ကဲ အပတ်စဉ် တင်ဆက်ပေးနေကြ ပရီးမီးယားလိဂ်ရဲ့ ပွဲကြို ခန့်မှန်း သုံးသပ်ချက် အစီအစဉ်ကို ပြန်လည် တင်ဆက်ပေးရမယ့် အချိန်အခါကို ရောက်ရှိလာပါပြီ။ ဒီတပတ်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရိုက်တန် ၊ အဲဗာတန်နဲ့ အာဆင်နယ်တို့လို ပွဲကောင်းတွေ ရှိနေတာကြောင့် ဘာဘာတော့ဗ်ရဲ့ ပရီးမီးယားလိဂ် ပွဲကြို သုံးသပ်ချက်တွေကို တင်ဆက်ပေးသွားပါမယ်။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရိုက်တန် (စနေနေ့ည ၈နာရီခွဲ)

ယူနိုက်တက်က နောက်ဆုံးပွဲမှာ ဘရိုက်တန်ကို ရှုံးထားပါတယ်။ ဒီပွဲမှာလည်း သူတို့က သေချာ ဂရုမစိုက်မိရင် ထပ်ပြီးတော့ ရှုံးပါလိမ့်မယ်။ ကျွန်တော်က ဘရိုက်တန်ရဲ့ ကစားပုံကို သဘောကျပါတယ်။ သူတို့ရဲ့ ပေးပို့မှုတွေ ၊ နေရာယူမှုတွေက အတော်လေး ကောင်းပါတယ်။ ဒါပေမယ့် ဘရိုက်တန်က ဝက်စ်ဟမ်းကိုတောင် ဘောလုံးပိုင်ဆိုင်မှုအသာ ၊ ကန်သွင်းခွင့်အသာ ရခဲ့တာတောင် ရှုံးခဲ့ပါသေးတယ်။ ယူနိုက်တက်ကတော့ နိုးထဖို့ အချိန် ရောက်ပါပြီ။ သူတို့သာ ဒီပွဲမှာ ရလဒ်ကောင်း မရခဲ့ရင် သူတို့ရဲ့ ဒီရာသီ မျှော်လင့်ချက်တွေက ရေစုန်မျောပါလိမ့်မယ်။

ယူနိုက်တက်က အမှတ်တွေ စုဆောင်းနိုင်ဖို့ လိုနေပါပြီ။ ကျွန်တော်ကတော့ ယူနိုက်တက် နိုင်ပွဲ ရလိမ့်မယ်လို့ ထင်ပါတယ်။ တကယ်လို့ သူတို့တွေသာ နိုင်ပွဲ မရခဲ့ရင် သူတို့နဲ့ ထိပ်ဆုံးအသင်းတွေရဲ့ ရမှတ် ကွာဟချက်က အရမ်းကို များသွားပါလိမ့်မယ်။

ခန့်မှန်းရလဒ် – ယူနိုက်တက် ၃-၂ ဘရိုက်တန်

Photo Credit: Premier League

အဲဗာတန်နဲ့ အာဆင်နယ် (တနင်္ဂနွေည ၁၀နာရီ)

အဲဗာတန်က အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်တော့မယ် ဆိုတဲ့ ကောလာဟလ သတင်းတွေ ထွက်နေပါတယ်။ အဲဗာတန်ရဲ့ အဖွင့်ပွဲ ရလဒ်တွေကလည်း မကောင်းပါဘူး။ သူတို့က အမှတ်တွေ စုဆောင်းနိုင်ဖို့ လိုနေပါပြီ။

ဒီအချိန်မှာ အာဆင်နယ်နဲ့ တွေ့ရတာက သူတို့အတွက် ကောင်းတဲ့အရာ မဟုတ်ပါဘူး။ အာဆင်နယ်ကတော့ အရမ်းကို ခြေစွမ်းကောင်းပါတယ်။ ဒါကြောင့် အဲဗာတန်က အာဆင်နယ်နဲ့ ပွဲမှာ ရလဒ်ကောင်း လိုချင်ရင် ဉာဏ်ကောင်းဖို့ လိုပါတယ်။ အဲဗာတန်က အာဆင်နယ်ကို ခြေစွမ်းချင်း ယှဉ်ကစားလို့ မရရင် ကြံ့ခိုင်မှု အသားပေး ကစားပြီး အာဆင်နယ်ကို ဖိအားပေး ကစားရပါမယ်။ အဲဗာတန်က ကြံ့ခိုင်မှု အသားပေး ကစားပြီး အာဆင်နယ်ကို ဒုက္ခပေးရပါမယ်။ အဲဗာတန်က အမြဲတမ်း ကြံ့ခိုင်မှု အသားပေး ကစားဟန်ကို အသုံးပြုလေ့ ရှိတဲ့ အသင်းပါ။ သူတို့နဲ့ တွေ့ဆုံတိုင်း ကစားရ မလွယ်ကူခဲ့ပါဘူး။ အဲဗာတန်က ဒီပွဲမှာလည်း အကျင့်ယုတ်တယ်လို့ အပြောခံရရင်တောင် ကြံ့ခိုင်မှု အသားပေး ကစားဖို့ လိုပါလိမ့်မယ်။

အရမ်း အရေးကြီးတဲ့ အချိန်မှာ ခင်ဗျားက စွမ်းဆောင်ရည် ကောင်းကောင်း တခုကို ပြသနိုင်ဖို့ လိုပါတယ်။ တကယ်လို့ အဲဗာတန်ကသာ သူတို့ရဲ့ လက်ရှိခြေစွမ်းအတိုင်း ဆက်ကစားနေမယ် ဆိုရင် သူတို့ရဲ့ ရာသီက အများကြီး ဆိုးဝါးသွားပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီပွဲမှာ အဲဗာတန်က အံ့အားသင့်ဖွယ် စွမ်းဆောင်ရည် တခု ပြသနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဒီပွဲက သရေပွဲ ဖြစ်ပါလိမ့်မယ်။

ခန့်မှန်းရလဒ် – အဲဗာတန် ၁-၁ အာဆင်နယ်

Photo Credit: Mirror

အခြားပွဲများ အတွက် ခန့်မှန်းရလဒ်များ

ဝုလ်ဗ် ၀-၂ လီဗာပူး

ဖူလ်ဟမ် ၂-၀ လူတန်

စပါး ၄-၀ ရှက်ဖီးလ် ယူနိုက်တက်

ဝက်စ်ဟမ်း ၁-၃ မန်စီးတီး

ဗီလာ ၃-၁ ခရစ္စတယ် ပဲလေ့စ်

နယူးကာဆယ် ၂-၀ ဘရန့်ဖို့ဒ်

ဘုန်းမောက် ၁-၁ ချယ်လ်ဆီး

နော်တင်ဟမ် ဖောရက်စ် ၂-၁ ဘန်လေ