မန်ယူအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က မန်ယူအသင်းဟာ ပြိုင်ပွဲပြန်စပြီးနောက် ခြေစွမ်းထက်မြက်လာတယ်လို့ ပြောခဲ့ပေမယ့်လည်း အရင်က အဆင့် (၁) နေရာရဖို့ အကြောင်းကို ပြောခဲ့ကြပြီး အခုတော့ အဆင့် (၄) နေရာရဖို့အကြောင်းပဲ ပြောနေရတယ်လို့ ပြောခဲ့ပါတယ်။ ပရီးမီးယားလိဂ် ဆုဖလားကို (၁၃) ကြိမ် ရရှိနိုင်ခဲ့တဲ့ မန်ယူအသင်းဟာ (၂၀၁၃) ခုနှစ်မှာ နည်းပြ ဖာဂူဆန် အနားယူပြီးနောက် တစ်စချင်းစီ ပျက်စီးလာခဲ့ပြီး နည်းပြ ဆိုးလ်ရှားရဲ့ လက်ထက်ကို ရောက်ရှိလာတဲ့ အချိန်မှာ တစ်ကျော့ပြန် ပုံစံကောင်းတွေကို ပြန်လည် ရရှိလာခဲ့ပါတယ်။

Photo Credit: Goal

မန်ယူ နည်းပြ ဆိုးလ်ရှားဟာ (၂၀၁၈) ခုနှစ်မှာ မန်ယူအသင်းကို ရောက်ရှိလာပြီးနောက် အသင်းအတွက် ကစားသမားသစ်တွေကို ခေါ်ယူခဲ့တဲ့ အချိန်မှာ ခေါ်ယူမှု မှန်ကန်ခဲ့တာကြောင့် အသင်းရဲ့ ရလဒ်လည်း သိသိသာသာ တိုးတတ်လာခဲ့ပြီး လမ်းကြောင်းမှန်ပေါ်  ပြန်ရောက်လာနိုင်ခဲ့ပါတယ်။ မန်ယူအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၅) ပွဲဆက် ရှုံးပွဲ မရှိခဲ့တော့တာ ဖြစ်ပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၄) နေရာ ရရှိဖို့ တိုက်ပွဲဝင်နေရတာကြောင့် မန်ယူအသင်းရဲ့ ကစားသမားဟောင်း ဘာဘာတော့ဗ်က မန်ယူအသင်းကို အားမရကြောင်း ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

ဘာဘာတော့ဗ်က “အခုအချိန်မှာ ခြေစွမ်းတည်ငြိမ်မှုက အဓိကသော့ချက်ပါပဲ။ ကျွန်တော်တို့ဟာ မန်ယူအသင်းအနေနဲ့ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ရလဒ်ကောင်း ရရှိခဲ့တယ် ဆိုတာကို မေ့ထားလို့ မရပါဘူး။ ဒါပေမယ့် အဲဒီအပေါ်မှာ အခြေခံပြီး တည်ဆောက်လို့ မရပါဘူး။ နောက်ပြီး သူတို့က ရမှတ်တွေ ဆုံးရှုံးခဲ့ပြီး သွင်းဂိုးတွေ မသွင်းနိုင်ခဲ့တာလည်း ရှိပါတယ်။ အခုအချိန်မှာတော့ သူတို့မှာ သူတို့ရဲ့ ဦးစားပေး ရှိနေပြီလို့ ကျွန်တော် ထင်ပါတယ်။ တကယ်လို့ သူတို့အနေနဲ့ ပြိုင်ပွဲ ပြန်စကတည်းက ပြသခဲ့တဲ့ ပုံစံအတိုင်း ဆက်လက် ကစားသွားမယ် ဆိုရင် သူတို့ ကောင်းမွန်စွာ ရာသီ အဆုံးသတ် နိုင်ပါတယ်။ မန်ယူ ကစားသမားတွေအနေနဲ့ စိတ်ပျော့လို့ မဖြစ်ဘူး။ သူတို့ စိတ်ပျော့မယ်လို့လည်း ကျွန်တော် မထင်ပါဘူး။ ကျွန်တော်တို့က မန်ယူအသင်း အဆင့် (၄) နေရာ ရဖို့အကြောင်း ပြောနေရပါတယ်။ အရင်ကတော့ အဆင့် (၁) နေရာရဖို့အကြောင်း ပြောနေခဲ့ကြပါတယ်”လို့ ပြောခဲ့ပါတယ်။