ရီးယဲလ်မက်ဒရစ်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့့လာဖို့ အတော်လေး နီးစပ်ခဲ့ပြီးမှ လက်ရှိကလပ် ပီအက်စ်ဂျီအသင်းနဲ့ပဲ (၃)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုလိုက်တဲ့ ကီလီယန်အမ်ဘာပေရဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ဆိုးဒေါသထွက်နေစရာတွေ ရှိမနေဘူးလို့ ဘာပေရဲ့ ပြင်သစ်အသင်းဖော် ရီးယဲလ်တိုက်စစ်ကစားသမားကြီး ကာရန်ဘန်ဇီမာက ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Kylian Mbappé saga shows football's power lies with players, not clubs |  Soccer | The Guardian

Photo Credit : The Guardian

အသက်(၂၃)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဆာလီဘာဟာ သူငယ်စဉ်ကတည်းက အားပေးလာခဲ့တဲ့ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ကစားရဖို့အတွက် အကြောင်းဖန်လာခဲ့ပေမယ့်လည်း ပီအက်စ်ဂျီဘက်က ဘာပေကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အပီအပြင် ကြိုးပမ်းခဲ့ရာကနေ နောက်ဆုံးမှာတော့ ဘာပေက ရီးယဲလ်ကို ပယ်ချခဲ့ပြီး ပီအက်စ်ဂျီနဲ့ပဲ ၂၀၂၅ခုနှစ်အထိ သက်တမ်းတိုးသွားခဲ့ပါတယ်။ ဘောလုံးအသိုင်းအဝိုင်း တစ်ခုလုံးနီးပါးက ဘာပေကို ရီးယဲလ်အသင်းဆီ ရောက်လာလိမ့်မယ်လို့ တွက်ဆထားခဲ့ကြသလို ရီးယဲလ်အသင်းရဲ့ တိုက်စစ်ကစားသမား ဘန်ဇီမာပါ သူရဲ့လက်ရွေးူစင်အသင်းဖော် ဘာပေနဲ့ ကလပ်အသင်းမှာလည်း တွဲဖက်ကစားရတော့မယ်လို့ မျှော်လင့်ထားခဲ့ပြီးမှ ဘာပေရဲ့ ဆုံးဖြတ်ချက် အပြောင်းအလဲကြောင့် မျှော်လင့်ချက်တွေ အဆုံးသတ်သွားခဲ့ရတာ ဖြစ်ပါတယ်။

Benzema And Mbappé jointed when finalising the meeting in...

Photo Credit : FC Barcelona Noticias

ဒီအခြေအနေနဲ့ပတ်သက်ပြီး ဘန်ဇီမာက “ဒါကို သူဆုံးဖြတ်ချက် ချဖို့အတွက် နှစ်တွေအတော်ကြာခဲ့ရတယ်။ ဒါက သူရဲ့ရွေးချယ်မှုပဲ။ ကျွန်တော် သူ့ကို အကောင်းဆုံး ဖြစ်စေချင်တယ်။ အရင်က ပြောခဲ့သလိုပဲ။ သူ့ကို ရီးယဲလ်မက်ဒရစ်အသင်းမှာ ကစားစေချင်ပါတယ်။ ဒီအကြောင်းကို သိပ်မပြောလိုပါဘူး။ ကျွန်တော် စိတ်လည်းဆိုးမနေပါဘူး။ တခြားအရာတွေကို နားထောင်နေရတာထက် ပိုပြီး အရေးကြီးတဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ပွဲကိုသာ အာရုံစိုက်နေတယ်လို့ပဲ ပြောလို့ရနိုင်ပါတယ်။ နောက်ပြီး အခုအချိန်က ဒီလိုအကြောင်းအရာလေးတွေကို ပြောဆိုနေရမယ့်အချိန် မဟုတ်ပါဘူး” လို့ တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။ ဒီလို အခြေအနေမျိုးကြောင့် ရီးယဲလ်အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ အသင်းပရိသတ်တွေက ဘာပေအပေါ် အတော်လေး ဒေါသပုန်ထခဲ့ရပေမယ့် ဘာပေကတော့ သူရဲ့ဆုံးဖြတ်ချက်ဟာ ရီးယဲလ်အသင်းဆီကို ပြောင်းရွှေ့ဖို့ လုံးဝငြင်းဆိုခဲ့တာမျိုး မဟုတ်ပဲ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ သူရဲ့စိတ်ကူးအိမ်မက်အသင်းဆီကို ရအောင်ပြောင်းရွှေ့လာမယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။