MySport Myanmar

အသင်းပြောင်းခွင့် ပေးဖို့ အတ်တီဟတ်ထံ တရားဝင် တောင်းဆိုခဲ့တဲ့ မန်ယူပစ်မှတ် ဘန်ဇီမာ

ဆော်ဒီ ထိပ်သီးကလပ် အယ် အတ်တီဟတ်ရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ကာရင် ဘန်ဇီမာက အသင်းတွင်း ဖိအားတွေကို သဘောမကျတာကြောင့် အသင်းပြောင်းခွင့် ပေးဖို့ အတ်တီဟတ်ရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုလိုက်ပြီလို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၆နှစ် အရွယ် ဝါရင့် ပြင်သစ်တိုက်စစ်မှူး ကာရင် ဘန်ီဇမာက ပြီးခဲ့တဲ နွေဈေးကွက်မှာမှ ရီးရဲလ်မက်ဒရစ် ကနေ အယ် အတ်တီဟတ်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အယ် အတ်တီဟတ်က သူ့ကို ၁နှစ် လုပ်ခလစာ ယူရို ၁၅၀သန်းနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: Euro Sports

ဘန်ဇီမာက အယ် အတ်တီဟတ်ထံ ရောက်ရောက်ချင်းမှာပဲ အသင်းခေါင်းဆောင် အဖြစ် ခန့်အပ်ခံခဲ့ရသလို အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ပွဲထွက် ကစားရင်း ပြိုင်ပွဲစုံ ၂၀ပွဲမှာ သွင်းဂိုး ၁၂ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့် စည်းကမ်းပိုင်း အားနည်းချက်တွေကြောင့် နည်းပြချုပ် ဂယ်လာဒိုက သူ့ကို အရန်ခုံဆီ ပို့ထားပါတယ်။

ဘန်ဇီမာက အသင်းရဲ့ တာဝန်ရှိသူ တချို့နဲ့ အဆင်မပြေ ဖြစ်ခဲ့ပြီးနောက် လေ့ကျင့်ရေးကွင်းဆီ လာရောက်ဖို့ ပျက်ကွက်ခဲ့သလို အသင်းရဲ့ ရာသီဝက်ပြင်ဆင်မှု ခရီးစဉ်ကိုလည်း ၁၇ရက် နောက်ကျပြီးမှ ပူးပေါင်းခဲ့တာကြောင့် နည်းပြချုပ် ဂယ်လာဒိုက သူ့ကို စိတ်ဆိုးနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Football Transfer

နာမည်ကြီး ပြင်သစ်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ L’equipeရဲ့ ဖော်ပြချက်အရ ဘန်ဇီမာက ပြင်းထန်လွန်းတဲ့ ဖိအားတွေကြောင့် ဆော်ဒီမြေကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီး သူ့ကို အသင်းပြောင်းခွင့် ပေးဖို့ အယ် အတ်တီဟတ်ရဲ တာဝန်ရှိသူတွေဆီ တရားဝင် တောင်းဆိုလိုက်ပြီလို့ သိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goalကလည်း ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က အသင်းပြောင်းခွင့် တောင်းဆိုထားတဲ့ ဘန်ဇီမာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မန်ချက်စတာ ယူနိုက်တက် အပြင် ချယ်လ်ဆီး ၊ အာဆင်နယ်တို့ကလည်း ဘန်ဇီမာကို ခေါ်ယူဖို့ စောင့်ကြည့်နေကြတယ်လို့ ဖော်ပြထားပါတယ်။

Exit mobile version