အပတ်စဉ် တင်ဆက်ပေးနေကြ ဘာဘာတော့ဗ်ရဲ့ ပရီးမီးယားလိဂ် ပွဲကြို ခန့်မှန်း သုံးသပ်ချက်တွေကို တင်ဆက်ပေးရမယ့် အချိန်အခါကို ရောက်ရှိလာပါပြီ။ ဒီတပတ်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးတို့ရဲ့ မန်ချက်စတာဒါဘီ ၊ ချယ်လ်ဆီးနဲ့ ဘရန့်ဖို့ဒ် စတဲ့ စိတ်ဝင်စားစရာ ကောင်းတဲ့ ပွဲကောင်းတွေ ရှိနေတာကြောင့် ဘာဘာတော့ဗ် တယောက် ဘယ်လို ခန့်မှန်းချက်တွေ လုပ်ထားမလဲ ဆိုတာ စောင့်ကြည့်လိုက်ရအောင်ဗျာ။

Photo Credit: 90 Min

ချယ်လ်ဆီးနဲ့ ဘရန့်ဖို့ဒ် (စနေနေ့ည ၆နာရီ)

ကျွန်တော်ကတော့ ဒီပွဲမှာ ချယ်လ်ဆီးနဲ့ပဲ နေချင်ပါတယ်။ ချယ်လ်ဆီးက တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ဆက်တိုက် ပြသနိုင်ဖို့ လိုပါတယ်။ သူတို့က အာဆင်နယ်နဲ့ပွဲမှာ အမြန်နှုန်းကို အားပြု ကစားခဲ့သလို ၂-၀ ဆိုတဲ့ ရလဒ်နဲ့လည်း ဦးဆောင်ခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် ၂-၀ ဖြစ်သွားချိန်မှာ သူတို့အသင်းက ကျစ်လျစ်တဲ့ ကစားပုံ တခုကို မပြနိုင်ခဲ့ပါဘူး။ အာဆင်နယ်လို အချိန်မရွေး ကိုယ့်ကို နာကျင်အောင် လုပ်နိုင်တဲ့ အသင်းမျိုးနဲ့ ကစားရချိန်မှာ ဦးဆောင်ဂိုးတွေကို ဘယ်လို ကာကွယ်ရမလဲ ဆိုတာ သိထားသင့်ပါတယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ သူတို့တွေ အဲ့လို အမှားမျိုး ထပ်လုပ်လို့ မရတော့ပါဘူး။ ချယ်လ်ဆီးမှာ ဘရန့်ဖို့ဒ်ကို အနိုင်ယူနိုင်တဲ့ အရည်အသွေးတွေ ရှိပါတယ်။

ခန့်မှန်းရလဒ် – ချယ်လ်ဆီး ၁-၀ ဘရန့်ဖို့ဒ်

 

Photo Credit: 90 Mins

အာဆင်နယ်နဲ့ ရှက်ဖီးလ် (စနေနေ့ည ၈နာရီခွဲ)

စာရွက်ပေါ်က အမြင်နဲ့ ကြည့်ရင် ဒီပွဲက အာဆင်နယ် အတွက် အရမ်းလွယ်ကူတဲ့ပွဲပါ။ တကယ်တမ်းလည်း ဒီပွဲမှာ အာဆင်နယ်တို့ အနိုင်ရသင့်ပါတယ်။ ကျွန်တော်ကတော့ အာဆင်နယ် အနိုင်ကိုပဲ ရွေးချင်ပါတယ်။ ရှက်ဖီးလ် ယူနိုက်တက်က ဒီရာသီမှာ ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အသင်းငယ်တွေ အတွက် ရာသီအစ ရလဒ်တွေဟာ အရမ်းကို အရေးကြီးပါတယ်။ တကယ်လို့ ရာသီအစမှာ ရလဒ်ကောင်းတွေ မရခဲ့ရင် အဲ့ဒီအသင်းက တန်းတင်ကျန်ရစ်ဖို့ အရမ်းကို ခက်သွားပါပြီ။

ခန့်မှန်းရလဒ် – အာဆင်နယ် ၃-၀ ရှက်ဖီးလ် ယူနိုက်တက်

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီး (တနင်္ဂနွေနေ့ည ၁၀နာရီ)

အရင်ဆုံး ပြောချင်တာ တခုက ဒီပွဲမှာ ယူနိုက်တက်ကသာ ကိုပင်ဟေဂင်ကို လွတ်လွတ်လပ်လပ် ကစားခွင့် ပေးခဲ့သလို စီးတီးကို လွတ်လွတ်လပ်လပ် ကစားခွင့် ပေးခဲ့ရင် သူတို့တွေ ဒီပွဲမှာ သေချာပေါက် ရှုံးနိမ့်ပါလိမ့်မယ်။ ဘောလုံးလောကမှာ အမှားတွေ လုပ်မိရင်တောင် ခင်ဗျားက ပွဲကို အသာစီး ပြန်ယူနိုင်မယ့် ပြိုင်ဘက်တွေ ရှိပါတယ်။ အဲ့ဒီပြိုင်ဘက်တွေက ကိုယ် အမှားလုပ်မိရင်တောင် ကိုယ့်အမှားကို အခွင့်အရေး ယူနိုင်မယ့် ပြိုင်ဘက်မျိုး မဟုတ်ပါဘူး။ ဒါပေမယ့် စီးတီးလိုမျိုး ကိုယ်က အမှားသေးသေးလေး တခု လုပ်လိုက်မိရင်တောင် ရာနှုန်းပြည့် အခွင့်အရေး ယူသွားမယ့် ပြိုင်ဘက်တွေလည်း ရှိပါသေးတယ်။ ဒါကြောင့် ယူနိုက်တက်က စီးတီးနဲ့ပွဲမှာ ၁၀၀ရာခိုင်နှုန်း အာရုံစိုက် ယှဉ်ပြိုင်ဖို့ လိုပါမယ်။ ကျွန်တော်ကတော့ ဒီပွဲကို သရေလို့ပဲ မှန်းချင်ပါတယ်။ တကယ်လို့ ယူနိုက်တက်သာ ရူးနှမ်းနှမ်း အမှားတွေ မလုပ်ခဲ့ရင် အနိုင်ရလဒ်တောင် ရရှိနိုင်တယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – မန်ချက်စတာ ယူနိုက်တက် ၁-၁ မန်ချက်စတာ စီးတီး

Photo Credit: Team Talk

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

ပဲလေ့စ် ၀-၂ စပါး (ပွဲပြီးရလဒ် ပဲလေ့စ် ၁-၂ စပါး)

ဘုန်းမောက် ၂-၁ ဘန်လေ

ဝုလ်ဗ် ၁-၁ နယူးကာဆယ်

ဝက်စ်ဟမ်း ၁-၀ အဲဗာတန်

ဘရိုက်တန် ၂-၁ ဖူလ်ဟမ်

ဗီလာ ၃-၀ လူတန်

လီဗာပူး ၂-၀ နော်တင်ဟမ် ဖောရက်စ်