ကဲ အပတ်စဉ် တင်ဆက်ပေးနေကြ ဘာဘာတော့ဗ်ရဲ့ ပရီးမီးယားလိဂ် ပွဲကြို ခန့်မှန်းသုံးသပ်ချက်တွေကို တင်ဆက်ပေးရမယ့် အချိန်အခါကို ရောက်ရှိလာပါပြီ။ ဘာဘာတော့ဗ်က ပြီးခဲ့တဲ့အပတ်မှာ အာဆင်နယ် ၂-၂ စပါး ပွဲစဉ်ရဲ့ ရလဒ်ပိုင်းကို အတိအကျ မှန်ကန်အောင် ခန့်မှန်းပြခဲ့တာကြောင့် ဒီတပတ်မှာ ကစားမယ့် စပါးနဲ့ လီဗာပူးတို့ရဲ့ ပွဲကြီးပွဲကောင်းမှာ သူ့ရဲ့ ခန့်မှန်းချက်တွေ မှန်ကန်ဦးမလားနဲ့ သူက ဘယ်လိုမျိုး ခန့်မှန်းချက်တွေ လုပ်ထားလဲ ဆိုတာ ဖတ်ရှုကြည့်လိုက်ရအောင်ဗျာ…။

 

Photo Credit: The Sun

ဘုန်းမောက်နဲ့ အာဆင်နယ် (စနေနေ့ည ၈နာရီခွဲ)

ဘုန်းမောက်က ဒီရာသီမှာ နိုင်ပွဲ လုံးဝ မရသေးပေမယ့် သူတို့က အာဆင်နယ်ကို အခက်တွေ့အောင် လုပ်လိမ့်မယ်လို့ ထင်နေပါတယ်။ ဒါကြောင့် ဒီပွဲက အာဆင်နယ် အတွက် ခက်ခဲနိုင်ပါတယ်။ ဒီကလန်ရိုက်စ် မပါနိုင်တာမျိုး ဖြစ်နိုင်ပေမယ့် အာဆင်နယ်က ဒီပွဲကို အနိုင် ကစားပါလိမ့်မယ်။ သူတို့က စီးတီးကို စိန်ခေါ်ချင်ရင် ဒီလိုပွဲမျိုးကို အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားဖို့ လိုအပ်ပါတယ်။

ခန့်မှန်းရလဒ် – ဘုန်းမောက် ၁-၂ အာဆင်နယ်

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက်နဲ့ ပဲလေ့စ် (စနေနေ့ည ၈နာရီခွဲ)

ဒီနှစ်သင်းကတော့ မကြာသေးမီကပဲ တွေ့ဆုံခဲ့ပြီးပါပြီ။ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ အရှိန်အဟုန်ကို ဆက်ထိန်းပြီး ဒီပွဲမှာလည်း အနိုင်ကစားဖို့ လိုအပ်ပါတယ်။ တကယ်လို့ သူတို့ကသာ ဒီပွဲမှာ ရှုံးနိမ့်ခဲ့ရင် ဇယားထိပ်ကို ပြန်တက်ဖို့ အတော်လေး ခက်သွားပါလိမ့်မယ်။ ဒီပွဲက မဖြစ်မနေ နိုင်ရမယ့် ပွဲမျိုး ဖြစ်သလို သူတို့က ပဲလေ့စ်ကို အနိုင်ယူနိုင်တယ် ဆိုတာကို ပြသပြီးပါပြီ။ ဒါကြောင့် ကျွန်တော်ကတော့ ဒီပွဲမှာ ယူနိုက်တက်တို့ နိုင်သွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – မန်ချက်စတာ ယူနိုက်တက် ၂-၁ ပဲလေ့စ်

Photo Credit: Foot The Ball

စပါးနဲ့ လီဗာပူး (စနေနေ့ည ၁၁နာရီ)

ဒီပွဲက စပါးအတွက် ခက်ခဲတဲ့ပွဲ ဖြစ်လာပါလိမ့်မယ်။ စပါးက ဒီပွဲအတွက် အဆင်သင့် ဖြစ်ဖို့ လိုအပ်သလို ပွဲတွင်းမှာ ရလာတဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ဖို့လည်း လိုပါတယ်။ လီဗာပူးရဲ့ တိုက်စစ်ကတော့ အရမ်းကို ကောင်းပါတယ်။ သူတို့မှာ နူနက်ဇ် ၊ ဆာလာတို့ အပြင် တခြား တိုက်စစ်မှူးတွေလည်း ရှိနေပါတယ်။ နှစ်သင်းစလုံးမှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားကောင်းတွေ ရှိနေပါတယ်။ စပါးရဲ့ ကစားသမားတွေက အခွင့်အရေးတွေကို အပိုင် အသုံးချဖို့ လိုအပ်သလို သတိကပ်ပြီး ကစားနိုင်ရပါမယ်။ သတိလွတ်သွားတာနဲ့ သူတို့တွေက ပေးဂိုးတွေ ခွင့်ပြုရပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီပွဲမှာ စပါးတို့ အနိုင်ရသွားမယ်လို့ မျှော်လင့်ပါတယ်။

ခန့်မှန်းရလဒ် – စပါး ၂-၁ လီဗာပူး

Photo Credit: Standard

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

ဗီလာ ၂-၂ ဘရိုက်တန်

နယူးကာဆယ် ၃-၀ ဘန်လေ

ဝုလ်ဗ် ၀-၂ မန်ချက်စတာ စီးတီး

ဝက်စ်ဟမ်း ၂-၀ ရှက်ဖီးလ်

အဲဗာတန် ၂-၀ လူတန်တောင်း

နော်တင်ဟမ် ဖောရက်စ် ၁-၁ ဘရန့်ဖို့ဒ်

ဖူလ်ဟမ် ၁-၁ ချယ်လ်ဆီး