မန်စီးတီးအသင်းရဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား ဘာနာဒိုဆေးဗားကတော့ လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ပြသာနာတွေကြောင့် တခြားသော ဘောလုံးသမားတွေနည်းတူ နေအိမ်မှာ တစ်ကိုယ်တော် လေ့ကျင့်ခန်းဆင်းမှုတွေ လုပ်ဆောင်နေရကာ အသင်းလိုက်လေ့ကျင့်ခန်းအစီအစဉ်တွေကို လုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။ လတ်တလောမှာတော့ ဘာနာဒိုဆေးဗားက နာမည်ကျော် စပိန်သတင်းမီဒီယာကြီးတစ်ခုဖြစ်တဲ့ AS နဲ့ အင်တာဗျူးအစီအစဉ်ကို Video Call နဲ့ ပြုလုပ်ရင်း ဘောလုံးအကြောင်းအရာတွေကို ဆွေးနွေးပြောဆိုလို့သွားခဲ့ပါတယ်။

Photo Credit : AS English

ပထမဆုံးအနေနဲ့ သူရဲ့ ပေါ်တူဂီအသင်းဖော် ဂျာအိုဖီးလစ်နဲ့ပတ်သက်ပြီး မေးမြန်းလာရာ ဆေးဗားက “အခုဆိုရင်တော့ သူနဲ့ကျွန်တော်တို့က ပေါ်တူဂီလက်ရွေးစင်အသင်းမှာ လေ့ကျင့်ခန်းအတူ ဆင်းဖြစ်နေပါပြီ။ သူ့လို အရည်အချင်းမျိုးရှိတဲ့ ကစားသမားမျိုးကို ကျွန်တော်သိပ်မမြင်ပါဘူး။ ဒါပေမယ့် သူဆီမှာ တိုးတတ်ဖို့ လိုအပ်နေတာလေးတွေတော့ ရှိနေပါသေးတယ်” လို့ ဖြေဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် အင်တာဗျူးမေးတဲ့သူက ဆေးဗားရဲ့ လက်ရွေးစင်အသင်းဖော် ခရစ္စတီယာနိုရော်နယ်ဒိုအကြောင်းကို ဆက်လက်မေးမြန်းလာခဲ့ရာ ဆေးဗားက”ရော်နယ်ဒိုရဲ့နေရာကို အစားထိုးဝင်ရောက်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”

Photo Credit : Le10sport

“ဘယ်သူကမှလည်း သူ့လောက် မစွမ်းဆောင်နိုင်ဘူးလေ။ ကျွန်တော်ကတော့ အမြဲတမ်း ခြေစွမ်းပိုင်း တိုးတတ်နိုင်အောင် ကြိုးစားနေပါတယ်။ ဒါကလည်း လက်ရွေးစင်အသင်းနဲ့ ကလပ်အသင်းတွေအတွက် အကောင်းဆုံးတွေကို ပေးစွမ်းနိုင်ဖို့ပါပဲ။ လက်ရွေးစင်နဲ့ ကလပ်အသင်း ဆုဖလားတွေ ပိုင်ဆိုင်ရနိုင်အောင် ကျွန်တော်လုပ်နိုင်သမျှကို လုပ်ဆောင်သွားမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဆေးဗားဟာ အင်တာဗျူးအစီအစဉ်အတွင်းမှာ သူအကြိုက်ဆုံး ရုပ်သံက ကမ္ဘာကျော် ဘတ်စ်ကတ်ဘောသမားကြီး မိုက်ကယ်ဂျော်ဒန်ရဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်ပြီး သူအကြိုက်ဆုံး စာအုပ်အမျိုးအစားက ကဗျာစာအုပ်တွေဖြစ်ကာ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေတတ်တာ သူရဲ့ အကျင့်ဖြစ်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဆေးဗားက ဘင်ဖီကာလူငယ်အသင်းကနေ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပေမယ့် စီနီယာအသင်းအတွက်တော့ ကစားခဲ့ရခြင်းမရှိတာကြောင့် ကစားသမားဘဝကို ဘင်ဖီကာမှာပဲ အဆုံးသတ်ဖွယ်ရှိတယ်လို့လည်း အင်တာဗျူးရဲ့အဆုံးသတ်မှာ ရှင်းလင်းပြောဆိုခဲ့ပါတယ်။