ကဲ အပတ်စဉ် တင်ဆက်ပေးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ပွဲကြို ခန့်မှန်း သုံးသပ်ချက်တွေကို တင်ဆက် ပေးရမယ့် အချိန်အခါ ကျရောက်လာခဲ့ပြန်ပါပြီ။ ဒီတခါမှာတော့ ကျွန်တော်က ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ ဘာဘာတော့ဗ်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၅) အတွက် ပွဲကြို ခန့်မှန်း သုံးသပ်ချက်တွေကို စုစည်း တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit: 90 Mins

မန်ယူနဲ့ ဆောက်သမ်တန် (စနေနေ့ည ၇နာရီ)

ကျွန်တော်ကတော့ ဒီပွဲမှာ မန်ယူကို နိုင်စေချင်ပါတယ်။ ဒီပွဲက သူတို့တွေ မဖြစ်မနေ အနိုင်ယူရမယ့် ပွဲတပွဲလည်း ဖြစ်ပါတယ်။ ဘန်လေနဲ့ပွဲမှာ သရေရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် သူတို့တွေ နောက်ထပ်တခါ အမှား ထပ်လုပ်လို့ မရတော့ပါဘူး။ အဆင့်၄ အတွင်း ဝင်ရမယ် ဆိုတဲ့ ဖိအားကြောင့် ဒီနေ့ပွဲမှာ သူတို့တွေ အနိုင်ရအောင် ကြိုးပမ်းမယ်လို့ မှန်းဆထားပါတယ်။ ပြီးတော့ ရိုနယ်ဒိုကလည်း ဒီနေ့ပွဲမှာ ပွဲထွက် လူစာရင်း ကနေ ပါဝင်လာမယ်လို့လည်း ထင်ပါတယ်။ ဒါပေမယ့် ဆောက်သမ်တန်ကလည်း အခုချိန်မှာ ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် သူတို့မှာလည်း လူတွေကို အံ့အားသင့်သွားအောင် လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။
ခန့်မှန်းရလဒ် – မန်ယူ ၂-၁ ဆောက်သမ်တန်

Photo Credit: 90 Mins

စပါးနဲ့ ဝုဗ် (တနင်္ဂနွေနေ့ည ၈နာရီခွဲ)

ဝုဗ်က လတ်တလောမှာ ခြေစွမ်းကောင်းတွေ ရထားပြီး အနိုင်ယူဖို့ ခက်ခဲတဲ့ အသင်းတသင်းပါ။ ခင်ဗျားက ဝုဗ်ကို အနိုင်ယူချင်ရင် အတော်လေးကို ကြိုးစား အားထုတ်ဖို့ လိုအပ်ပါလိမ့်မယ်။ စပါးက ပွဲကျန်တွေ ကစားဖို့ ကျန်နေသေးသလို သူတို့လိုချင်တဲ့ နေရာဆီ ရောက်အောင် သွားနိုင်ဖို့ ရလာတဲ့ အခွင့်အရေးတွေကို မဖြစ်မနေ အသုံးချရပါမယ်။ ဒီနေ့ပွဲမှာတော့ သူတို့က ဝုဗ်ကို အနိုင်ရအောင် အစွမ်းကုန် ကြိုးစားဖို့ လိုအပ်ပြီး ၁-၀နဲ့ အနိုင်ရလဒ်ကလည်း သူတို့အတွက် ကောင်းမွန်တဲ့ ရလဒ်တခုပါ။
ခန့်မှန်းရလဒ် – စပါး ၁-၀ ဝုဗ်

Photo Credit: 90 Mins

လက်စတာနဲ့ ဝက်စ်ဟမ်း (တနင်္ဂနွေနေ့ည ၁၁နာရီ)

လက်စတာက ရလဒ်ဆိုးတွေနဲ့ ဆက်တိုက် ဆိုသလို ကြုံတွေ့နေရတာကြောင့် ဘရန်ဒန် ရော်ဂျာအပေါ် ဖိအားတွေက ပိုပြီး တိုးလာနေပါတယ်။ ဝက်စ်ဟမ်းကတော့ အခုချိန်အထိ အရှိန်အဟုန် ကောင်းကောင်းနဲ့ ဆက်သွားနေတဲ့ အသင်းတသင်းပါ။ သူတို့က ပွဲပိုတွေ ကစားထားပေမယ့် ရမှတ်တွေလည်း စုဆောင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဒီနေ့ပွဲမှာ ဝက်စ်ဟမ်းကပဲ အနိုင်ရလဒ်ကို သိမ်းပိုက်သွားနိုင်မယ်လို့ မြင်ပါတယ်။
ခန့်မှန်းရလဒ် – လက်စတာ ၁-၃ ဝက်စ်ဟမ်း

Photo Credit: 90 Mins

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ
ဝက်ဖို့ဒ် ၀-၁ ဘရိုက်တန်
ဘရန့်ဖို့ဒ် ၁-၁ ခရစ္စတယ် ပဲလေ့စ်
အဲဗာတန် ၂-၁ လိဒ်
နောဝှစ်ချ် ၀-၂ မန်စီးတီး
နယူးကာဆယ် ၂-၂ ဗီလာ
ဘန်လေ ၀-၂ လီဗာပူး