မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းအနေနဲ့ လာမယ့် နှစ်မှာ ဆုဖလား ရရှိဖို့ စိန်ခေါ်နိုင်ကြောင်း နဲ့ ပြိုင်ဘက်အသင်းတွေ ဖြစ်တဲ့ မန်စီးတီးအသင်း နဲ့ လီဗာပူးလ်အသင်းကိုလည်း စိန်ခေါ်နိုင်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကိုဗစ်ကြောင့် ရပ်နားရတဲ့ ပြိုင်ပွဲ ပြန်စတင်ပြီးနောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် လက်ရှိရာသီကို အဆင့် (၃) နေရာနဲ့ ကုန်ဆုံးခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ကိုလည်း ရရှိသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

မန်ယူအသင်းဟာ လက်ရှိရာသီမှာ အဆင့် (၁) နေရာက လီဗာပူးလ်အသင်း နဲ့ အဆင့် (၂) နေရာက မန်စီးတီးအသင်းရဲ့ နောက် အဆင့် (၃) နေရာမှာ ရပ်တည်နေပြီး မန်ယူ တိုက်စစ်မှူးဟောင်းကတော့ မန်ယူအသင်းအနေနဲ့ မန်ချက်စတာအသင်းတွေကို စိန်ခေါ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ လက်ရှိရာသီမှာ ယူရိုပါလိဂ် ဆုဖလား ရရှိနိုင်ချေရှိတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပြီး အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ မန်ယူအသင်းအနေနဲ့ ဆုဖလား စိန်ခေါ်နိုင်တဲ့ အသင်း ဖြစ်နိုင်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

Betfair မှာ ဘာဘာတော့ဗ်က “ဆုဖလား ပြိုင်ဘက်အသင်းတွေ နည်းနေကြတော့ ကျွန်တော့်ရဲ့ အမြင်မှာ မန်ယူအသင်းက ခက်ခဲတဲ့ အချိန် ဖြစ်နေရင်တောင် ဆုဖလားကို စိန်ခေါ်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ လွန်ခဲ့တဲ့ နှစ် အနည်းငယ်မှာ ဆုဖလားကို စိန်ခေါ်ခဲ့တယ်။ ဒါပေမယ့် မန်ယူအသင်းက ဆုဖလားကို စိန်ခေါ်ဖို့ လိုအပ်တယ် ဆိုတဲ့ အချက်က ကျန်ရှိနေပါသေးတယ်။ သူတို့က နောက်ရာသီမှာ မန်စီးတီးအသင်း နဲ့ လီဗာပူးလ်အသင်းကို စိန်ခေါ်နိုင်ဖို့အတွက် ဆိုရင် တိုးတတ်ဖို့ လိုအပ်နေပါသေးတယ်။ ဒါပေမယ့် သူတို့ စိန်ခေါ်နိုင်ပါတယ်။ ရာသီတိုင်းကတော့ ခြားနားပြီး အတက်၊အကျ မတူပါဘူး။ မျှော်လင့်ထားတဲ့ အသင်းကလည်း ကောင်းစွာ ရာသီကို မကုန်ဆုံးနိုင်ပါဘူး။ ဒါပေမယ့် မန်ယူအသင်းက အချို့ ခေါ်ယူမှုတွေကို ပြုလုပ်သွားမယ် ဆိုရင် သူတို့ကို ဆုဖလား စိန်ခေါ်နိုင်တဲ့ အသင်း အဖြစ် မျှော်လင့်လို့ ရပါတယ်”လို့ ပြောသွားပါတယ်။