ဒူးဒဏ်ရာသာမရှိခဲ့ရင် ကျွန်တော်ရဲ့ကစားသမားဘဝက လုံးဝကို ပြောင်းလဲကြီးပြောင်းလဲသွားနိုင်ပါတယ်။ ဒါအမှန်ပါပဲ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက ယူနိုက်တက်အသင်းမှာ လူးဝစ်ဗန်ဟား ကိုင်တွယ်နေတာဖြစ်ပြီး မန်ဖစ်ဒီပိုင်း မော်ဂန်ရှနိုက်ဒါလင် အန်တိုနီမာစီယဲလ်တို့ကိုသာ ခေါ်ယူနိုင်ခဲ့ကာ ဆယ်ဗီယိုကတော့ အသင်းကို မရောက်ခင်မှာပဲ ဒဏ်ရာပြသာနာကြောင့် ဆေးကျခဲ့တာဖြစ်ပြီး အသင်းဆီ မရောက်နိုင်ခဲ့ရတာဖြစ်ပါတယ်။ ဆယ်ဗီယိုဟာ ယခင်တုန်းက အသက်လက်တီကိုမက်ဒရစ်အသင်းမှာ ပါဝင်ကစားခဲ့ဖူးပြီး ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဖိုင်နယ်ကို (၂)ကြိမ်တိုင်တိုင် တတ်ရောက်နိုင်ခဲ့ပြီး (၂)ကြိမ်လုံးမှာ ဗိုလ်စွဲခဲ့ပြီး တိုက်တိုက်ဆိုင်ဆိုင် ဘင်ဖီကာအသင်းနဲ့လည်း ယူရိုပါလိဂ်ဗိုလ်လုပွဲစီကို (၂)ကြိမ်တတ်ရောက်ခဲ့ကာ အဲ့ဒီ(၂)ကြိမ်လုံးမှာတော့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။