ရီးယဲလ်အသင်းရဲ့ ဝါရင့် တိုက်စစ်ကစားသမားကြီး ကာရန်ဘန်ဇီမာဟာ ဒီနေ့ည Super Sunday မှာ ကျင်းပသွားမယ့် ဘာစီလိုနာအသင်းနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ El Clascio လာလီဂါပွဲမှာ ပါဝင်ကစားသွားဖို့ အခြေအနေကောင်းနေတယ်လို့ သိရှိရပါတယ်။

3 strikers who could replace Karim Benzema at Real Madrid

Photo Credit : The Real Champs

၂၀၂၂ခုနှစ်ရဲ့ Ballon d’Or ဆုရှင် ဘန်ဇီမာဟာ ဒီ ၂၀၂၃ခုနှစ်ထဲမှာ ကြွက်သားဒဏ်ရာ ခြေချင်းဝတ်ဒဏ်ရာတွေကြောင့် ပွဲ(၄)ပွဲခန့်အထိ လွဲချော်ထားခဲ့ရပေမယ့် ဘာစီလိုနာနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ အလားအလာကောင်းနေပါတယ်။ ပြီးခဲ့တဲ့ ကြားရက်က ဆန်တီယာဂိုဘာနေဗျူးကွင်းမှာ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း အသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူပြီး ဒဏ်ရာရသွားဟန် ရှိနေတဲ့ ဘန်ဇီမာဟာ El Clascio ပွဲကို ကစားဖို့ မသေမချာ ဖြစ်လာခဲ့ရပေမယ့်လည်း ကြံခိုင်မှုအပြည့်နဲ့ ပွဲထွက်လာဖွယ်ပါ ရှိနေတယ်လို့ သိရပါတယ်။ ရီးယဲလ်နည်းပြကြီး ကားလို့အန်စလော့တီကလည်း ဘန်ဇီမာက ကြံခိုင်နေပြီဖြစ်လို့ ဘာစီလိုနာနဲ့ပွဲအတွက် အသင့်ဖြစ်နေလိမ့်မယ်လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ရီးယဲလ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ ဒီရာသီအတွင်းမှာ (၃)ကြိမ်အထိ တွေ့ဆုံထားခဲ့ရပြီး ဘာနေဗျူးမှာ (၂)ကြိမ် ဆော်ဒီအာရေဗျမှာ (၁)ကြိမ် ဆုံတွေ့ခဲ့ရာ ဘာနေဗျူးမှာ ကစားခဲ့တဲ့ လာလီဂါ ပွဲတစ်ပွဲတည်းကိုသာ ရီးယဲလ်က အနိုင်ရထားခဲ့ကာ ဆော်ဒီမှာ ကျင်းပတဲ့ စပိန်စူပါဖလား ဖိုင်နယ်ပွဲနဲ့ ဘာနေဗျူးမှာပဲ ကစားခဲ့ရတဲ့ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ပကျော့တွေမှာတော့ ဘာစီလိုနာကပဲ အနိုင်ရခဲ့ပါတယ်။ လက်ရှိ လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာလည်း ဘာစီလိုနာအသင်းကပဲ ဒုတိယနေရာက ရီးယဲလ်အသင်းကို (၉)မှတ်နဲ့ အပြတ်အသတ် ဦးဆောင်လို့နေတာဖြစ်လို့ ဒီပွဲက လာလီဂါရဲ့ လက်ရှိချန်ပီယံ ရီးယဲလ်အတွက် ပိုလို့တောင် အရေးကြီးနေရပါတယ်။

Pedri, Dembélé, Alaba y Álvaro Rodríguez no entran en la convocatoria para  el Clásico | Flashscore.es

Photo Credit : Flesh Score

ဒီရာသီရဲ့ စတုတ္ထအကြိမ်မြောက်အဖြစ် ယှဉ်ပြိုင်သွားရမယ့် El Clascio ဒါဘီပွဲစဉ်မှာ အိမ်ရှင် ဘာစီလိုနာဘက်က ကွင်းလယ်လူ ပတ်ဒရီနဲ့ တောင်ပံတိုက်စစ် ကစားသမား အူစမန်ဒမ်ဘီလီတို့ လွဲချော်သွားရမှာဖြစ်ပြီး ရီးယဲလ်ဘက်ကတော့ နောက်ခံလူ ဒေးဗစ်အလာဘာ ကြွက်သားဒဏ်ရာကြောင့် လွဲချော်မှာပဲ ဖြစ်ပါတယ်။