ကဲ ဒီဇင်ဘာလကို ရောက်ရှိနေပြီ ဆိုတော့ ပရိသတ်တွေ အကြိုက် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဆက်တိုက် ဆိုသလို ကြည့်ရှုနေရပါတယ်။ ဒီတကြိမ်မှာတော့ ကျွန်တော်တို့က အပြောင်းအလဲလေး ဖြစ်အောင် ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ ဘာဘာတော့ဗ်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ််(၁၅) အတွက် ပွဲကြို ခန့်မှန်းသုံးသပ်ချက်တွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။

Photo Credit: Sky Sports

ဝက်စ်ဟမ်းနဲ့ ချယ်လ်ဆီး (စနေနေ့ည ၇နာရီ)

ဒီပွဲက ပွဲကောင်းတပွဲ ဖြစ်မှာ အသေအချာပါပဲ။ လတ်တလောမှာတော့ ဝက်စ်ဟမ်းအသင်းက အနည်းငယ် ခြေကျနေပါတယ်။ ပြီးတော့ ချယ်လ်ဆီးအသင်းက ဝက်စ်ဟမ်းအသင်းထက် အရမ်းကို အားကောင်းနေတယ်လို့ မြင်မိပါတယ်။ ဒါကြောင့် ဒီပွဲမှာ ချယ်လ်ဆီးအသင်းကပဲ အနိုင်ရသွားမယ်လို့ ခန့်မှန်းချင်ပါတယ်။
ခန့်မှန်းရလဒ် – ဝက်စ်ဟမ်း ၁-၂ ချယ်လ်ဆီး

Photo Credit: Sky Sports

ဝုဗ်နဲ့ လီဗာပူး (စနေနေ့ည ၉နာရီခွဲ)

လီဗာပူးအသင်းက ဝုဗ်အသင်းထက် အပြတ်အသတ်ကို အသာစီး ရနေတဲ့ အသင်းပါ။ မိုဟာမက် ဆာလာက အခုချိန်မှာ ဘယ်အသင်းရဲ့ ခံစစ်ကြောင်းကိုမဆို ဖျက်ဆီးပစ်နိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ပွဲမှာ လီဗာပူးအသင်းရဲ့ ဂိုးပြတ်နိုင်ပွဲကို မြင်ရမယ်လို့ ထင်ပါတယ်။
ခန့်မှန်းရလဒ် – ဝုဗ် ၀-၃ လီဗာပူး

Photo Credit: Sky Sports

ဝက်ဖို့ဒ်နဲ့ မန်စီးတီး (စနေနေ့ည ၁၂နာရီ)

ဝက်ဖို့ဒ်အသင်းက မန်စီးတီးအသင်းကို အနိုင်ယူသွားတယ်လို့ မြင်ကြည့်စမ်းပါ။ ဘယ်သူမှတော့ ဒီလို ရလဒ်မျိုး ဖြစ်မယ်လို့ မထင်ကြပါဘူး။ ဒါပေမယ့် ဝက်ဖို့ဒ်အသင်းက ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်မှာ ခြေစွမ်းပိုင်း ကောင်းမွန်ခဲ့သလို မန်ချက်စတာ ယူနိုက်တက် အသင်းကိုလည်း အနိုင်ကစားထားပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းရဲ့ ခြေစွမ်းက ဝက်ဖို့ဒ်အသင်းထက် အတော်လေးကို သာနေပါတယ်။ အခုချိန်မှာလည်း ဘာနာဒို ဆေးလ်ဗားက အကောင်းဆုံး ခြေစွမ်းကို ရထားပါတယ်။ အက်စ်တွန်ဗီလာနဲ့ ပွဲစဉ်မှာ သူ သွင်းခဲ့တဲ့ သွင်းဂိုးက အတော်လေးကို ကောင်းသလို အဆုံးသတ်ပိုင်းကလည်း ပြီးပြည့်စုံပါတယ်။ သူက အကောင်းဆုံး ခြေစွမ်းကို ရနေတာကြောင့် ချီးကျူးမှုတွေနဲ့လည်း ထိုက်တန်သူပါ။ ဒါကြောင့် ဒီနေ့ပွဲမှာ ဝက်ဖို့ဒ်က မန်စီးတီးကို တားဆီးဖို့ ခက်မယ်လို့ ထင်ပါတယ်။
ခန့်မှန်းရလဒ် – ဝက်ဖို့ဒ် ၁-၃ မန်စီးတီး

Photo Credit: Sky Sports

မန်ယူနဲ့ ခရစ္စတယ် ပဲလေ့စ် (တနင်္ဂနွေနေ့ည ၈နာရီခွဲ)

လူတိုင်းက ရန်းဂ်နစ်ရဲ့ ပထမဦးဆုံး အိုးထရက်ဖို့ဒ်ပွဲကို စောင့်ကြည့်နေမှာ အသေအချာပါပဲ။ မန်ယူအသင်းရဲ့ ကစားသမားတွေက နည်းပြသစ်ရဲ့ လက်အောက်မှာ နေရာရရှိအောင် ဒီပွဲမှာ အစွမ်းကုန် ကြိုးစားဖို့ ရှိနေသလို အာဆင်နယ်အသင်းကို အနိုင်ရခဲ့တာကြောင့် သူတို့အသင်းရဲ့ ယုံကြည်မှုပိုင်းကလည်း မြင့်မားနေပါလိမ့်မယ်။ ဒါကြောင့် ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကပဲ အနိုင်ရသွားမယ်လို့ မြင်ပါတယ်။
ခန့်မှန်းရလဒ် – မန်ယူ ၂-၁ ပဲလေ့စ်

Photo Credit: Sky Sports

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ
နယူးကာဆယ် ၂-၀ ဘန်လေ
ဆောက်သမ်တန် ၁-၁ ဘရိုက်တန်
လိဒ် ၁-၀ ဘရန့်ဖို့ဒ်
စပါး ၁-၀ နောဝှစ်ချ်
ဗီလာ ၂-၁ လက်စတာ
အဲဗာတန် ၁-၀ အာဆင်နယ်