MySport Myanmar

ဂျာအိုဖေးလစ် အပြင် ဘာနာဒိုဆေးလ်ဗားကိုပါ ပစ်မှတ်ထားနေတဲ့ အန်နရီကေး

ပီအက်စ်ဂျီအသင်းရဲ့ နည်းပြသစ် ဖြစ်လာတော့မယ့် လူးဝစ်အန်နရီကေးက ပေါ်တူဂီ ကစားသမား ဂျာအိုဖေးလစ်ကို ပစ်မှတ်ထားနေရင်းနဲ့ ဖေးလစ်ရဲ့ လက်ရွေးစင် အသင်းဖော် ဘာနာဒိုဆေးလ်ဗားကိုပါ ဆက်လက် ပစ်မှတ်ထားနေတယ်လို့ Football Espana က ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : The Sun

ပီအက်စ်ဂျီအသင်း လာမယ့် ရက်သတ္တပတ်အတွင်းမှာ လက်ရှိ အသင်းနည်းပြ ဂယ်လ်တီယာနေရာမှာ ဘာစီလိုနာ နဲ့ စပိန်လက်ရွေးစင် အသင်းတို့ရဲ့ နည်းပြဟောင်း အန်နရီကေးနဲ့ အစားထိုးဖို့ စီစဉ်ထားပြီး အန်နရီကေး ရောက်လာချိန်မှာပဲ နည်းပြစိတ်ကြိုက် ကစားသမား ခေါ်ယူမှုတွေကို လုပ်ဆောင်နိုင်ဖို့ အသုံးစရိတ် အလုံအလောက် ခွင့်ပြုသွားဖွယ်လည်း ရှိနေပါတယ်။ အန်နရီကေး ရောက်မလာခင်မှာပဲ ပီအက်စ်ဂျီက အဆန်စီယို အူဂါတီ လူးကပ်စ်ဟာနန်ဒက်ဇ် လီကန်အင် နဲ့ ရှကရီညာတို့ကို ခေါ်ယူ အားဖြည့်ထားနိုင်ခဲ့ပါတယ်။

Photo Credit : TEAMtalk

ဒါပေမယ့် အန်နရီကေးကတော့ လာမယ့်နှစ်အတွင်းမှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်လာတော့မယ့် ပီအက်စ်ဂျီ တိုက်စစ်အတွက် ပေါ်တူဂီ ကစားသမားနှစ်ဦးဖြစ်တဲ့ ဂျာအိုဖေးလစ် နဲ့ ဘာနာဒိုဆေးလ်ဗားတို့ကို ပစ်မှတ်ထားလာခဲ့ပါတယ်။ ဖေးလစ်က ပြီးခဲ့တဲ့ ဘောလုံးရာသီဝက်အတွင်း ချယ်လ်ဆီးအသင်းမှာ အငှားနဲ့ လာရောက်ကစားခဲ့ပြီး သူ့ကို ချယ်လ်ဆီနည်းပြသစ် ပိုချက်တီနိုက အပြီးသတ် ခေါ်ယူခြင်း မရှိပဲ အသက်လက်တီကိုအသင်းဆီကိုသာ ပြန်လည် ပို့ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဖေးလစ်က အသက်လက်တီကိုနဲ့ ပြန်လည် လက်တွဲတာထက် အသင်း အပြောင်းအလဲသာ လုပ်ဆောင်ချင်နေပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီက မန်စီးတီးနဲ့ ဖလား (၃)လုံး အောင်မြင်မှုကို ရယူနိုင်ခဲ့တဲ့ ဘာနာဒိုဆေးလ်ဗားကလည်း အသင်း အပြောင်းအလဲ လုပ်ဆောင်သွားချင်နေပြီး ဆေးလ်ဗားကို ဆော်ဒီကလပ်တွေဘက်ကပါ စောင့်ကြည့်နေသလို ပီအက်စ်ဂျီကလည်း ဆေးလ်ဗား အခြေအနေကို စောင့်ကြည့်လျက် ရှိနေပါတယ်။

Exit mobile version