ပြီးခဲ့သည့် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) တွင် အောင်မြင်မှုများ ရရှိခဲ့သော မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် အမျိုးသား ယူ-၂၂ ဘောလုံးအသင်းတို့ အတွက် ဗီယက်နမ်နိုင်ငံမှ ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်သည့် Bphone မှ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား တစ်ရပ်အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ပေးခဲ့ပြီး အဆိုပါ အခမ်းအနားတွင် အသင်း ၂ သင်းလုံးအား Bphone မှ ၎င်း၏ နောက်ဆုံးပေါ် စမတ်ဖုန်းများနှင့်အတူ ဆုကြေးငွေများကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

အဆိုပါ ဆုချီးမြှင့်ပွဲ အခမ်းအနားအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ရုံးချုပ်တွင် ကျင်းပပြုလုပ်ပေးခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများ၊ Bkav မြန်မာမှ General Director ဖြစ်သူ Mr. Le Quang Hiep နှင့် တာဝန်ရှိသူများ၊ မြန်မာ့ လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းမှ ကစားသမားများ ဖြစ်ကြသည့် မြတ်နိုးခင်၊ ခိုင်မိုးဝေ၊ ရီရီဦး၊ ဂျူလိုင်ကျော်နှင့် ခင်မိုမိုထွန်း၊ မြန်မာ့ လက်ရွေးစင် အမျိုးသား ယူ-၂၂ ဘောလုံးအသင်းမှ ကစားသမားများ ဖြစ်ကြသည့် လှိုင်းဘိုဘို၊ ဝင်းနိုင်ထွန်း၊ အောင်ကောင်းမာန်၊ အောင်နိုင်ဝင်းနှင့် ဆန်းဆက်နိုင်တို့ တက်ရောက်ခဲ့ကြပါတယ်။

“ပြီးခဲ့တဲ့ ဆီးဂိမ်းစ်မှာ ကြေးတံဆိပ်တွေ အသီးသီး ဆွတ်ခူးရရှိခဲ့တဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းနဲ့ အမျိုးသား ယူ-၂၂ ဘောလုံးအသင်းတို့ကို အခုလို ဂုဏ်ပြုချီးမြှင့်ခဲ့တဲ့ အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ ဘောလုံးအသင်း ၂ သင်းလုံးကိုယ်စား Bphone ကုမ္ပဏီကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ပြီးခဲ့တဲ့ ပြိုင်ပွဲဟာ ၂ သင်းစလုံးအတွက် ခက်ခဲတဲ့ ပြိုင်ပွဲတစ်ရပ် ဖြစ်ခဲ့ပေမဲ့ လက်ရွေးစင် ၂ သင်းလုံးအနေနဲ့ ပြိုင်ပွဲတစ်လျှောက်လုံး ပုံစံကောင်းပြသနိုင်ခဲ့တဲ့အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ အနေနဲ့ လာမယ့်ပြိုင်ပွဲတွေမှာ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့နဲ့ ပိုမိုမြင့်မားတဲ့ အောင်မြင်မှုတွေကို ရယူသွားနိုင် ဖို့အတွက် အကောင်းဆုံး ဆက်လက်ကြိုးစားသွားမှာ ဖြစ်ပြီး အခု Bphone က ပေးအပ်ခဲ့တဲ့ ကူညီထောက်ပံ့မှုတွေက လည်း ဒီလိုစွမ်းဆောင်နိုင်ဖို့ အထောက်အကူဖြစ်စေမှာ အသေအချာပါပဲ” ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးကိုကိုသိန်းမှ ပြောကြားခဲ့ပါတယ်။

အဆိုပါ အခမ်းအနားတွင် Bphone သည် စုစုပေါင်း Bphone 3 Pro စမတ်ဖုန်း အလုံးရေ ၄၀ နှင့် Bphone 3 စမတ်ဖုန်း အလုံးရေ ၄၇ လုံးအား ကစားသမားများထံ ဂုဏ်ပြုပေးအပ်ခဲ့သည့်အပြင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သို့လည်း မြန်မာငွေကျပ် သိန်း ၅၀ အား ထောက်ပံ့ပေးအပ်ခဲ့သည်။ “မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့မှုတွေ ပြုလုပ်သွားဖို့ အမြဲအဆင်သင့်ရှိနေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်တာနဲ့အညီ Bkav နဲ့ Bphone တို့အနေနဲ့ မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာတဲ့ အချိန်ကတည်းကစပြီး နိုင်ငံအတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကို ပေးအပ်ခဲ့ပြီး အခုအချိန်မှာလည်း အောင်မြင်မှုတွေ ရရှိခဲ့တဲ့ နိုင်ငံကိုယ်စားပြု ဘောလုံးအသင်းတွေအတွက် ဆုချီးမြှင့်မှုတွေနဲ့ ကူညီထောက်ပံ့မှုတွေ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနဲ့ အမျိုးသား ယူ-၂၂ ဘောလုံးအသင်းတို့ဟာ ပြီးခဲ့တဲ့ အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) မှာ အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ကြတဲ့အတွက် ဝမ်းမြောက်မိပြီး နောက်လာမယ့် ပြိုင်ပွဲတွေမှာလည်း ဒီထက် ပိုမိုမြင့်မားတဲ့ အောင်မြင်မှုတွေ ရယူသွားနိုင်ဖို့အတွက် အားပေးကူညီပေးသွားမှာ ဖြစ်ပါတယ်” ဟု Bphone စမတ်ဖုန်းများအား ထုတ်လုပ်သည့် Bkav Myanmar ၏ General Director ဖြစ်သူ Mr. Le Quang Hiep မှ ပြောကြားခဲ့ပါတယ်။

Bkav သည် ၎င်း၏ နောက်ဆုံးပေါ် အဆင့်မြင့်စမတ်ဖုန်း အမျိုးအစားများဖြစ်သည့် Bphone 3 Pro နှင့် Bphone 3 တို့အား မြန်မာနိုင်ငံဈေးကွက်တွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ၌ စတင်မိတ်ဆက်ခဲ့ပါတယ်။ Bphone 3 Pro နှင့် Bphone 3 စမတ်ဖုန်းများတွင် ထည့်သွင်းထားသည့် အနီးကပ်ပုံရိပ်များအား အသေးစိတ် ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်သည့် အသိဉာဏ်မြင့်မားသော ကင်မရာ၊ IP68 အဆင့်ရှိ ရေနှင့်ဖုန်ဒဏ် ခံနိုင်စွမ်း၊ အဆင့်မြင့် လုံခြုံရေးစနစ်နှင့် ခိုးယူမှုမှ ကာကွယ်နိုင်သည့် အဆင့်မြင့်နည်းပညာ၊ ဖုန်းမျက်နှာပြင်၏ အောက်ခြေတွင် မျက်နှာပြင် အပြည့်ပါဝင်သည့် အဆင့်မြင့်ဒီဇိုင်းနှင့် အခြားသော အဆင့်မြင့် လုပ်ဆောင်ချက်များသည် အသုံးပြုသူများ၏ ကြိုက်နှစ်သက်အားပေးမှုများအား ရရှိခဲ့ပါတယ်။ Bphone 3 Pro နှင့် Bphone 3 တို့နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များအား လေ့လာလိုပါက https://bphone.com.mm/ နှင့် Facebook.com/BphoneMyanmar တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Bkav ကော်ပိုရေးရှင်း အကြောင်း

Bkav သည် ဗီယက်နမ်နိုင်ငံမှ ထိပ်တန်း နည်းပညာကော်ပိုရေးရှင်း တစ်ခုဖြစ်ပြီး ဆိုက်ဘာလုံခြုံရေး၊ ဆော့ဖ်ဝဲလ်၊ စမတ်ဖုန်းနှင့် စမတ် home အစရှိသည့် စီးပွားရေးဌာနခွဲပေါင်း ၄ ခု အား လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ ဌာန ၄ ခု အနက် စမတ်ဖုန်းထုတ်လုပ်သည့် လုပ်ငန်းခွဲအား Bkav ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် Bkav Electronics မှ ဦးစီးလုပ်ကိုင်လျက်ရှိပါတယ်။

ဗီယက်နမ်နိုင်ငံတွင် Bkav သည် လူသိအများဆုံး ကုန်ပစ္စည်း အမှတ်တံဆိပ် ၁၀ ခု စာရင်းထဲတွင် ပါဝင်လျက် ရှိပြီး အကောင်းမွန်ဆုံးသော ဝန်ဆောင်မှုများအား အသုံးပြုသူများထံပေးအပ်လျက်ရှိပါတယ်။ ထို့အပြင် Bkav သည် Google Chrome, iPhone X ၏ Face ID နှင့် Samsung Galaxy S8 ၏ iris recognition အစရှိသည့်  နာမည်ကျော် ဝန်ဆောင်မှုများ၏ အားနည်းချက်များကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည့် အတွက်လည်း ကမ္ဘာတဝန်းတွင် လူသိများ ထင်ရှားပါတယ်။ နောက်ပြီး နိုင်ငံပေါင်း ၂၃၄ နိုင်ငံကျော်မှ အသုံးပြုသူပေါင်း သန်း ၂၀ ကျော် သည်လည်း Bkav ၏ antivirus နှင့် မိုဘိုင်းလုံခြုံရေး ဆော့ဖ်ဝဲလ်များအား အသုံးပြုလျက်ရှိပါတယ်။

[Zawgyi]

ၿပီးခဲ့သည့္ အႀကိမ္ ၃၀ ေျမာက္ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲ (ဆီးဂိမ္းစ္) တြင္ ေအာင္ျမင္မႈမ်ား ရရွိခဲ့ေသာ ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးေဘာလုံးအသင္းႏွင့္ အမ်ိဳးသား ယူ-၂၂ ေဘာလုံးအသင္းတို႔ အတြက္ ဗီယက္နမ္ႏိုင္ငံမွ ထိပ္တန္းစမတ္ဖုန္း အမွတ္တံဆိပ္ျဖစ္သည့္ Bphone မွ ဂုဏ္ျပဳခ်ီးျမႇင့္ပြဲ အခမ္းအနား တစ္ရပ္အား ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ ၂၅ ရက္ေန႔တြင္ က်င္းပျပဳလုပ္ေပးခဲ့ၿပီး အဆိုပါ အခမ္းအနားတြင္ အသင္း ၂ သင္းလုံးအား Bphone မွ ၎၏ ေနာက္ဆုံးေပၚ စမတ္ဖုန္းမ်ားႏွင့္အတူ ဆုေၾကးေငြမ်ားကိုလည္း ေပးအပ္ခ်ီးျမႇင့္ခဲ့ပါတယ္။

အဆိုပါ ဆုခ်ီးျမႇင့္ပြဲ အခမ္းအနားအား ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္၏ ႐ုံးခ်ဳပ္တြင္ က်င္းပျပဳလုပ္ေပးခဲ့ၿပီး ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္ အေထြေထြ အတြင္းေရးမႉး ျဖစ္သူ ဦးကိုကိုသိန္းႏွင့္ တာဝန္ရွိသူမ်ား၊ Bkav ျမန္မာမွ General Director ျဖစ္သူ Mr. Le Quang Hiep ႏွင့္ တာဝန္ရွိသူမ်ား၊ ျမန္မာ့ လက္ေ႐ြးစင္အမ်ိဳးသမီး ေဘာလုံးအသင္းမွ ကစားသမားမ်ား ျဖစ္ၾကသည့္ ျမတ္ႏိုးခင္၊ ခိုင္မိုးေဝ၊ ရီရီဦး၊ ဂ်ဴလိုင္ေက်ာ္ႏွင့္ ခင္မိုမိုထြန္း၊ ျမန္မာ့ လက္ေ႐ြးစင္ အမ်ိဳးသား ယူ-၂၂ ေဘာလုံးအသင္းမွ ကစားသမားမ်ား ျဖစ္ၾကသည့္ လႈိင္းဘိုဘို၊ ဝင္းႏိုင္ထြန္း၊ ေအာင္ေကာင္းမာန္၊ ေအာင္ႏိုင္ဝင္းႏွင့္ ဆန္းဆက္ႏိုင္တို႔ တက္ေရာက္ခဲ့ၾကပါတယ္။

“ၿပီးခဲ့တဲ့ ဆီးဂိမ္းစ္မွာ ေၾကးတံဆိပ္ေတြ အသီးသီး ဆြတ္ခူးရရွိခဲ့တဲ့ ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီး ေဘာလုံးအသင္းနဲ႔ အမ်ိဳးသား ယူ-၂၂ ေဘာလုံးအသင္းတို႔ကို အခုလို ဂုဏ္ျပဳခ်ီးျမႇင့္ခဲ့တဲ့ အတြက္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္နဲ႔ ေဘာလုံးအသင္း ၂ သင္းလုံးကိုယ္စား Bphone ကုမၸဏီကို ေက်းဇူးတင္ရွိေၾကာင္း ေျပာၾကားလိုပါတယ္။ ၿပီးခဲ့တဲ့ ၿပိဳင္ပြဲဟာ ၂ သင္းစလုံးအတြက္ ခက္ခဲတဲ့ ၿပိဳင္ပြဲတစ္ရပ္ ျဖစ္ခဲ့ေပမဲ့ လက္ေ႐ြးစင္ ၂ သင္းလုံးအေနနဲ႔ ၿပိဳင္ပြဲတစ္ေလွ်ာက္လုံး ပုံစံေကာင္းျပသႏိုင္ခဲ့တဲ့အတြက္လည္း ဝမ္းေျမာက္ဂုဏ္ယူမိပါတယ္။ ကြၽန္ေတာ္တို႔ အေနနဲ႔ လာမယ့္ၿပိဳင္ပြဲေတြမွာ ပိုမိုေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ကို ျပသႏိုင္ဖို႔နဲ႔ ပိုမိုျမင့္မားတဲ့ ေအာင္ျမင္မႈေတြကို ရယူသြားႏိုင္ ဖို႔အတြက္ အေကာင္းဆုံး ဆက္လက္ႀကိဳးစားသြားမွာ ျဖစ္ၿပီး အခု Bphone က ေပးအပ္ခဲ့တဲ့ ကူညီေထာက္ပံ့မႈေတြက လည္း ဒီလိုစြမ္းေဆာင္ႏိုင္ဖို႔ အေထာက္အကူျဖစ္ေစမွာ အေသအခ်ာပါပဲ” ဟု ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္ အေထြေထြ အတြင္းေရးမႉးျဖစ္သူ ဦးကိုကိုသိန္းမွ ေျပာၾကားခဲ့ပါတယ္။

အဆိုပါ အခမ္းအနားတြင္ Bphone သည္ စုစုေပါင္း Bphone 3 Pro စမတ္ဖုန္း အလုံးေရ ၄၀ ႏွင့္ Bphone 3 စမတ္ဖုန္း အလုံးေရ ၄၇ လုံးအား ကစားသမားမ်ားထံ ဂုဏ္ျပဳေပးအပ္ခဲ့သည့္အျပင္ ျမန္မာႏိုင္ငံ ေဘာလုံးအဖြဲ႕ခ်ဳပ္သို႔လည္း ျမန္မာေငြက်ပ္ သိန္း ၅၀ အား ေထာက္ပံ့ေပးအပ္ခဲ့သည္။ “ျမန္မာႏိုင္ငံအတြက္ ကူညီေထာက္ပံ့မႈေတြ ျပဳလုပ္သြားဖို႔ အၿမဲအဆင္သင့္ရွိေနတဲ့ ကုမၸဏီတစ္ခု ျဖစ္တာနဲ႔အညီ Bkav နဲ႔ Bphone တို႔အေနနဲ႔ ျမန္မာႏိုင္ငံကို စတင္ဝင္ေရာက္လာတဲ့ အခ်ိန္ကတည္းကစၿပီး ႏိုင္ငံအတြက္ လိုအပ္တဲ့ ကူညီေထာက္ပံ့မႈေတြကို ေပးအပ္ခဲ့ၿပီး အခုအခ်ိန္မွာလည္း ေအာင္ျမင္မႈေတြ ရရွိခဲ့တဲ့ ႏိုင္ငံကိုယ္စားျပဳ ေဘာလုံးအသင္းေတြအတြက္ ဆုခ်ီးျမႇင့္မႈေတြနဲ႔ ကူညီေထာက္ပံ့မႈေတြ ေပးအပ္ခဲ့တာ ျဖစ္ပါတယ္။ ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသမီးေဘာလုံးအသင္းနဲ႔ အမ်ိဳးသား ယူ-၂၂ ေဘာလုံးအသင္းတို႔ဟာ ၿပီးခဲ့တဲ့ အႀကိမ္ ၃၀ ေျမာက္ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲ (ဆီးဂိမ္းစ္) မွာ အေကာင္းဆုံးယွဥ္ၿပိဳင္ကစားခဲ့ၾကတဲ့အတြက္ ဝမ္းေျမာက္မိၿပီး ေနာက္လာမယ့္ ၿပိဳင္ပြဲေတြမွာလည္း ဒီထက္ ပိုမိုျမင့္မားတဲ့ ေအာင္ျမင္မႈေတြ ရယူသြားႏိုင္ဖို႔အတြက္ အားေပးကူညီေပးသြားမွာ ျဖစ္ပါတယ္” ဟု Bphone စမတ္ဖုန္းမ်ားအား ထုတ္လုပ္သည့္ Bkav Myanmar ၏ General Director ျဖစ္သူ Mr. Le Quang Hiep မွ ေျပာၾကားခဲ့ပါတယ္။

Bkav သည္ ၎၏ ေနာက္ဆုံးေပၚ အဆင့္ျမင့္စမတ္ဖုန္း အမ်ိဳးအစားမ်ားျဖစ္သည့္ Bphone 3 Pro ႏွင့္ Bphone 3 တို႔အား ျမန္မာႏိုင္ငံေဈးကြက္တြင္ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ၌ စတင္မိတ္ဆက္ခဲ့ပါတယ္။ Bphone 3 Pro ႏွင့္ Bphone 3 စမတ္ဖုန္းမ်ားတြင္ ထည့္သြင္းထားသည့္ အနီးကပ္ပုံရိပ္မ်ားအား အေသးစိတ္ ၾကည္လင္ျပတ္သားစြာ ႐ိုက္ကူးႏိုင္သည့္ အသိဉာဏ္ျမင့္မားေသာ ကင္မရာ၊ IP68 အဆင့္ရွိ ေရႏွင့္ဖုန္ဒဏ္ ခံႏိုင္စြမ္း၊ အဆင့္ျမင့္ လုံၿခဳံေရးစနစ္ႏွင့္ ခိုးယူမႈမွ ကာကြယ္ႏိုင္သည့္ အဆင့္ျမင့္နည္းပညာ၊ ဖုန္းမ်က္ႏွာျပင္၏ ေအာက္ေျခတြင္ မ်က္ႏွာျပင္ အျပည့္ပါဝင္သည့္ အဆင့္ျမင့္ဒီဇိုင္းႏွင့္ အျခားေသာ အဆင့္ျမင့္ လုပ္ေဆာင္ခ်က္မ်ားသည္ အသုံးျပဳသူမ်ား၏ ႀကိဳက္ႏွစ္သက္အားေပးမႈမ်ားအား ရရွိခဲ့ပါတယ္။ Bphone 3 Pro ႏွင့္ Bphone 3 တို႔ႏွင့္ပတ္သက္သည့္ အေသးစိတ္ အခ်က္အလက္မ်ားအား ေလ့လာလိုပါက https://bphone.com.mm/ ႏွင့္ Facebook.com/BphoneMyanmar တို႔တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္မွာျဖစ္ပါတယ္။

Bkav ေကာ္ပိုေရးရွင္း အေၾကာင္း

Bkav သည္ ဗီယက္နမ္ႏိုင္ငံမွ ထိပ္တန္း နည္းပညာေကာ္ပိုေရးရွင္း တစ္ခုျဖစ္ၿပီး ဆိုက္ဘာလုံၿခဳံေရး၊ ေဆာ့ဖ္ဝဲလ္၊ စမတ္ဖုန္းႏွင့္ စမတ္ home အစရွိသည့္ စီးပြားေရးဌာနခြဲေပါင္း ၄ ခု အား လုပ္ကိုင္ေဆာင္႐ြက္လ်က္ရွိပါတယ္။ အဆိုပါ ဌာန ၄ ခု အနက္ စမတ္ဖုန္းထုတ္လုပ္သည့္ လုပ္ငန္းခြဲအား Bkav ၏ ကုမၸဏီခြဲတစ္ခုျဖစ္သည့္ Bkav Electronics မွ ဦးစီးလုပ္ကိုင္လ်က္ရွိပါတယ္။

ဗီယက္နမ္ႏိုင္ငံတြင္ Bkav သည္ လူသိအမ်ားဆုံး ကုန္ပစၥည္း အမွတ္တံဆိပ္ ၁၀ ခု စာရင္းထဲတြင္ ပါဝင္လ်က္ ရွိၿပီး အေကာင္းမြန္ဆုံးေသာ ဝန္ေဆာင္မႈမ်ားအား အသုံးျပဳသူမ်ားထံေပးအပ္လ်က္ရွိပါတယ္။ ထို႔အျပင္ Bkav သည္ Google Chrome, iPhone X ၏ Face ID ႏွင့္ Samsung Galaxy S8 ၏ iris recognition အစရွိသည့္  နာမည္ေက်ာ္ ဝန္ေဆာင္မႈမ်ား၏ အားနည္းခ်က္မ်ားကို ရွာေဖြေဖာ္ထုတ္ႏိုင္ခဲ့သည့္ အတြက္လည္း ကမာၻတဝန္းတြင္ လူသိမ်ား ထင္ရွားပါတယ္။ ေနာက္ၿပီး ႏိုင္ငံေပါင္း ၂၃၄ ႏိုင္ငံေက်ာ္မွ အသုံးျပဳသူေပါင္း သန္း ၂၀ ေက်ာ္ သည္လည္း Bkav ၏ antivirus ႏွင့္ မိုဘိုင္းလုံၿခဳံေရး ေဆာ့ဖ္ဝဲလ္မ်ားအား အသုံးျပဳလ်က္ရွိပါတယ္။