မန်စီးတီးအသင်းနဲ့ ပေါ်တူဂီလက်ရွေးစင် အသင်းတို့ရဲ့ အားထားရတဲ့ ကွင်းလယ် ကစားသမားတစ်ဦးဖြစ်သူ ဘာနာဒိုဆေးလ်ဗားက သူဟာ မက်ဆီနဲ့တွဲဖက်ကစားဖို့ ဆန္ဒရှိကြောင်းနဲ့ စပိန်မြေမှာလည်း သွားရောက် ကစားလိုကြောင်း ဖွင့်ဟလာခဲ့ပြီး ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားတဲ့ အနေအထားကို ပြသခဲ့ပါတယ်။ လက်ရှိမှာ ဘာနာဒိုဆေးလ်ဗား ကစားနေတဲ့ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ဘောလုံးကျွမ်းကျင်သူတွေကတော့ အဆိုပါပြစ်ဒဏ် သာ အတည်ဖြစ်လာခဲ့ပါက မန်စီးတီးအသင်း အနေနဲ့ ကြယ်ပွင့်ကစားသမားတွေကို ဆုံးရှုံးရလိမ့်မယ်လို့ သတိပေးထားကြပါတယ်။

Photo Credit: Marca.comq

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှ လာမယ့်နှစ်ရာသီဆက်တိုက် ထုတ်ပယ်ခံရမယ့် ပြစ်ဒဏ်ကျခံထားရတာဖြစ်ပြီး လက်ရှိမှာ အယူခံဝင်ဖို့ လုပ်ဆောင်နေတဲ့အသင်းပါ။ မန်စီးတီးအသင်း အဆိုပါပြစ်ဒဏ်ကို ကျခံခဲ့ရအပြီးမှာ အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား စတာလင်းက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားတဲ့အနေအထားတွေကို ပြသခဲ့သလို လက်ရှိမှာလည်း ဘာနာဒိုဆေးလ်ဗားက စပိန် ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားကြောင်း ပြောကြားခဲ့တာကြောင့် ဒါဟာ မန်စီးတီးအသင်းကို စွန့်ခွာဖို့ လမ်းစဖော်ခဲ့တာလားဆိုပြီး ဘောလုံးကျွမ်းကျင်သူတွေက မေးခွန်းထုတ်နေကြပါတယ်။

Photo Credit: Marca.com

တစ်နေ့မှာ စပိန်မြေကို ပြောင်းရွှေ့မယ်ဆိုတဲ့ အကြောင်းကို ဘာနာဒိုက ” ကျွန်တော်က လက်ရှိမှာ ရိုနယ်ဒိုနဲ့ နိုင်ငံအသင်းမှာ တွဲဖက် ကစားနေပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားနှစ်ဦးနဲ့ ကျွန်တော်တွဲကစားချင်ပါတယ်။ ဒီတော့ မက်ဆီကို မန်စီးတီးအသင်းထံ ပြောင်းလာရင် ကြိုဆိုနေဖို့အသင့်ပါပဲ။ ပရီးမီးယားလိဂ် က ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လိဂ်တစ်ခုပါပဲ။ ဒါပေမယ့် စပိန်မြေကလဲ စိတ်ဝင်စားဖို့ ကောင်းမှာ သေချာပါတယ်။ ကျိန်းသေတာက တစ်နေ့မှာ ကျွန်တော်က စပိန်မြေကို သွားရောက်ဦးမှာ ဖြစ်ပါတယ် ” လို့ ပြောကြားသွားခဲ့တာပါ။ ဘာနာဒိုဆေးလ်ဗားတစ်ယောက် မက်ဆီနဲ့ တွဲကစားခွင့်ရမယ်လို့ ထင်ကြလားဗျ…?