ရီးရဲလ်ဘက်တစ်အသင်းရဲ့နည်းပြဟောင်း ဆယ်တီယန်ကတော့ ဘယ်သူမှ ထင်မှတ်ထားခြင်းမရှိပဲနဲဲ့ ဘာစီလိုနာနည်းပြသစ်ရာထူးကို လက်ခံရယူကာ အခုဆိုရင်တော့ ပြိုင်ပွဲစုံပွဲပေါင်း၂ပွဲကို အနိုင်ရယူခဲ့ပါတယ်။ ဒါပေမယ့် ဆယ်တီယန် အနိုင်ရခဲဲ့တဲ့ပွဲတွေမှာ ဂရန်နာဒါနဲ့ အီဘီဇာတို့လို အသင်းတွေကို အနိုင်ရယူခဲဲ့တာဖြစ်သလို ၂ပွဲလုံးမှာလည်း ဘာစီလိုနာအသင်းက ဂိုးပြတ်နိုင်ခဲ့ခြင်းမရှိပဲနဲ့ ကျဉ်းမြောင်းတဲ့ရလဒ်တွေနဲ့သာ ကပ်နိုင်ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာအသင်းက ဒီတစ်ပတ် စနေနေ့ညမှာတော့ ဗလင်စီယာအသင်းနဲ့ လာလီဂါပွဲကျပ်တစ်ပွဲကို ရင်ဆိုင်ရတော့မှာဖြစ်လို့ ဒီပွဲက ဆယ်တီယန်ရဲ့အကြီးမားဆုံး အစမ်းသပ်ခံပွဲ ဖြစ်လာမှာပါ။
Photo Credit : Sportskeeda
ဘာစီလိုနာအသင်းဟာ လက်ရှိဘောလုံးရာသီမှာ လာလီဂါပွဲပေါင်း၂၀ ယှဉ်ပြိုင်ကစားထားခဲ့ပြီးတော့ ရမှတ်၄၃မှတ်ပိုင်ဆိုင်ထားခဲ့ကာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ရာသီဝက်အထိ အမှတ်ပေးဇယားထိပ်မှာ ရမှတ်တူအနေအထားဖြင့် ပူးတွဲရပ်တည်နေတဲ့အချိန်မှာ ဘယ်အသင်းကမှ အမှားခံလို့မရပဲဲ ဒီတစ်ပတ်မှာလည်း နှစ်သင်းလုံးက အဝေးကွင်းပွဲကျပ်တွေ ရင်ဆိုင်ရမှာဖြစ်တာကြောင့် သတိထားရမယ့် ရက်သတ္တပတ်ဖြစ်နေသလို ဗလင်စီယာလို အသင်းမျိုးနဲဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမယ့် ဘာစီလိုနာအတွက် ပိုလို့တောင် ခက်ခဲနိုင်ဖွယ်ရှိနေပါတယ်။
Photo Credit : Mundo Deportivo
ဘာစီလိုနာအသင်းက မက်စ်တဲလားကွင်းမှာ အိမ်ရှင်ဗလင်စီယာနဲဲ့ ရင်ဆိုင်ကစားရတိုင်းလိုလိုမှာ နိုင်ပွဲရဖို့အတွက် အတော်လေး ရုန်းကန်ခဲဲ့ရသလို နောက်ဆုံးနှစ်ရာသီအတွင်းမှာ အိမ်ရှင်အသင်းကို လုံးဝအနိုင်မယူနိုင်ခဲ့ပါဘူး။ ဗလင်စီယာအသင်းက လက်ရှိမှာ ရလဒ်အကောင်းဆုံးအနေအထား ရှိမနေနိုင်ပေမယ့်လည်း အိမ်ကွင်းမှာတော့ ရှံးပွဲဲလုံးဝမရှိသေးပဲ ၅ပွဲနိုင် ၅ပွဲသရေကျထားခဲ့လို့ ဒီပွဲဲက ဆယ်တီယန်အတွက်သာမကပဲ အိမ်ကွင်းမာကျောလှတဲ့ ဗလင်စီယာအတွက်လည်း အစမ်းသပ်ခံရမယ့်ပွဲ ဖြစ်လာနိုင်ပါတယ်။ ဆယ်တီယန်ကတော့ သူရဲ့ဘာစီလိုနာအသင်းကို သူကိုင်တွယ်ခဲဲ့တဲ့ ပွဲစဉ်၂ပွဲအတွင်းမှာ ဘောလုံးပေးပို့မှုတွေ ဘောလုံးပိုင်ဆိုင်မှုတွေ အကြိမ်ရေမြောက်များစွာဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်ူ အဆုံးသတ်အားနည်းတာ အခွင့်အရေးတွေမရတာတို့ကြောင့် နှစ်ပွဲလုံးမှာ နိုင်ရုံလောက်ပဲ နိုင်ခဲ့ရတာဖြစ်ပါတယ်။ အခုတော့ ဒီရာသီ လာလီဂါပြိုင်ပွဲရဲဲ့ အိမ်ကွင်းပွဲစဉ်မှာ လုံးဝကို မရှံးထားသေးတဲ့ အသင်းမျိုးနဲ့ ထိပ်တိုက်ကြုံရချိန်မှာ ဆယ်တီယန်အနေနဲဲ့ သူ့အသင်းအတွက် ဘယ်လိုနည်းဗျူဟာပြင်ဆင်ထားမလဲဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရမှာပါ။
(Zawgyi)
ဘာစီလိုနာ နည်းပြသစ်ဆယ်တီယန်အတွက် အစမ်းသပ်ခံရမယ့် ဗလင်စီယာနဲ့ လာလီဂါပွဲစဉ်
ဘာစီလိုနာအသင်းက မက်စ်တဲလားကွင်းမှာ အိမ်ရှင်ဗလင်စီယာနဲ့ ရင်ဆိုင်ကစားရတိုင်းလိုလိုမှာ နိုင်ပွဲရဖို့အတွက် အတော်လေး ရုန်းကန်ခဲ့ရသလို နောက်ဆုံးနှစ်ရာသီအတွင်းမှာ အိမ်ရှင်အသင်းကို လုံးဝအနိုင်မယူနိုင်ခဲ့ပါဘူး။ ဗလင်စီယာအသင်းက လက်ရှိမှာ ရလဒ်အကောင်းဆုံးအနေအထား ရှိမနေနိုင်ပေမယ့်လည်း အိမ်ကွင်းမှာတော့ ရှံးပွဲလုံးဝမရှိသေးပဲ ၅ပွဲနိုင် ၅ပွဲသရေကျထားခဲ့လို့ ဒီပွဲက ဆယ်တီယန်အတွက်သာမကပဲ အိမ်ကွင်းမာကျောလှတဲ့ ဗလင်စီယာအတွက်လည်း အစမ်းသပ်ခံရမယ့်ပွဲ ဖြစ်လာနိုင်ပါတယ်။ ဆယ်တီယန်ကတော့ သူရဲ့ဘာစီလိုနာအသင်းကို သူကိုင်တွယ်ခဲ့တဲ့ ပွဲစဉ်၂ပွဲအတွင်းမှာ ဘောလုံးပေးပို့မှုတွေ ဘောလုံးပိုင်ဆိုင်မှုတွေ အကြိမ်ရေမြောက်များစွာဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်ူ အဆုံးသတ်အားနည်းတာ အခွင့်အရေးတွေမရတာတို့ကြောင့် နှစ်ပွဲလုံးမှာ နိုင်ရုံလောက်ပဲ နိုင်ခဲ့ရတာဖြစ်ပါတယ်။ အခုတော့ ဒီရာသီ လာလီဂါပြိုင်ပွဲရဲ့ အိမ်ကွင်းပွဲစဉ်မှာ လုံးဝကို မရှံးထားသေးတဲ့ အသင်းမျိုးနဲ့ ထိပ်တိုက်ကြုံရချိန်မှာ ဆယ်တီယန်အနေနဲ့ သူ့အသင်းအတွက် ဘယ်လိုနည်းဗျူဟာပြင်ဆင်ထားမလဲဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရမှာပါ။