တူရကီနိုင်ငံ၊ အစ်စတန်ဘူလ်မြို့၊ အခြေစိုက် ဘက်စ်တပ်အသင်းကတော့ သူတို့ရဲ့ အသင်းမှာ ကမ္ဘာ့ ကပ်ရောဂါ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရသူ (၈) ယောက် ရှိတယ်လို့ အတည်ပြုသွားပြီး ကူးစက်ခံရသူ (၈) ယောက်ထဲမှာ အသင်းရဲ့ ဥက္ကဌ ပါဝင်တယ်လို့ ထုတ်ပြန်သွားခဲ့ပါတယ်။ ဘက်စ်တပ်အသင်းဟာ တူရကီ စူပါလိဂ် ပြန်စဖို့ ပြင်ဆင်နေကြတဲ့ အချိန်မာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်ခံရသူ (၈) ယောက် ရှိသွားခဲ့တာကြောင့် အသင်းအတွက် ကြီးမားတဲ့ နစ်နာမှု ဖြစ်ပြီး တူရာကီ စူပါလိဂ်ကို လာမယ့် ဇွန်လမှာ ပြန်စမယ်လို့ AS သတင်းက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: AS

ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရသူ (၈) ယောက်ထဲမှာ ဘက်စ်တပ်အသင်းရဲ့ ဥက္ကဌချုပ် ဖြစ်သူ အာမတ် နူ စီဘီ (Ahmet Nur Cebi) လည်း ပါဝင်နေခဲ့ပြီး အသင်းရဲ့ ဆေးဆရာဝန် ဖြစ်သူ တီကင် ကာရန် အူလ်ကူ (Tekin Kerem Ulku) က ကူးစက်ခံရကြောင်း ရေးသားခဲ့ပါတယ်။ ဆေးဆရာဝန် တီကင် ကာရန် အူလ်ကူက “ကိုဗစ် စစ်ဆေးမှု ရလဒ်အရ ကူးစက်ခံရတဲ့ သူ (၈) ဦး ရှိနေပါတယ်။ ကူးစက်ခံရသူတွေကို စောင့်ကြည့်ရေး နဲ့ ကုသရေးက သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ ချက်ချင်း စတင်ခဲ့ပြီပဲ ဖြစ်ပါတယ်”လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: AS

တူရကီ စူပါလိဂ် ပြိုင်ပွဲဟာ ပြီးခဲ့တဲ့ လ၊ မတ်လ (၁၈) ရက်နေ့မှာ ကမ္ဘာ့ ကပ်ရောဂါကြီးလို့ ခေါ်ကြတဲ့ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ရပ်နားလိုက်ရ ပေမဲ့လည်း တူရကီ စူပါလိဂ် ပြိုင်ပွဲကို ဘယ်အချိန်မှာ ပြန်စလဲ ဆိုတာကို ရက်သတ်မှတ်ချက် ထွက်ပေါ်လာခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။ တူရကီ ဘောလုံး အဖွဲ့ချုပ် (Turkish Footall Federation – TFF) ဥက္ကဌ ဖြစ်သူ နီဟတ်ထ် အိုဒီမီ (Nihat Ozdemir) က တူရီကီ စူပါလိဂ် ပြိုင်ပွဲကို လာမယ့် ဇွန်လ (၁၂) ရက်နေ့ကနေ ပြန်လည် စတင်မှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ အပတ်မှာ အတည်တလင် ပြောပြသွားခဲ့ပါတယ်။ ဘက်စ်တပ်အသင်းဟာ တူရကီ စူပါလိဂ် ပြိုင်ပွဲမှာ ပွဲစဉ် (၂၆) ပွဲ ကစားပြီးတဲ့နောက် ရမှတ် (၄၄) မှတ် ရရှိထားတာကြောင့် အမှတ်ပေး ဇယား အဆင့် (၅) နေရာမှာ ရပ်တည်နေပါတယ်။