MySport Myanmar

ဒီရာသီမှာ ဗင်နီစီယပ်စ်က ဆာလာထက်ကို ပိုကောင်းတယ်လို့ ရီးယဲလ်ပရိသတ်များ သတ်မှတ်

လီဗန်တေးအသင်းကို (၆)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် ဟက်ထရစ်သွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု (၁)ကြိမ်ပါ ပြုလုပ်နိုင်ခဲ့တဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမားလေး ဗင်နီစီယပ်စ်ဂျူနီယာဟာ ဒီနှစ်ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား မိုဟာမက်ဆာလာထက်ကို ပိုမိုကောင်းမွန်တယ်လို့ ရီးယဲလ်ပရိသတ်တွေက မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Managing Madrid

အသက်(၂၁)နှစ်အရွှ့ယ်သာ ရှိနေသေးတဲ့ ဘရာဇီးလ်လက်ရွေးစင် တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ဟာ ဒီရာသီမှာ ရီးယဲလ်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြလို့နေပြီး လာလီဂါသွင်းဂိုး (၁၇)ဂိုး သွင်းယူထားသလို (၁၀)ဂိုးအထိ ဖန်တီးထားပေးနိုင်ခဲ့ပါတယ်။ အသင်းနဲ့အတူ စပိန်လာလီဂါ ချန်ပီယံဆုကို ဆွတ်ခူးထားခဲ့တဲ့ ဗင်နီစီယပ်စ်ဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိပါ တတ်လှမ်းထားနိုင်ခဲ့တာဖြစ်လို့ သူရဲ့ ကစားသမားဘဝအတွင်း အကြီးမားဆုံး ဆုဖလား အောင်မြင်မှုအထိ ရယူနိုင်ဖို့ လက်တစ်ကမ်းအကွာသာ ရှိနေတော့သလို အသင်းပရိသတ်တွေကလည်း ဗင်နီစီယပ်စ်က လီဗာပူးလ်ရဲ့ မိုဆာလာထက်ကို ပိုမိုသာလွန်နေတယ်လို့ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။

Photo Credit : Sportskeeda

ဗင်နီစီယပ်စ်ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး ရီးယဲလ်ပရိသတ်များက “ဗင်နီစီယပ်စ်ဂျူနီယာက ဘာလွန်းဒေါဆုပေးပွဲမှာ top 5 အတွင်း ဝင်သင့်ပါတယ်။ ဒါ သံသယဝင်စရာ မရှိပါဘူး” “အမှတ်ပေးလိဂ်ဖလားကို ရယူနိုင်ခြင်းထက် ကားလို့အန်စလော့တီက ဗင်နီစီယပ်စ်ကို ဒီရာသီအတွင်း ပိုမိုကောင်းမွန်လာတဲ့ ကစားသမား ဖြစ်လာအောင် လုပ်ပေးနိုင်ခဲ့တာက ပိုပြီး အထင်ကြီးစရာကောင်းပါတယ်” “ဘာလွန်းဒေါရဲ့ အဆင့်သတ်မှတ်ချက်မှာ ဆာလာ ဒါမှမဟုတ် မာနေးတို့က ဘာကြောင့် ဗင်နီစီယပ်စ်ရဲ့ အထက်မှာ ရှိနေသင့်ရတာလဲဆိုတာကို ပြောပြစမ်းပါ” “ဘန်ဇီမာက ဘာလွန်းဒေါဆုအတွက် သူရဲ့အသင်းဖော်တွေဖြစ်တဲ့ ဗင်နီစီယပ်စ် မိုဒရစ်တို့နဲ့သာ ယှဉ်ပြိုင်ရပါလိမ့်မယ်။ မာနေး ဆာလာတို့က မဖြစ်နိုင်ပါဘူး” “ဗင်နီစီယပ်စ်ကတော့ တစ်ကမ္ဘာလုံးနဲ့ ဆန့်ကျင့်ပြီး ဘာလွန်းဒေါဆုအတွက် ထိုက်တန်မှုရှိတဲ့ ခြေစွမ်းတွေကို ဒီရာသီမှာ ထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်” လို့ ရေးသားမှတ်ချက်ပြုထားခဲ့ပါတယ်။ ဖလာမင်ဂို ကစားသမားဟောင်း ဗင်နီစီယပ်စ်ဟာ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီကနေ စတင်ပြီး ရီးယဲလ်အသင်းအတွက် စတင်ပါဝင်ကစားခဲ့ရာ အသင်းနဲ့အတူ လာလီဂါဆုဖလား(၂)ကြိမ် စပိန်စူပါဖလား(၂)ကြိမ် ဖီမာကလပ်ကမ္ဘာ့ဖလား (၁)ကြိမ် ရယူနိုင်ခဲ့ပြီး ပွဲပေါင်း (၁၆၈)ပွဲမှာ (၃၆)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

Exit mobile version