ကဲ ပရီးမီးယားလိဂ်ပွဲတွေ ရှိတဲ့ အပတ်တိုင်း တင်ဆက်ပေးနေကြ ပွဲကြို ခန့်မှန်းသုံးသပ်ချက် အစီအစဉ်ကို ပြန်လည် တင်ဆက်ပေးရမယ့် အချိန်အခါကို ကျရောက်လာခဲ့ပြန်ပါပြီ။ ဒီတပတ်မှာ စပါးနဲ့ မန်ချက်စတာ ယူနိုက်တက် ၊ မန်ချက်စတာ စီးတီးနဲ့ နယူးကာဆယ် ပွဲတွေလို ပွဲကြီးပွဲကောင်းတွေ ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ရဲ့ ဂန္တဝင် တိုက်စစ်မှူး ဘာဘာတော့ဗ်ရဲ့ ပွဲကြို သုံးသပ်ချက်တွေကို တင်ဆက်ပေးသွားပါမယ်။ စလိုက်ရအောင်ဗျာ…။

Photo Credit: The Analyst

စပါးနဲ့ မန်ချက်စတာ ယူနိုက်တက် (စနေနေ့ည ၁၁နာရီ)

ဒီပွဲက ပွဲကောင်းတပွဲ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်က အဲ့ဒီပွဲကို ကိုယ်တိုင် သွားကြည့်မှာပါ။ တကယ်လို့ မန်ချက်စတာ ယူနိုက်တက်ကသာ ဝုလ်ဗ်နဲ့ ပွဲတုန်းက ခြေစွမ်းအတိုင်း ကစားမယ် ဆိုရင် သူတို့တွေ ကျိန်းသေ ရှုံးပါမယ်။ စပါးက ဘရန့်ဖို့ဒ်ကို ၂ဂိုး သွင်းနိုင်ခဲ့လို့ သူတို့ရဲ့ တိုက်စစ် ကစားပုံက ကောင်းနေတယ်လို့ မြင်ပါတယ်။ ဒါပေမယ့် သူတို့က ခံစစ်ပိုင်းမှာ တိုးတက်မှုတွေ ရှိဖို့ လိုအပ်ပါသေးတယ်။ ကျွန်တော်ကတော့ ဒီပွဲဟာ သရေပွဲပဲ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – စပါး ၂-၂ မန်ချက်စတာ ယူနိုက်တက်

Photo Credit: The Analyst

မန်စီးတီးနဲ့ နယူးကာဆယ် (တနင်္ဂနွေနေ့ မနက် ၁နာရီခွဲ)

ဒီပွဲက တကယ့် ပွဲကြီးပွဲကောင်းပါ။ လူတွေက နယူးကာဆယ်ကို အထင်မကြီးကြသေးပါဘူး။ ဒါပေမယ့် သူတို့အသင်းရဲ့ ခြေစွမ်းက တကယ်ကို ကောင်းနေတာပါ။ စီးတီးက နယူးကာဆယ်ကို လျှော့တွက်မှာ မဟုတ်ပေမယ့် ကျွန်တော်ကတော့ ဒီပွဲမှာ နယူးကာဆယ်က အံ့အားသင့်စရာ ကောင်းတဲ့ ခြေစွမ်းမျိုးတွေ ပြသနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီပွဲကလည်း သရေရလဒ်ပဲ ဖြစ်ပါလိမ့်မယ်။

ခန့်မှန်းရလဒ် – မန်စီးတီး ၂-၂ နယူးကာဆယ်

Photo Credit: Mirror

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

လီဗာပူး ၃-၀ ဘုန်းမောက်

ဝုလ်ဗ် ၁-၂ ဘရိုက်တန်

ဖူလ်ဟမ် ၁-၀ ဘရန့်ဖို့ဒ်

ဗီလာ ၂-၀ အဲဗာတန်

ဝက်စ်ဟမ်း ၀-၂ ချယ်လ်ဆီး

ပဲလေ့စ် ၁-၁ အာဆင်နယ်