မန်ယူ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ ပေါ့ဘာအနေနဲ့ မတရား ဝေဖန်ခံနေရပြီး အသင်းမပြောင်းဘဲ မန်ယူအသင်းမှာ ဆက်ရှိနေသင့်တယ်လို့ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။ ကွင်းလယ်လူ ပေါ့ဘာဟာ ရီးရဲလ်အသင်း နဲ့ ဂျုဗင်တပ်အသင်းရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီး မန်ယူအသင်းကနေ ထွက်သွားနိုင်ချေ ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ မန်ယူအသင်းဟာ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ခေါ်ယူပြီးကတည်းက ပြင်သစ် ကွင်းလယ် ကစားသမား ပေါ့ဘာကို အလိုမရှိတော့ဘူးလို့လည်း သတင်းတွေ ထွက်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

သတင်းတွေက မျိုးစုံ ထွက်နေပေမဲ့လည်း မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ ပေါ့ဘာကို မန်ယူအသင်းမှာ ဆက်နေပြီး ဖာနန်ဒက်စ်နဲ့ တွဲကစားဖို့ တိုက်တွန်းသွားခဲ့ပါတယ်။ ဘာဘာတော့ဗ်ဟာ မန်ယူအသင်းမှာ (၄) နှစ်ကြာ ကစားခဲ့ပြီး မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၅၆) ဂိုး သွင်းယူခဲ့သလို ပရီးမီးယားလိဂ် ဖလားကို (၂) ကြိမ် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပေါ့ဘာဟာ ရီးရဲလ်အသင်း နဲ့ ဂျုဗင်တပ်အသင်းရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတာ ဖြစ်ပေမဲ့ ဘာဘာတော့ဗ်က ပေါ့ဘာအနေနဲ့ မန်ယူအသင်းမှာ ဆက်နေသင့်တယ်လို့ ပြောသွားပါတယ်။

Photo Credit: Goal

Betfair သတင်းမှာ ဘာဘာတော့ဗ်က “ပေါ့ဘာအကြောင်း နဲ့ သူ့ရဲ့ အနာဂတ် အကြောင်းကို နောက်တစ်ကြိမ် ပြောလာခဲ့ကြပါတယ်။ ကျွန်တော် သူ့ကို မန်ယူအသင်းမှာ ဆက်ရှိနေဖို့ နဲ့ မန်ယူအသင်းနဲ့၊ ဖာနန်ဒက်စ်နဲ့ တွဲကစားဖို့ လိုချင်ပါတယ်။ အဲဒီလို မဟုတ်ရင် သူ့ကို အမြဲတမ်း စောင့်နေတဲ့ အသင်းတွေ ရှိကြပါတယ်။ ရီးရဲလ်မက်ဒရစ်၊ ဂျုဗင်တပ် နဲ့ အခြားအသင်းတွေက သူ့ကို စောင့်ကြည့်နေကြပါတယ်။ ဒါပေမဲ့ သူက ဘယ်အသင်းမှာမဆို အံ့ဝင်ခွင့်ကျ ဖြစ်မှာပါ။ ပေါ့ဘာက မတရား ဝေဖန်ခံရနေပါတယ်။ အခြား ကစားသမားတွေလို သူ ဝေဖန်ခံရပါတယ်။ သူ ဘာလုပ်တယ် ဆိုတာ အရေးမကြီးပါဘဲ ဝေဖန်ခံနေရပါတယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။