ကဲ အပတ်စဉ် တင်ဆက်ပေးနေကြ ဘာဘာတော့ဗ်ရဲ့ ပွဲကြို ခန့်မှန်းသုံးသပ်ချက်ကို တင်ဆက်ပေးရမယ့် အချိန်အခါကို ပြန်လည် ရောက်ရှိလာပါပြီ။ ဒီတပတ်မှာ အာဆင်နယ်နဲ့ စပါး ၊ လီဗာပူးနဲ့ ဝက်စ်ဟမ်းတို့လို စိတ်ဝင်စားစရာ ကောင်းတဲ့ ပွဲကောင်းတွေ ရှိနေတာကြောင့် ဘာဘာတော့ဗ်က ဘယ်လိုမျိုး ခန့်မှန်းချက်တွေ လုပ်ထားလဲ ဆိုတာ ဖတ်ရှုကြည့်လိုက်ရအောင်ဗျာ။

ဘန်လေနဲ့ မန်ချက်စတာ ယူနိုက်တက် (တနင်္ဂနွေနေ့ မနက် ၁နာရီခွဲ)

မန်ယူနိုက်တက်က ဒီလိုပွဲမျိုးကို အနိုင်ယူဖို့ အဆင်သင့် ဖြစ်နေရပါမယ်။ ယူနိုက်တက်က ဘိုင်ယန်မြူးနစ်နဲ့ပွဲမှာ အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေ အများကြီး ရခဲ့ပါတယ်။ သူတို့က အဲ့ဒီအချက်တွေကို ပိုတိုးတက်အောင် လုပ်ဖို့ပဲ လိုပါတယ်။ ကျွန်တော်ကတော့ ဒီပွဲမှာ ယူနိုက်တက်တို့ နိုင်သွားမယ်လို့ ထင်ပါတယ်။ တကယ်လို့ သူတို့သာ ဒီပွဲကို မနိုင်ခဲ့ရင် သူတို့ဟာ ကပ်ဆိုးတခုကို ရင်ဆိုင်ရပါလိမ့်မယ်။

ခန့်မှန်းရလဒ် – ဘန်လေ ၀-၂ မန်ချက်စတာ ယူနိုက်တက်

Photo Credit: The Sun

အာဆင်နယ်နဲ့ စပါး (တနင်္ဂနွေနေ့ည ၇နာရီခွဲ)

ဒီပွဲကတော့ ဘယ်အသင်းမဆို နိုင်သွားနိုင်တဲ့ ပွဲမျိုးပါ။ ဒီပွဲဟာ ဒါဘီပွဲပါ။ ဒီလိုပွဲမျိုးမှာ ဘယ်အသင်းက ဘယ်အဆင့်မှာ ရပ်တည်နေလဲ ဆိုတာ အရေးမကြီးပါဘူး။ ပိုပြီး စိတ်ဓာတ်ပြင်းထန်တဲ့ အသင်းက အနိုင်ရသွားမယ့် ပွဲမျိုးပါ။ ဒါပေမယ့် ဒီပွဲက သရေပွဲပဲ ဖြစ်သွားပါလိမ့်မယ်။

ခန့်မှန်းရလဒ် – အာဆင်နယ် ၂-၂ စပါး

လီဗာပူးနဲ့ ဝက်စ်ဟမ်း (တနင်္ဂနွေနေ့ည ၇နာရီခွဲ)

လတ်တလောမှာ လီဗာပူးရဲ့ ပွဲအစ ကစားပုံတွေက အတော်လေး လေးလံလွန်းနေပါတယ်။ ဝက်စ်ဟမ်းကတော့ ခြေစွမ်းကောင်းနေပါတယ်။ ဒါကြောင့် ဒီပွဲက သရေကျမယ့်ပွဲလို့ပဲ မြင်ပါတယ်။

ခန့်မှန်းရလဒ် – လီဗာပူး ၂-၂ ဝက်စ်ဟမ်း

Photo Credit: The Sun

ချယ်လ်ဆီးနဲ့ ဗီလာ (တနင်္ဂနွေနေ့ည ၇နာရီခွဲ)

ချယ်လ်ဆီးက ကစားသမားကောင်း များစွာ ပိုင်ဆိုင်ထားပေမယ့် အဲ့ဒီ ကစားသမားတွေက ဒဏ်ရာရနေကြပါတယ်။ သူတို့က လေ့ကျင့်ခန်း အစီအစဉ်တွေနဲ့ ဆေးကုသမှုအပိုင်းကို ပြန်ပြီး စစ်ဆေးကြည့်ဖို့ လိုနေပါပြီ။ ဒဏ်ရာရ ကစားသမား များနေတယ် ဆိုတာက တကယ်ကို ကြီးမားတဲ့ ပြဿနာ တခုပါ။ ဗီလာကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ နိုင်ထားပါတယ်။ ဘိုင်လေနဲ့ ဒီယာဘီတို့ရဲ့ လေဗာကူဆင် အတွဲအဖက်ကလည်း အလုပ်ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဒီပွဲမှာ ဗီလာဟာ နိုင်ပွဲ ရသွားလိမ့်မယ်လို့ ပြောချင်ပါတယ်။

ခန့်မှန်းရလဒ် – ချယ်လ်ဆီး ၁-၂ ဗီလာ

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

မန်စီးတီး ၃-၀ နော်တင်ဟမ် ဖောရက်စ်

ပဲလေ့စ် ၁-၁ ဖူလ်ဟမ်

လူတန် ၁-၁ ဝုလ်ဗ်

ဘရန့်ဖို့ဒ် ၁-၀ အဲဗာတန်

ဘရိုက်တန် ၂-၀ ဘုန်းမောက်

ရှက်ဖီးလ် ၁-၁ နယူးကာဆယ်