စပါအသင်းရဲ့ကစားသမားသစ် ဘာ့ဂ်ဝင့်ခ်ျကတော့ လက်ရှိရာသီမှာ စပါးအသင်းနဲ့ ချန်ပီယံလိဂ် ဖလား ရရှိချင်ပါတယ်လို့ ပြောခဲ့ပြီး ပီအက်စ်ဗီအသင်းကနေ စပါးအသင်းကို ပေါင် (၂၅) သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့လာခဲ့ပါတယ်။ နယ်သာလန်သား တောင်ပံ ကစားသမား ဘာ့ဂ်ဝင့်ခ်ျဟာ ပီအက်စ်ဗီအသင်းမှာ (၆) နှစ်ကြာ ကစားခဲ့ပြီးတဲ့နောက် စပါးအသင်းကို ပြောင်းသွားခဲ့ပြီး နည်းပြ မော်ရင်ဟိုရဲ့ စပါးအသင်းနဲ့ ကာလရှည် (၅) နှစ်ကြာ စာချုပ်ကို ချုပ်ဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။
Photo Credit: Goal
နယ်သာလန် လက်ရွေးစင် တောင်ပံ ကစားသမား ဘာ့ဂ်ဝင့်ခ်ျဟာ (၂၀၁၁) ခုနှစ်မှာ ပီအက်စ်ဗီ အသင်းကို လူငယ် ကစားသမားအနေနဲ့ ဝင်ခဲ့ပြီး (၂၀၁၄) ခုနှစ်မှာ ပထမအသင်း ကစားသမား အဖြစ် အသိအမှတ် ပြုခံခဲ့ရပါတယ်။ တောင်ပံ ကစားသမား ဘာ့ဂ်ဝင့်ခ်ျဟာ အသက် (၁၇) နှစ် အရွယ်မှာ ပီအက်စ်ဗီပထမအသင်းအတွက် ပွဲဦးထွက်ပွဲစဉ် ကစားခဲ့ပြီး စပါးအသင်းကို ရောက်ရှိ လာတဲ့ အချိန်မှာတော့ စပါးအသင်းနဲ့ ချန်ပီယံလိဂ် ဖလား ရချင်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
Photo Credit: Goal
{Unicode}
စပါအသင်းရဲ့ကစားသမားသစ် ဘာ့ဂ်ဝင့်ချ်ကတော့ လက်ရှိရာသီမှာ စပါးအသင်းနဲ့ ချန်ပီယံလိဂ် ဖလား ရရှိချင်ပါတယ်လို့ ပြောခဲ့ပြီး ပီအက်စ်ဗီအသင်းကနေ စပါးအသင်းကို ပေါင် (၂၅) သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့လာခဲ့ပါတယ်။ နယ်သာလန်သား တောင်ပံ ကစားသမား ဘာ့ဂ်ဝင့်ချ်ဟာ ပီအက်စ်ဗီအသင်းမှာ (၆) နှစ်ကြာ ကစားခဲ့ပြီးတဲ့နောက် စပါးအသင်းကို ပြောင်းသွားခဲ့ပြီး နည်းပြ မော်ရင်ဟိုရဲ့ စပါးအသင်းနဲ့ ကာလရှည် (၅) နှစ်ကြာ စာချုပ်ကို ချုပ်ဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။
Photo Credit: Goal
နယ်သာလန် လက်ရွေးစင် တောင်ပံ ကစားသမား ဘာ့ဂ်ဝင့်ချ်ဟာ (၂၀၁၁) ခုနှစ်မှာ ပီအက်စ်ဗီ အသင်းကို လူငယ် ကစားသမားအနေနဲ့ ဝင်ခဲ့ပြီး (၂၀၁၄) ခုနှစ်မှာ ပထမအသင်း ကစားသမား အဖြစ် အသိအမှတ် ပြုခံခဲ့ရပါတယ်။ တောင်ပံ ကစားသမား ဘာ့ဂ်ဝင့်ချ်ဟာ အသက် (၁၇) နှစ် အရွယ်မှာ ပီအက်စ်ဗီပထမအသင်းအတွက် ပွဲဦးထွက်ပွဲစဉ် ကစားခဲ့ပြီး စပါးအသင်းကို ရောက်ရှိ လာတဲ့ အချိန်မှာတော့ စပါးအသင်းနဲ့ ချန်ပီယံလိဂ် ဖလား ရချင်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
Photo Credit: Goal
ဘာ့ဂ်ဝင့်ချ်က “ဒီအပြောင်းအရွေ့က မယုံနိုင်စရာ အပြောင်းအရွေ့ပါ။ ဒီအသင်းက မယုံနိုင်စရာ အသင်းပါပဲ။ အသင်းအတွက် ပေးဆပ်နိုင်သမျှကို ပေးဆပ်သွားမှာပါ။ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကစားဖို့က ကစားသမားတိုင်းရဲ့ အိပ်မက်ပါပဲ။ ကျွန်တော် ဂိုးတွေ သွင်းချင်ပါတယ်။ ဂိုးဖန်တီးမှု ပြုလုပ်ချင်ပါတယ်။ ချန်ပီယံလိဂ် ဖလား ရချင်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာ ဒီအသင်းက အေဂျက် အသင်းကို အနိုင်ရခဲ့တာကို မြင်ရတုန်းက သဘောကျခဲ့ပါတယ်”လို့ ပြောသွားတာ ဖြစ်ပါတယ်။