MySport Myanmar

လီဗာပူးနဲ့ အာဆင်နယ်ပွဲ အပါအဝင် ပွဲစဉ်(၁၈) အတွက် ဘာဘာတော့ဗ်ရဲ့ ခန့်မှန်းချက်များ

ကဲ အပတ်စဉ် တင်ဆက်ပေးနေကြ ဘာဘာတော့ဗ်ရဲ့ ပွဲကြို ခန့်မှန်း သုံးသပ်ချက်တွေကို တင်ဆက်ပေးရမယ့် အချိန်အခါ ကျရောက်လာပြန်ပါပြီ။ ဒီတပတ်မှာ လီဗာပူးနဲ့ အာဆင်နယ် ပွဲလို ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁)နေရာကို လုမယ့် ပွဲကြီးပွဲကောင်း ရှိနေတာကြောင့် ဘာဘာတော့ဗ် တယောက် ဘယ်လို ခန့်မှန်းချက်တွေ လုပ်ထားလဲ ဆိုတာ အတူတူ ဖတ်ရှုကြည့်လိုက်ရအောင်ဗျာ…။

Photo Credit: Standard

စပါးနဲ့ အဲဗာတန် (စနေနေ့ည ၉နာရီခွဲ)

ရှောင်ဒိုက် တကယ်တော်တဲ့ နည်းပြတယောက်ပါ။ ကျွန်တော်က သူ့ကို သဘောကျပါတယ်။ ဒါပေမယ့် စပါးက ခြေတက်နေပါတယ်။ သူတို့က ဆွန်ဟောင်မင်ကို အာရှဖလားပြိုင်ပွဲဆီ မလွှတ်ခင်မှာ ရနိုင်သမျှ ရမှတ်တွေ စုဆောင်းနိုင်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ရစ်ချာလီဆန်ကလည်း ဆွန်ဟောင်မင် မရှိတဲ့ အချိန်မှာ ဆွန်ဟောင်မင်ရဲ့ နေရာကို အစားဝင်နိုင်ဖို့ လိုပါမယ်။ အခုတော့ ရစ်ချာလီဆန်က ဂိုးတွေ သွင်းနေပါပြီ။ စပါးက အဆင့်(၄)နဲ့ အမှတ် မကွာသွားဖို့ ဒီပွဲကို အနိုင်ကစားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဒီပွဲမှာ စပါးနဲ့ပဲ နေချင်ပါတယ်။

ခန့်မှန်းရလဒ် – စပါး ၂-၁ အဲဗာတန်

Photo Credit: The Analyst

ဝက်စ်ဟမ်းနဲ့ မန်ယူ (စနေနေ့ည ၇နာရီ)

ဒီပွဲက ရွေးရခက်တဲ့ ပွဲမျိုးပါ။ ဝက်စ်ဟမ်းက ခြေတက်နေတဲ့နေ့မှာ ခင်ဗျားကို အလွယ်တကူ အနိုင်ယူနိုင်သလို ခြေကျနေရင်လည်း ဖူလ်ဟမ်ကိုတောင် ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးတဲ့အသင်းပါ။ ယူနိုက်တက်ကတော့ ပြီးခဲ့တဲ့အပတ် အန်ဖီးလ်ကွင်းမှာ ဂိုးမပေးခဲ့ရသလို သရေရလဒ်လည်း ရခဲ့တာကြောင့် အနည်းဆုံးတော့ ပျော်နေပါလိမ့်မယ်။ ဒါပေမယ့် ဝက်စ်ဟမ်းကွင်းက ကစားရခက်တဲ့ ကွင်းတွေထဲ ပါပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဒီပွဲကို သရေပွဲလို့ပဲ ခန့်မှန်းချင်ပါတယ်။

ခန့်မှန်းရလဒ် – ဝက်စ်ဟမ်း ၁-၁ မန်ယူ

Photo Credit: Sky Sports

လီဗာပူးနဲ့ အာဆင်နယ် (စနေနေ့ည ၁၂နာရီ)

ဒီပွဲက အန်ဖီးလ်ကွင်းထဲမှာ မြင်ရမယ့် နောက်ထပ် ပွဲကောင်း တပွဲပါ။ ကျွန်တော်ကတော့ ဒီပွဲဟာ သရေရလဒ်နဲ့ပဲ အဆုံးသတ်မယ်လို့ ထင်ပါတယ်။ နှစ်သင်းစလုံးက ဘောလုံးကို ဘယ်လို ကစားရမလဲ ဆိုတာ သိသလို ပြိုင်ဘက်ကို ဘယ်လို တိုက်ခိုက်ရမလဲ ဆိုတာလည်း သိကြပါတယ်။ ကျွန်တော်ကတော့ အာဆင်နယ်ကသာ လီဗာပူးရဲ့ တရစပ် ဖိအားပေးပြီး ပရိသတ် အားပေးသံနဲ့ ဂိုးသွင်းဖို့ ကြိုးစားမယ့် ပွဲအစ ၁၀မိနစ်လောက်ကို ကောင်းကောင်း ထိန်းကစားနိုင်မယ် ဆိုရင် ဒီပွဲဟာ သရေရလဒ်နဲ့ပဲ အဆုံးသတ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ခန့်မှန်းရလဒ် – လီဗာပူး ၁-၁ အာဆင်နယ်

Photo Credit: Metro

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

ခရစ္စတယ် ပဲလေ့စ် ၁-၁ ဘရိုက်တန် (ပွဲပြီးရလဒ် ပဲလေ့စ် ၁-၁ ဘရိုက်တန်)

ဗီလာ ၂-၀ ရှက်ဖီးလ် ယူနိုက်တက်

နော်တင်ဟမ် ဖောရက်စ် ၁-၁ ဘုန်းမောက်

ဖူလ်ဟမ် ၃-၁ ဘန်လေ

လူတန်တောင်း ၂-၁ နယူးကာဆယ်

ဝုလ်ဗ် ၁-၀ ချယ်လ်ဆီး

Exit mobile version