ယေန႔မနက္ ႏွစ္နာရီခြဲအခ်ိန္မွာ ယွဥ္ၿပိဳင္ ကစားခဲ့ၾကတဲ့ ယူနိုက္တက္အသင္းနဲ႔ မန္စီးတီးအသင္းတို႔ရဲ့ ကာရာေဘာင္းဖလား ၊ ဆီမီးဖိုင္နယ္အဆင့္ ပထမအေက်ာ့ပြဲစဥ္မွာေတာ့ ဧည့္သည္ မန္စီးတီးအသင္းဟာ အိမ္ရွင္ ယူနိုက္တက္အသင္းကို သုံးဂိုး တစ္ဂိုးဆိုတဲ့ ရလဒ္နဲ႔ အနိုင္ယူခဲ့ၿပီး ဗိုလ္လုပြဲကို တက္ေရာက္ဖို႔အတြက္ အေျခအေနေကာင္းတစ္ခုကို ပိုင္ဆိုင္သြားခဲ့ၿပီလည္း ျဖစ္ပါတယ္။

Photo Credit: Metro.com

အိုးထရက္ဖို႔ဒ္ကြင္းထဲမွာ ယွဥ္ၿပိဳင္ကစားခဲ့ၾကတဲ့ အဆိုပါပြဲစဥ္မွာ မန္စီးတီးအသင္းဟာ ပြဲစတင္ကတည္းက ယူနိုက္တက္အသင္းကို ဖိအားေပးကစားနိုင္ခဲ့ၿပီး အနိုင္ဂိုးသုံးဂိုးစလုံးကို ပထမပိုင္းမွာကတည္းက ရယူနိုင္ခဲ့တာပါ။ မန္စီးတီးအသင္းအတြက္ သြင္းဂိုးေတြကိုေတာ့ ပြဲကစားခ်ိန္ ၁၃မိနစ္မွာ ဘာနာဒိုေဆးလ္ဗား ၊ ၃၃မိနစ္မွာ မာရက္ဇ္တို႔က သြင္းယူေပးခဲ့ၾကၿပီး ပြဲကစားခ်ိန္ ၃၉မိနစ္မွာ ယူနိုက္တက္ကြင္းလယ္လူ ပါရဲယားရဲ့ ကိုယ့္ဂိုး ကိုယ္သြင္းယူမွုကတဆင့္ လက္ေဆာင္ဂိုးတစ္ဂိုးရရွိခဲ့ပါတယ္။

Photo Credit: Metro.com

ယူနိုက္တက္အသင္းအတြက္ ေခ်ပဂိုးကိုေတာ့ ပြဲကစားခ်ိန္ ၇၂မိနစ္ေရာက္မွ တိုက္စစ္ ကစားသမား ရက္ဖို႔ဒ္က သြင္းယူေပးခဲ့တာ ျဖစ္ၿပီး အဆိုပါသြင္းဂိုးေၾကာင့္ ယူနိုက္တက္တို႔ အေနနဲ႔ ေနာက္တစ္ဆင့္တက္ဖို႔ ေမၽွာ္လင့္ခ်က္ေရးေရးကို ဆုပ္ကိုင္ခြင့္ရရွိခဲ့တာပါ​။ အဆိုပါ ပြဲစဥ္မွာ ေျခစြမ္းျပသခဲ့တဲ့ မန္စီးတီးကြင္းလယ္လူ ဘာနာဒိုေဆးလ္ဗားကေတာ့ သူတို႔အသင္းဟာ ပထမပိုင္းမွာ သုံးဂိုးတည္းနဲ႔ အနိုင္ရခဲ့တာဟာ မထိုက္တန္ေၾကာင္းနဲ႔ ေလးဂိုး သို႔ ငါးဂိုးေလာက္နဲ႔ နိုင္ေနသင့္ေၾကာင္း ပြဲအၿပီးမွာ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

Photo Credit: Metro.com

ဘာနာဒိုေဆးလ္ဗားက ” ကၽြန္ေတာ့္အထင္ ပထမပိုင္းမွာေတာ့ ကၽြန္ေတာ္တို႔ဟာ ေလးဂိုး ဒါမွမဟုတ္ ငါးဂိုးျပတ္ေလာက္နဲ႔ အနိုင္ယူခဲ့သင့္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ ကၽြန္ေတာ္တို႔က အခြင့္အေရးတခ်ိဳ႕ကို လြဲေခ်ာ္ခဲ့တယ္ေလ။ ဒုတိယပိုင္းကေတာ့ ကၽြန္ေတာ္တို႔အတြက္ အရမ္းကို ခက္ခဲခဲ့ပါတယ္။ သူတို႔ဟာ ပြဲစတင္ၿပီဆိုတာနဲ႔ ကၽြန္ေတာ္တို႔ကို ဖိအားေပးကစားဖို႔ ႀကိဳးစားခဲ့ၿပီး ကၽြန္ေတာ္တို႔ဘက္ကလည္း အေတာ္ေလး ႀကိဳးစားခဲ့ရပါတယ္။ ဒါေပမယ့္ အဆုံးသတ္ရလဒ္ကေတာ့ ေက်နပ္စရာေကာင္းပါတယ္ ” လို႔ ဖြင့္ဟေျပာဆိုသြားခဲ့တာပါ။

ယနေ့မနက် နှစ်နာရီခွဲအချိန်မှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ယူနိုက်တက်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ကာရာဘောင်းဖလား ၊ ဆီမီးဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်မှာတော့ ဧည့်သည် မန်စီးတီးအသင်းဟာ အိမ်ရှင် ယူနိုက်တက်အသင်းကို သုံးဂိုး တစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်ဖို့အတွက် အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။

Photo Credit: Metro.com

အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အဆိုပါပွဲစဉ်မှာ မန်စီးတီးအသင်းဟာ ပွဲစတင်ကတည်းက ယူနိုက်တက်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး အနိုင်ဂိုးသုံးဂိုးစလုံးကို ပထမပိုင်းမှာကတည်းက ရယူနိုင်ခဲ့တာပါ။ မန်စီးတီးအသင်းအတွက် သွင်းဂိုးတွေကိုတော့ ပွဲကစားချိန် ၁၃မိနစ်မှာ ဘာနာဒိုဆေးလ်ဗား ၊ ၃၃မိနစ်မှာ မာရက်ဇ်တို့က သွင်းယူပေးခဲ့ကြပြီး ပွဲကစားချိန် ၃၉မိနစ်မှာ ယူနိုက်တက်ကွင်းလယ်လူ ပါရဲယားရဲ့ ကိုယ့်ဂိုး ကိုယ်သွင်းယူမှုကတဆင့် လက်ဆောင်ဂိုးတစ်ဂိုးရရှိခဲ့ပါတယ်။

Photo Credit: Metro.com

ယူနိုက်တက်အသင်းအတွက် ချေပဂိုးကိုတော့ ပွဲကစားချိန် ၇၂မိနစ်ရောက်မှ တိုက်စစ် ကစားသမား ရက်ဖို့ဒ်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး အဆိုပါသွင်းဂိုးကြောင့် ယူနိုက်တက်တို့ အနေနဲ့ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်ရေးရေးကို ဆုပ်ကိုင်ခွင့်ရရှိခဲ့တာပါ​။ အဆိုပါ ပွဲစဉ်မှာ ခြေစွမ်းပြသခဲ့တဲ့ မန်စီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကတော့ သူတို့အသင်းဟာ ပထမပိုင်းမှာ သုံးဂိုးတည်းနဲ့ အနိုင်ရခဲ့တာဟာ မထိုက်တန်ကြောင်းနဲ့ လေးဂိုး သို့ ငါးဂိုးလောက်နဲ့ နိုင်နေသင့်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Metro.com

ဘာနာဒိုဆေးလ်ဗားက ” ကျွန်တော့်အထင် ပထမပိုင်းမှာတော့ ကျွန်တော်တို့ဟာ လေးဂိုး ဒါမှမဟုတ် ငါးဂိုးပြတ်လောက်နဲ့ အနိုင်ယူခဲ့သင့်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့က အခွင့်အရေးတချို့ကို လွဲချော်ခဲ့တယ်လေ။ ဒုတိယပိုင်းကတော့ ကျွန်တော်တို့အတွက် အရမ်းကို ခက်ခဲခဲ့ပါတယ်။ သူတို့ဟာ ပွဲစတင်ပြီဆိုတာနဲ့ ကျွန်တော်တို့ကို ဖိအားပေးကစားဖို့ ကြိုးစားခဲ့ပြီး ကျွန်တော်တို့ဘက်ကလည်း အတော်လေး ကြိုးစားခဲ့ရပါတယ်။ ဒါပေမယ့် အဆုံးသတ်ရလဒ်ကတော့ ကျေနပ်စရာကောင်းပါတယ် ” လို့ ဖွင့်ဟပြောဆိုသွားခဲ့တာပါ။