စပါးအသင်းနဲ့ မန်ယူအသင်းတို့မှာ ကစားခဲ့ဖူးတဲ့ ဘူလ်ဂေးရီးယားသားကြီး ဘာဘာတော့ဗ် ကတော့ သူ့ရဲ့အသင်းဟောင်းတစ်သင်းဖြစ်တဲ့ စပါးအသင်းရဲ့ အင်္ဂလန်ကြယ်ပွင့် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ သူ့လိုမျိုးပဲ စပါးအသင်းကနေ မန်ယူအသင်းထံကို ပြောင်းရွှေ့ကာ အောင်မြင် တဲ့ ကစားသမားဘဝကို ရရှိဖို့ လုပ်ဆောင်သင့် တယ်လို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ ဘာဘာတော့ဗ်ဟာ လီဗာကူဆင်အသင်းကနေ စပါးအသင်းထံကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း တိုက်စစ်မှူး တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပြီး စပါးအသင်းနဲ့အတူ ကားလင်းဖလားတစ်လုံးကို ရယူခဲ့အပြီးမှာ မန်ယူအသင်းထံကို ပြောင်းရွှေ့သွားခဲ့သူ တစ်ဦးပါ။

Photo Credit: Daily Star.com

ဘာဘာတော့ဗ်ဟာ မန်ယူအသင်းကို ပြောင်းရွှေ့ပြီးနောက်မှာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းဘုရင်ဆုကို ရရှိခဲ့သလို ပရီးမီးယားလိဂ်ဖလား အပါအဝင် ဆုဖလားပေါင်းများစွာကို ဆွတ်ခူး ခဲ့ပါတယ်။ လက်ရှိမှာတော့ စပါးအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ ဟယ်ရီကိန်း ဟာ စပါးအသင်းကနေ ထွက်ခွာဖို့အတွက် စဉ်းစားနေကြောင်း သတင်းတွေက ဖော်ပြထားကြပြီး ဟယ်ရီကိန်းကို ခေါ်ယူဖို့ မန်ယူအသင်းကလဲ စိတ်ဝင်စားလျက် ရှိနေပါတယ်။ ဒါ့ကြောင့် ဘာဘာတော့ဗ်က ဟယ်ရီကိန်းအနေနဲ့ စပါးအသင်းကနေ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ ကြိုးစားသင့်ကြောင်းနဲ့ ဟယ်ရီကိန်းရဲ့ အခြေအနေ ဟာ သူတွေ့ကြုံခဲ့ရတဲ့ အခြေအနေနဲ့ ဆင်တူကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Daily Star.com

ဟယ်ရီကိန်းအား မန်ယူအသင်းထံ ပြောင်းရွှေ့ ကစားသင့်ကြောင်းကို ဘာဘာတော့ဗ်က ” ကျွန်တော့်တုန်းက အခြေအနေနဲ့ ဟယ်ရီကိန်းရဲ့ အခြေအနေက အတော်လေးဆင်တူတာ များပါတယ်။ ပြီးတော့ ကျွန်တော် စပါးအသင်းကနေ ထွက်ခွာခဲ့တဲ့အချိန်နဲ့ အခုသူ့ရဲ့ အသက်အရွယ် ကလဲ ဆင်တူနေတယ်လို့ ခံစားနေရပါတယ်။ ဒီအချိန်ဟာ အောင်မြင်မှုအတွက် စတင်ပြီးတော့ တွေးတောရတော့မယ့် အချိန်ကာလပဲ ဖြစ်ပါတယ်။ ကျွန်တော်က စပါးအသင်းကနေ ထွက်ခွာချိန်မှာ စပါးအသင်းနဲ့အတူ ဖလားရခဲ့ပြီးတာတောင်မှ အသင်းမှာ ဆက်ရှိနေဖို့က အတော်လေး ဆုံးဖြတ်ရခက်နဲ့ ဆုံးဖြတ်ချက် တစ်ခုပါပဲ။ ကျွန်တော်က ကိုယ့်လမ်းစဉ်နဲ့ကိုယ် ရှိတဲ့သူတစ်ဦးပါ။ နိုင်ငံငယ်တစ်ခုက လာတဲ့ လူအတွက် ဥရောရဲ့အသင်းကြီးတစ်သင်းကို ပြောင်းခွင့်ရတဲ့ ခံစားချက်က အိမ်မက်တစ်ခုလိုပါပဲ။ စပါးအသင်းနဲ့ မန်ယူအသင်းနဲ့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိပါတယ်။ တက်ဒီ ရှရင်ဂမ်က စပါးကနေ မန်ယူဆီ သွားခဲ့တယ်။ ကျွန်တော်လည်း စပါးကနေ မန်ယူဆီသွားခဲ့တာပဲ။ အခု ဟယ်ရီကိန်းမှာ အခွင့်အရေး ရှိနေပါပြီ။ မန်ယူအသင်းက သူ့ကို ကမ်းလှမ်းဖို့ အသင့်ရှိတယ်လေ ” လို့ တိုက်တွန်းပြောဆို သွားခဲ့တာပါ။