မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ ကစားသမားေဟာင္း ဘာဘာေတာ့ဗ္ကေတာ့ ယခု တစ္ပတ္မွာ ယွဥ္ၿပိဳင္ကစားရမယ့္ လီဗာပူးလ္နဲ႔ ယူနိုက္တက္တို႔ရဲ့ ပြဲစဥ္မွာ အသင္းေဟာင္း အေနနဲ႔ ဒဏ္ရာရွိေနတဲ့ ရက္ဖို႔ဒ္ကို အရဲစြန႔္ သုံးတာထက္ လူငယ္တိုက္စစ္မွူး ဂရင္းဝုဒ္ကို ရဲဝံ့စြာ သုံးသင့္တယ္လို႔ အႀကံေပးသြားခဲ့ပါတယ္။
Photo Credit: Metro.com
ရက္ဖို႔ဒ္ဟာ ဒီရာသီမွာ ယူနိုက္တက္အသင္း အတြက္ ဂိုးအမ်ားဆုံးသြင္းယူေပးနိုင္သူ ျဖစ္တာေၾကာင့္ လီဗာပူးလ္နဲ႔ပြဲမွာသာ မပါဝင္နိုင္ခဲ့ပါက အသင္းရဲ့ တိုက္စစ္အင္အားဟာ အနည္းငယ္ အားေလ်ာ့သြားနိုင္ဖြယ္ရွိတယ္လို႔ ေဘာလုံးကၽြမ္းက်င္သူေတြက သုံးသပ္ထားၾကေပမယ့္ ဘာဘာေတာ့ဗ္ကေတာ့ ဂရင္းဝုဒ္ကို ယုံၾကည္မွု ေပးသင့္ေၾကာင္း ဆိုသြားခဲ့ပါတယ္။
Photo Credit: Metro.com
ဂရင္းဝုဒ္နဲ႔ပတ္သတ္ၿပီး ဘာဘာေတာ့ဗ္က ” ဂရင္းဝုဒ္ရဲ့ အခ်ိန္ေတြ ေရာက္လာၿပီဆိုတာက သံသယဝင္စရာမလိုပါဘူး။ သူ႔အေနနဲ႔ ရက္ဖို႔ဒ္ မပါဝင္နိုင္တဲ့အခ်ိန္မွာ ကစားရလို႔ ဖိအားဝင္စရာ မရွိပါဘူး။ သူဟာ အသက္၁၈ႏွစ္ပဲ ရွိေသးေပမယ့္ ဒီရာသီမွာ ဂိုးေတြမ်ားစြာ သြင္းယူေပးထားသူပါ။ သူဟာ တိုက္စစ္မွူးေကာင္းျဖစ္ၿပီး အခြင့္အေရးရရင္ ရသလို ယူနိုင္သူပါ။ ဒါ့အျပင္ သူဟာ ဘယ္ေျခနဲ႔ အဆုံးသတ္တတ္သူျဖစ္ကာ ဂိုးေပါက္ထဲ ဘယ္လိုကန္သြင္းရမလဲဆိုတာ သိရွိသူလည္း ျဖစ္ပါတယ္ ” လို႔ ဆိုသြားခဲ့တာပါ။
Photo Credit: Metro.com
လီဗာပူးလ္အသင္းနဲ႔ ယူနိုက္တက္အသင္းရဲ့ အဂၤလန္ဒါဘီဟာ လာမယ့္ တနဂၤေႏြေန႔ညမွာ ၁၁နာရီအခ်ိန္ အန္ဖီးလ္ကြင္းႀကီးထဲမွာ ကစားၾကရမွာလည္း ျဖစ္ပါတယ္။ ပရိသတ္ေတြကေရာ ဘာဘာေတာ့ဗ္ရဲ့ အျမင္ကို ဘယ္လို ထင္ၾကလဲဗ်… ရက္ဖို႔ဒ္ကို အရဲစြန႔္သုံးသင့္လား… ဂရင္းဝုဒ္ကို ယုံၾကည္မွုေပးမလား….။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်း ဘာဘာတော့ဗ်ကတော့ ယခု တစ်ပတ်မှာ ယှဉ်ပြိုင်ကစားရမယ့် လီဗာပူးလ်နဲ့ ယူနိုက်တက်တို့ရဲ့ ပွဲစဉ်မှာ အသင်းဟောင်း အနေနဲ့ ဒဏ်ရာရှိနေတဲ့ ရက်ဖို့ဒ်ကို အရဲစွန့် သုံးတာထက် လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ကို ရဲဝံ့စွာ သုံးသင့်တယ်လို့ အကြံပေးသွားခဲ့ပါတယ်။
Photo Credit: Metro.com
ရက်ဖို့ဒ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်း အတွက် ဂိုးအများဆုံးသွင်းယူပေးနိုင်သူ ဖြစ်တာကြောင့် လီဗာပူးလ်နဲ့ပွဲမှာသာ မပါဝင်နိုင်ခဲ့ပါက အသင်းရဲ့ တိုက်စစ်အင်အားဟာ အနည်းငယ် အားလျော့သွားနိုင်ဖွယ်ရှိတယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပေမယ့် ဘာဘာတော့ဗ်ကတော့ ဂရင်းဝုဒ်ကို ယုံကြည်မှု ပေးသင့်ကြောင်း ဆိုသွားခဲ့ပါတယ်။
Photo Credit: Metro.com
ဂရင်းဝုဒ်နဲ့ပတ်သတ်ပြီး ဘာဘာတော့ဗ်က ” ဂရင်းဝုဒ်ရဲ့ အချိန်တွေ ရောက်လာပြီဆိုတာက သံသယဝင်စရာမလိုပါဘူး။ သူ့အနေနဲ့ ရက်ဖို့ဒ် မပါဝင်နိုင်တဲ့အချိန်မှာ ကစားရလို့ ဖိအားဝင်စရာ မရှိပါဘူး။ သူဟာ အသက်၁၈နှစ်ပဲ ရှိသေးပေမယ့် ဒီရာသီမှာ ဂိုးတွေများစွာ သွင်းယူပေးထားသူပါ။ သူဟာ တိုက်စစ်မှူးကောင်းဖြစ်ပြီး အခွင့်အရေးရရင် ရသလို ယူနိုင်သူပါ။ ဒါ့အပြင် သူဟာ ဘယ်ခြေနဲ့ အဆုံးသတ်တတ်သူဖြစ်ကာ ဂိုးပေါက်ထဲ ဘယ်လိုကန်သွင်းရမလဲဆိုတာ သိရှိသူလည်း ဖြစ်ပါတယ် ” လို့ ဆိုသွားခဲ့တာပါ။
Photo Credit: Metro.com
လီဗာပူးလ်အသင်းနဲ့ ယူနိုက်တက်အသင်းရဲ့ အင်္ဂလန်ဒါဘီဟာ လာမယ့် တနင်္ဂနွေနေ့ညမှာ ၁၁နာရီအချိန် အန်ဖီးလ်ကွင်းကြီးထဲမှာ ကစားကြရမှာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကရော ဘာဘာတော့ဗ်ရဲ့ အမြင်ကို ဘယ်လို ထင်ကြလဲဗျ… ရက်ဖို့ဒ်ကို အရဲစွန့်သုံးသင့်လား… ဂရင်းဝုဒ်ကို ယုံကြည်မှုပေးမလား….။