စပိန္လာလီဂါရဲ့ ထိပ္သီးအသင္းျဖစ္တဲ့ အက္သလက္တီကိုမက္ဒရစ္အသင္းကေတာ့ သူတို႔အသင္းရဲ့ ေတာင္ပံကစားသမားျဖစ္တဲ့ ေသာမက္စ္လီမာကို အာဆင္နယ္အသင္းထံ ေရာင္းခ်ဖို႔အတြက္ ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။

ယူနိုက္တက္အသင္းဟာ ေနာဝွစ္ခ်္အသင္းနဲ႔အတူ လက္ရွိရာသီမွာ ေတာက္ပေနတဲ့ လူငယ္ ကြင္းလယ္ကစားသမား ကန႔္ဝဲလ္ကို အသင္းရဲ့ အေျပာင္းအေရႊ႕ပစ္မွတ္စာရင္းထဲ ထည့္သြင္းထားခဲ့ပါတယ္။

Photo Credit: Metro.com

လစ္ဇက္အသင္းရဲ့ တိုက္စစ္မွူးျဖစ္တဲ့ တီမိုဝါနာကို လန္ဒန္အေျခစိုက္ အင္အားႀကီး အသင္းတစ္သင္းျဖစ္တဲ့ ခ်ယ္လ္ဆီးအသင္းက ေခၚယူဖို႔အတြက္ ခ်ိတ္ဆက္မွုေတြ ျပဳလုပ္ခဲ့တယ္လို႔ ဂ်ာမဏီအေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားခဲ့ပါတယ္။

အင္တာမီလန္အသင္းဟာ ဘာစီလိုနာရဲ့ ကြင္းလယ္ကစားသမားတစ္ဦးျဖစ္တဲ့ ဗီဒယ္ကို ေခၚယူဖို႔အတြက္ အရွိန္ျမႇင့္ကာ ႀကိဳးပမ္းလာခဲ့ၿပီး ဘာစီလိုနာအသင္းကေတာ့ ဗီဒယ္ကို ဇန္နဝါရီကာလမွာ မေရာင္းခ်ခ်င္ဘူးလို႔ သိရွိထားရပါတယ္။

Photo Credit: Metro.com

ဂ်ဴဗင္တပ္အသင္းကေတာ့ အတၱလန္တာအသင္းကေန ပါးမားအသင္းထံကို အငွားနဲ႔ သြားေရာက္ကစားရင္းကေန ေျခစြမ္းျပေနတဲ့ ဆြီဒင္ကြင္းလယ္လူ ကူလက္ဗ္စကီကို အၿပီးသတ္ ေခၚယူနိုင္ခဲ့ၿပီလို႔ သိရွိရပါတယ္။

စပိန်လာလီဂါရဲ့ ထိပ်သီးအသင်းဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းကတော့ သူတို့အသင်းရဲ့ တောင်ပံကစားသမားဖြစ်တဲ့ သောမက်စ်လီမာကို အာဆင်နယ်အသင်းထံ ရောင်းချဖို့အတွက် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဟာ နောဝှစ်ချ်အသင်းနဲ့အတူ လက်ရှိရာသီမှာ တောက်ပနေတဲ့ လူငယ် ကွင်းလယ်ကစားသမား ကန့်ဝဲလ်ကို အသင်းရဲ့ အပြောင်းအရွှေ့ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားခဲ့ပါတယ်။

Photo Credit: Metro.com

လစ်ဇက်အသင်းရဲ့ တိုက်စစ်မှူးဖြစ်တဲ့ တီမိုဝါနာကို လန်ဒန်အခြေစိုက် အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းက ခေါ်ယူဖို့အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဂျာမဏီအခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ပါတယ်။

အင်တာမီလန်အသင်းဟာ ဘာစီလိုနာရဲ့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဗီဒယ်ကို ခေါ်ယူဖို့အတွက် အရှိန်မြှင့်ကာ ကြိုးပမ်းလာခဲ့ပြီး ဘာစီလိုနာအသင်းကတော့ ဗီဒယ်ကို ဇန်နဝါရီကာလမှာ မရောင်းချချင်ဘူးလို့ သိရှိထားရပါတယ်။

Photo Credit: Metro.com

ဂျူဗင်တပ်အသင်းကတော့ အတ္တလန်တာအသင်းကနေ ပါးမားအသင်းထံကို အငှားနဲ့ သွားရောက်ကစားရင်းကနေ ခြေစွမ်းပြနေတဲ့ ဆွီဒင်ကွင်းလယ်လူ ကူလက်ဗ်စကီကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။