လာမယ့် နိုဝင်ဘာလ ကာတာနိုင်ငံမှာ ပြုလုပ်ကျင်းပသွားမယ့် ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဝင်ရောက်ဆင်နွဲဖို့အတွက် အသင်းတွေ အားလုံးနီးပါးလောက်ကို အဖြေပေါ်ထားခဲ့ပြီဖြစ်သလို တချို့အသင်းတွေနဲ့ ကစားသမားတွေကတော့ ကံဆိုးစွာနဲ့ပဲ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။ ဒီလို လွဲချော်ခဲ့ရတဲ့ ကစားသမားတွေထဲမှာ တကယ့်ကို ထိပ်တန်းကစားသမားတွေလည်း ရှိနေတာကြောင့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ကြသူများထဲကမှ နေရာအလိုက် အကောင်းဆုံး ကစားသမား (၁၁)ဦး ဒါမှမဟုတ် အကောင်းဆုံးအသင်းအဖြစ် ရွေးချယ်သွားချင်ပါတယ်။

Salah failed to guide Egypt to back-to-back World Cup finals

Photo Credit : The Sun

ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာ ဘောလုံးသမားတိုင်း ဝင်ရောက်ဆင်နွဲဖို့ စိတ်ကူးအိမ်မက်ထားရတဲ့ ပြိုင်ပွဲကြီးတစ်ခုဖြစ်သလို ကိုယ်ရဲ့အမိနိုင်ငံကို ကိုယ်စားပြု ယှဉ်ပြိုင်ရခြင်းက ကစားသမားတိုင်းရဲ့ အိမ်မက်ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းက ခြေစစ်ပွဲ အောင်မြင်ခဲ့တာတောင် ဒဏ်ရာပြသာနာကြောင့် ပြိုင်ပွဲနဲ့ လွဲချော်ရတာတို့ ကိုယ်က ဒဏ်ရာကင်းစင်ပြီး ကမ္ဘာ့ဖလားမတိုင်ခင် ဘောလုံးရာသီမှာ အတော်လေး တောက်ပထားနိုင်တာတောင် ကိုယ်ရဲ့လက်ရွေးစင်အသင်းက ခြေစစ်ပွဲ မအောင်မြင်တာတွေကြောင့်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ရတတ်လေ့ ရှိပါတယ်။ အခု ၂၀၂၂ခုနှစ်အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲလည်း ဒီလိုလွဲချော်မှုကြီးတွေ အမြောက်အများကို ရှိနေရတာကြောင့် ဒီထဲကမှ ကစားသမား(၁၁)ယောက်ကို အသင်းတစ်သင်းစာ ပုံစံမျိုးနဲ့ ဖော်ပြသွားချင်ပါတယ်။

A best XI of players NOT going to the World Cup

Photo Credit : The Sun

ဂိုး – အိုဘလက်ခ်(ဆလိုဗေးနီးယား)

ခံစစ် – စပင်နာဇိုလာ(အီတလီ) ချီလီနီ(အီတလီ) လင်ဒီလော့(ဆွီဒင်)

ကွင်းလယ် – ဂျော်ဂျင်ဟို(အီတလီ) ဘစ်ဆူးမား(မာလီ) အိုဒီဂတ်(နော်ဝေ)

တောင်ပံ – လူးဝစ်ဒီယက်ဇ်(ကိုလံဘီယာ) မာရက်ဇ်(အယ်လ်ဂျီးရီးယား)

တိုက်စစ် – ဆာလာ(အီဂျစ်) ဟာလန်း(နော်ဝေ)

ဒီကစားသမား(၁၁)ယောက်ထဲမှာ မပါဝင်ဖြစ်ခဲ့တဲ့ တချို့ထိပ်တန်း ကစားသမားတွေလည်း ရှိနေသေးပြီး ဒီကစားသမားတွေလည်း သူတို့ရဲ့ သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ခဲ့ရတဲ့အတွက် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ ပြီးခဲ့တဲ့ ယူရို-၂၀၂ဝမှာ ချန်ပီယံ ဖြစ်ခဲ့ရတဲ့ အီတလီက ပလေးအော့အဆင့်မှာ မက်ဆီဒိုးနီးယားအသင်းကို အရေးနိမ့်လို့ ၂၀၁၈ ကမ္ဘာ့ဖလားရော ၂၀၂၂ ကမ္ဘာ့ဖလားကိုပါ (၂)ကြိမ်ဆက်တိုက်အထိ လွဲခောျ်ခဲ့ရခြင်းဟာ ကမ္ဘာအရပ်ရပ်က အီတလီပရိသတ်တွေအတွက် အတော်လေး စိတ်ထိခိုက်စရာ ဖြစ်ခဲ့ရသလို ဒီရာသီမှာ ကလပ်အသင်းတွေအတွက် ခြေစွမ်းပြနေကြတဲ့ ဆာလာ ဟာလန်း မာရက်ဇ် ဒီယက်ဇ်နဲ့ အိုဒီဂတ်တို့ဟာလည်း နောက်ကမ္ဘာ့ဖလားပြိုင်ပွဲမှသာ ဝင်ရောက်ဆင်နွဲသွားရတော့မှာဖြစ်ပါတယ်။