လက်ရှိအချိန်ဟာတော့ ဥရောပဘောလုံး ရေချိန်ရဲ့ အရှိန်အမြင့်ဆုံး ၊ အပြင်းထန်ဆုံးနဲ့ အကောင်းဆုံး အခိုက်အတန့်တစ်ခုလို့ ပြောရင် မှားမယ် မထင်ပါဘူး။ အသင်းတိုင်းဟာ ယခု အချိန်မှာ သူတို့တွေရဲ့ ရည်မှန်းချက်တွေ ပြည့်ဝဖို့ အကြိတ်အနယ် ကြိုးပမ်းနေကြရပြီး ဒီတစ်ခါမှာတော့ ကျွန်တော်က ဥရောပ ထိပ်သီးလိဂ် ၅ခုမှာ ဂိုးသွင်းအများဆုံး ဆယ်ကျော်သက် ကစားသမားသုံးဦးကို ဖော်ပြပေးသွားမှာပါ။

Photo Credit: Metro.com

၃။ ကူလဗ်စကီ ( ပါးမား )

ပြီးခဲ့တဲ့ ရာသီဝက်မှာ ပါးမားအသင်းနဲ့အတူ ကောင်းမွန်တဲ့ခြေစွမ်းတွေကို ပြသနိုင်ခဲ့တာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ဂျူဗင်တပ် အသင်းရဲ့ ခေါ်ယူခြင်းကို ခံခဲ့ရပြီး ပါးမားထံမှာပဲ အငှားနဲ့လာရောက်ကစားနေတဲ့ ကူလဗ်စကီဟာ လက်ရှိစီးရီးအေပြိုင်ပွဲရဲ့ အကောင်းဆုံး ဆယ်ကျော်သက်ကစားသမားပါ။ သူဟာ လက်ရှိရာသီမှာ ပါးမားအသင်းနဲ့အတူ စီးရီးအေ သွင်းဂိုး ၅ဂိုး ရရှိထားသူလည်း ဖြစ်ပါတယ်။

Photo Credit: Metro.com

၂။ ဟာလန်း ( ဒေါ့မွန် )

ဒေါ့မွန်အသင်းကို ဇန်နဝါရီအပြောင်းအရွှေ့ကမှ ပြောင်းရွှေ့လာခဲ့သလို လူစားဝင်အဖြစ် ၂ ပွဲ ​၊ ပွဲထွက်ကစားသမားအဖြစ် ၁ပွဲသာ ကစားထားရချိန်မှာ သူ့ရဲ့ ဘွန်ဒက်လီဂါသွင်းဂိုးဟာ ၇ဂိုးအထိ ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ဟာလန်းဟာ ၁၉မိနစ်ကစားပြီးတိုင်း သွင်းဂိုးတစ်ဂိုး သွင်းယူထားနိုင်သူဖြစ်ပြီး ဥရောပအသင်းကြီးတွေရဲ့ မျက်စိကျခြင်းကို ခံနေရသူပါ။

Photo Credit: Metro.com

၁။ ဆန်ချို ( ဒေါ့မွန် )

လာမယ့်ဘောလုံးရာသီမှာ ဒေါ့မွန်အသင်းမှ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ ဂျေဒန် ဆန်ချိုဟာ လက်ရှိဘောလုံးရာသီမှာတော့ ဒေါ့မွန်အသင်းနဲ့ အစွမ်းကုန်တောက်ပနေသူပါ။ ဆန်ချိုဟာ လက်ရှိရာသီမှာ ဘွန်ဒက်စ်လီဂါ သွင်းဂိုး ၁၂ဂိုးအထိ ရရှိထားသူဖြစ်ပြီး သူ့ရဲ့ တန်ကြေးဟာ ပေါင်၁၀၀သန်းအထိ ရှိနေပြီလဲ ဖြစ်ပါတယ်။