ရီးရဲလ်အသင်းရဲ့ ဥက္ကဌ ပီရက်စ်ကတော့ အသင်းရဲ့ တိုက်စစ်မှူး ဘန်ဇီမားဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမား ဖြစ်ပြီး ဘလွန်းဒီအော်ဆုကို ရရှိဖို့ ထိုက်တန်ပါတယ်လို့ ပြောခဲ့ပြီး ဘန်ဇီမားရဲ့ ကစားပုံက လက်ရှိ နည်းပြ ဇီဒန်းနဲ့ ဆင်တူတယ်လို့လည်း ခိုင်နှိုင်းသွားခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ လာလီဂါ ပြိုင်ပွဲ ပြန်စမခင်က အဆင့် (၂) နေရာမှာ ရမှတ် (၃) မှတ်အကွာနဲ ရပ်တည်နေခဲ့ပေမယ့်လည်း လာလီဂါ ပြန်ပွဲ ပြန်စတဲ့ အချိန်မှာ (၁၀) ပွဲဆက်တိုက် အနိုင်ရရှိခဲ့တဲ့ အတွက်ကြောင့် လက်ရှိရာသီမှာ လာလီဂါ ဆုဖလားကို ပြိုင်ပွဲမပြီးခင် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ရီးရဲလ်အသင်းဟာ မနေ့ညက ကစားသွားခဲ့တဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး ဘန်ဇီမားရဲ့ သွင်းဂိုး (၂) ဂိုးကြောင့် အနိုင်ရရှိခဲ့ပြီး လက်ကျန် ပွဲစဉ် (၁) ပွဲ ကစားဖို့ ကျန်နေသေးတဲ့ အချိန်မှာ အဆင့် (၂) နေရာက ဘာစီလိုနာအသင်းကို ရမှတ် (၇) မှတ် ဖြတ်ထားလို့ လာလီဂါ ဆုဖလား ရရှိခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ (၃၄) ကြိမ်မြောက် လာလီဂါ ဆုဖလားကို ရရှိခဲ့တာ ဖြစ်ပြီး ရီးရဲလ်အသင်းရဲ့ ဥက္ကဌ ပီရက်စ်က မနေ့ညက ပွဲစဉ်မှာ သွင်းဂိုး (၂) ဂိုး သွင်းယူနိုင်ခဲ့တဲ့ အသင်းရဲ့ တိုက်စစ်မှူး ဘန်ဇီမားကို ဘလွန်းဒီအော်ဆု ရရှိသင့်ပါတယ်လို့ အခိုင်အမာ ပြောကြားသွားတာ ဖြစ်ပါတယ်။

Photo Credit: Goal

El Transistor မှာ ရီးရဲလ် ဥက္ကဌ ပီရက်စ်က “ဘန်ဇီမားက ဘလွန်းဒီအော်ဆုကို ရသင့်ပါတယ်။ ဒီနှစ်မှာ သူလို ကောင်းတဲ့ အခြား ကစားသမား တစ်ယောက်ကိုမှ မမြင်ဘူး။ သူက ကမ္ဘာပေါ်မှာ ဝေဖန်ခံရဆုံး ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမား ဖြစ်နေဆဲပါပဲ။ သူ ကစားနေတဲ့ ပုံစံအရ ဆိုရင်တော့ သူက အထောင် တိုက်စစ်မှူး ဖြစ်ပြီးတော့ ရော်နယ်ဒို နာဇာရီယိုထက် ဇီဒန်းနဲ့ ပို တူပါတယ်။ သူက ရီးရဲလ်အသင်းမှာ လွန်ခဲ့တဲ့ (၂၀၀၉) ခုနှစ်ကတည်းက ကစားခဲ့ပြီး ဒါက သူ့ရဲ့ ဖြစ်တည်မှု အားလုံးပါပဲ”လို့ ပြောသွားတာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ လက်ရှိရာသီ လာလီဂါ ပြိုင်ပွဲမှာ နောက်ဆုံး ပွဲစဉ်အဖြစ် လီဂါနက်စ်အသင်းနဲ့ ကစားပြီးရင် ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယ အကျော့ ပွဲစဉ်မှာ ပထမအကျော့ ပွဲစဉ်က (၂-၁) ရလဒ်နဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲက မန်စီးတီးအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။