မနေ့ညက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အိမ်ရှင်ချယ်လ်ဆီးအသင်းဘက်ကို ဟက်ထရစ် သွင်းယူခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းအတွက် အဖိုးတန် နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူးကြီး ကာရန်ဘန်ဇီမာကို သူရဲ့အသင်းဖော်ဟောင်း ဖြစ်ခဲ့ဖူးတဲ့ ရီးယဲလ်ဂိုးသမားဟောင်းကြီး ကာဆီးလက်စ်က စွမ်းအားရှင်အဖြစ်နဲ့ရော ဘုရားသခင်လို့ပါ တင်စားညွှန်းဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၄)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ဝါရင့်တိုက်စစ်ကစားသမားကြီး ဘန်ဇီမာဟာ ဒီနှစ်ဘောလုံးရာသီမှာ ရီးယဲလ်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသလျက်ရှိနေပြီး တစ်ရာသီအတွင်း အသင်းအတွက် (၃၆)ပွဲ ကစားထားရာ (၃၇)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို ရီးယဲလ် နောက်ဆုံးကစားထားခဲ့တဲ့ ပြိုင်ပွဲစုံ (၅)ပွဲမှာ ဘန်ဇီမာက ဘာစီလိုနာပွဲကိုသာ ဒဏ်ရာကြောင့် လွဲချော်ခဲ့ရတာဖြစ်ပြီး ကျန်တဲ့ပွဲတွေမှာ ပွဲတိုင်း ဂိုးသွင်းခဲ့သလို အဲ့ဒီ (၄)ပွဲအတွင်း သူရဲ့စုုစုပေါင်း သွင်းဂိုးအရေအတွက်က (၁၀)ဂိုးထိကို ရှိနေပါတယ်။

KB9 LO ES TODO: La reacción viral de Iker Casillas tras ver el hat-trick de  Karim Benzema contra el Chelsea - SOMOS INVICTOS

Photo Credit : Somos Invictos

ပီအက်စ်ဂျီအသင်းကို အနိုင်ယူ ကျော်ဖြတ်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲနဲ့ မနေ့ညက စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချယ်လ်ဆီးကို အနိုင်ယူခဲဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲတွေမှာ ဟက်ထရစ် (၂)ကြိမ်ဆီ ဆက်တိုက်သွင်းယူထားနိုင်တဲ့ ဘန်ဇီမာနဲ့ပတ်သက်ပြီး နည်းပြကြီး အန်စလော့တီက “ဘန်ဇီမာ ဘာတွေ ခြားနားလာပါသလဲ။ သူရဲ့ ခေါင်းဆောင်မှု စွမ်းရည်မှာလား။ အခုက သူ ခေါင်းဆောင်တစ်ဦး ဖြစ်နေပါပြီ။ သူက တစ်နေ့ထက်တစ်နေ့ အသင်းအတွက် ပိုပိုပြီးကို အရေးကြီးလာတယ်လို့ ခံစားလာမိတယ်။ သူက ပို ကောင်းသထက် ကောင်းလာပါပြီ” လို့ မှတ်ချက်ပြု ပြောဆိုခဲ့သလို ဘန်ဇီမာရဲ့အသင်းဖော်ဟောင်း ရီးယဲလ်ဂိုးသမားဟောင်းကြီး ကာဆီးလက်စ်ကလည်း “K9 က Spiderman ပါ။ K9 က Wolverine ပါ။ K9 က ဒီအဆောက်အဦးရဲ့ ဧည့်ကြိုသူပါ။ K9 က သင်ရဲ့ အချစ်ရဆုံး သူငယ်ချင်းပါ။ K9 က သင်ရဲ့အဖွားပါ။ K9 က အမေရိကန်နိုင်ငံရဲ့ သမ္မတပါ။ K9 က သင်နဲ့အတူ လေထီးခုန်မယ့် နည်းပြတစ်ဦးပါ။ K9 က သင်ရဲ့ အုပ်ထိန်းသူပဲ။ K9 က ဘုရားသခင်ပဲ” လို့ ညွှန်းဆိုသွားခဲ့ပါတယ်။ ဘန်ဇီမာရဲ့ အံ့မခန်း စွမ်းဆောင်ရည်ကို မိုဒရစ် ဗင်နီစီယပ်စ်တို့လို အသင်းဖော်တွေနဲ့အတူ ရီးယဲလ်အသင်း ပရိသတ်တွေကလည်း ဝိုင်းဝန်းချီးကျူး ထောပနာပြုခဲ့ကြပါသေးတယ်။