ပရီးမီးယားလိဂ် နာမည်ကြီး အသင်းဖြစ်တဲ့ မန်ယူအသင်းရဲ့ အဓိက ညာနောက်ခံလူ ဖြစ်တဲ့ ဝမ်ဘစ္စကာ ကတော့ သူ့ရဲ့ လက်ရွေးစင် အသင်းအဖြစ် အင်္ဂလန်အသင်းအစား ကွန်ဂိုအသင်းကိုသာ ရွေးချယ်ဖွယ် ရှိကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရှိ ရပါတယ်။ အသက် ၂၂ နှစ်အရွယ် ညာနောက်ခံလူ ဖြစ်တဲ့ ဘစ္စကာဟာ ၂၀၁၉ ခုနှစ်မှာ မန်ယူအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၅၅သန်းနဲ့ ပြောင်းရွှေ့လာသူ တစ်ဦးဖြစ်ပြီး အသင်းကို ရောက်ရှိစဉ်ကတည်းက အသင်းရဲ့ နံပါတ််တစ် ညာနောက်ခံလူ အဖြစ် နေရာယူထားနိုင်သူလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

ဘစ္စကာဟာ သူ့ရဲ့ လျင်မြန်တိကျတဲ့ လျှောထိုး ဖျက်ထုတ်မှုတွေကြောင့် နာမည်ကြီးသူ တစ်ဦးဖြစ်ပြီး တိုက်စစ် လိုက်ပါမှုအပိုင်းမှာ အားနည်းပေမယ့် သူ့ရဲ့ ခံစစ်စွမ်းဆောင်ရည် ကတော့ ထိပ်တန်းအဆင့်မှာ ရှိပါတယ်။ ဒါ့ကြောင့် ဘစ္စကာဟာ အင်္ဂလန် လက်ရွေးစင် အသင်းအတွက် အားထားရမယ့် ညာနောက်ခံလူ ဖြစ်လာလိမ့်မယ် လို့ ထင်ကြေးပေးမှုတွေ ရှိနေခဲ့ပေမယ့် တကယ်တမ်းမှာတော့ ဘစ္စကာဟာ အင်္ဂလန် လက်ရွေးစင် အသင်းအတွက် တစ်ကြိမ်တစ်ခါမှ ရွေးချယ်ခံရခြင်း မရှိပါဘူး။ ဒါ့ကြောင့်ပဲ ဘစ္စကာဟာ အင်္ဂလန် လက်ရွေးစင်အသင်း အတွက် ကစားပေးမယ့် စိတ်ကူးကို စွန့်လွှတ်ကာ ကွန်ဂိုလက်ရွေးစင်အသင်း အတွက်သာ ကစားပေးဖို့ ဆုံးဖြတ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit: Mirror

ဘစ္စကာဟာ ယူ ၂၀ အသင်းအတွက် ကစားပေးတဲ့ အချိန်မှာ အင်္ဂလန် ယူ-၂ဝအသင်း အတွက် ကစားပေးခဲ့ပေမယ့် အင်္ဂလန် လက်ရွေးစင် အသင်းကြီးမှာ မကစားရသေးတာကြောင့် သူ့အနေနဲ့ ကွန်ဂိုအသင်းကို လက်ရွေးစင်အသင်း အဖြစ် ရွေးချယ်လို့ ရနေပြီး ကွန်ဂို ဘောလုံးအဖွဲ့ချုပ် ကတော့ ဘစ္စကာကို သူတို့အသင်းရဲ့ လက်ရွေးစင် ကစားသမား တစ်ဦး ဖြစ်လာဖို့ စည်းရုံးမှုတွေ ပြုလုပ်နေပါတယ်။ အဆိုပါသတင်းတွေ ထွက်ပေါ်လာတဲ့ အချိန်မှာပဲ ဘစ္စကာက သူ့ရဲ့ အင်စတာဂရမ် အကောင့်မှာ ကွန်ဂိုနိုင်ငံရဲ့ အလံကို ရွေးတင်ခဲ့တာကြောင့် ဘစ္စကာဟာ ကွန်ဂိုလက်ရွေးစင် အသင်းကို ရွေးချယ်လိုက်ပြီလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ အင်္ဂလန် အသင်းရဲ့ ပရိသတ်တချို့ ကတော့ ဘစ္စကာကို လက်ရွေးစင်အသင်း အတွက် မရွေးခဲ့တဲ့ အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ နည်းပြ ဆောက်ဂိတ်ကို ဝေဖန်မှုတွေ ပြုလုပ်နေပါတယ်။