MySport Myanmar

ဒီဇာဘီက ဂွာဒီယိုလာထက် ပိုကောင်းတယ်လို့ ပြောဆိုလာတဲ့ ပရင့်စ် ဘိုတန်

မကြာသေးခင်ကမှ ဘောလုံးသမားဘဝကနေ တရားဝင် အနားယူသွားခဲ့တဲ့ ကယ်ဗင် ပရင့်စ် ဘိုတန်က ဘရိုက်တန်အသင်း နည်းပြ ရောဘတ်တို ဒီဇာဘီဟာ မန်ချက်စတာစီးတီးအသင်းရဲ့ နာမည်ကျော် နည်းပြကြီး ပက်ပ် ဂွာဒီယိုလာထက်ပင် ပိုမို ကောင်းမွန်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

ဘိုတန်ဟာ စီးရီးအေကလပ် ဆာဆူအိုလိုအသင်းမှာ ပါဝင် ကစားခဲ့စဉ်တုန်းက နည်းပြ ဒီဇာဘီနဲ့ လက်တွဲခဲ့ပြီး ဘိုတန်ကလည်း ဆာဆူအိုလိုအတွက် ပြိုင်ပွဲစုံ (၁၅)ပွဲထိ ကစားပေးခဲ့သလို (၅)ဂိုး သွင်းယူနိုင်ခဲ့ပါသေးတယ်။

Photo Credit : Serie A News

ဘိုတန်ဟာ ကစားသမားဘဝအတွင်း ကလပ်အသင်းများစွာမှာ ကစားခဲ့ဖူးသူဖြစ်ပြီး စပါး ဒေါ့မွန် အေစီမီလန် ဘာစီလိုနာ ဖရန့်ဖတ်တို့လို ဥရောပရဲ့ နာမည်ကြီး အသင်းတွေမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ ဂါနာလက်ရွေးစင် အသင်းအတွက်လည်း (၁၅)ပွဲထိ ပါဝင် ကစားပေးနိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

အခု သူရဲ့ နည်းပြဟောင်း ဒီဇာဘီနဲ့ ပတ်သက်ပြီး ဘိုတန်က “ဒီဇာဘီက လာမယ့် နှစ်(၂၀)-(၃၀)အတွင်း အကောင်းဆုံး နည်းပြတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ကတော့ ထင်မိပါတယ်။ သူက သူနဲ့ တွဲဖက်ပြီး အလုပ်လုပ်တဲ့ ကစားသမား တစ်ယောက်ချင်းစီတိုင်းရဲ့ ခြေစွမ်းတွေကို တိုးတက်အောင် လုပ်ပေးနိုင်သူပါ။”

Photo Credit : Goal

“ကျွန်တော် သူနဲ့ အလုပ်တွဲလုပ်ရတော့ ကျွန်တော် အသက်က (၃၂)နှစ် ရှိနေပါပြီ။ အဲ့ဒီအချ်ိန်က ကျွန်တော် အသန်မာဆုံး အချိန်လို့တောင် ခံစားမိရပါတယ်။ သူက ကျွန်တော် လိုအပ်နေချိန်မှာ ဘယ်လို လှုံဆော်မှုတွေ ပေးရမလဲ ဘယ်လို အားပေးမှုတွေ လုပ်ဆောင်ရမလဲဆိုတာ သိနေတတ်ပါတယ်။”

“သူရဲ့ ခေါင်းဆောင်မှု ရှုထောင့်ကနေ တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးပိုင်းတွေအကြောင်းကို ရှာဖွေတက်တဲ့သူပါ။ ဒီဇာဘီက ဂွာဒီယိုလာထက် ပိုကောင်းပါသလားလို့ မေးလာရင်တော့ ကျွန်တော်က yes လို့သာ ဖြေလိုက်ပါမယ်။” လို့ ဘိုတန်က ပြောဆိုခဲ့ပါတယ်။

Exit mobile version