ရီးရဲလ်အသင်းရဲ့ နံပါတ် (၉) တိုက်စစ်မှူး ဘန်ဇီမားကတော့ ဘလွန်းဒီအော်ဆုကို ရရှိဖို့အတွက် အချိန်တိုင်း တွေးတယ်လို့ ပြောသွားခဲ့တာ ဖြစ်ပြီး လက်ရှိရာသီမှာတော့ ကိုရိုနာ ဗိုင်းရပ်ကြောင့် ဘလွန်းဒီအော်ဆုကို ပေးအပ်မှာ မဟုတ်ဘူးလို့ ပြင်သစ် ဘောလုံး အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိရာသီမှာ ဘလွန်းဒီအော်ဆုကို ရရှိနိုင်ဆုံး သူတွေ အဖြစ် ရေပန်းစားတဲ့ ကစားသမား (၃) ဦးကတော့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါ့စကီး၊ ရီးရဲလ် တိုက်စစ်မှူး ဘန်ဇီမား နဲ့ မန်စီးတီး ကွင်းလယ်လူ ကစားသမား ဒီဘရှိုင်း စတဲ့ ကစားသမားကောင်းတွေပဲ ဖြစ်ကြပါတယ်။

 

Photo Credit: Goal

ဘလွန်းဒီအော်ဆုဟာ လွန်ခဲ့တဲ့ (၁၁) နှစ်အတွင်းမှာ (၁) နှစ်က လွဲရင် တိုက်စစ်မှူး မက်ဆီ နဲ့ တိုက်စစ်မှူး ရော်နယ်ဒိုက အလှည့်ကျ စိုးမိုးလာခဲ့တာ ဖြစ်ပြီး ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက (၆) ကြိမ်နဲ့ ဘလွန်းဒီအော်ဆုကို အများဆုံး ရရှိထားတဲ့ စံချိန်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ဘလွန်းဒီအော်ဆုကို ပေးအပ်တဲ့ ပြင်သစ် ဘောလုံး အဖွဲ့က လက်ရှိရာသီမှာ ဘလွန်းဒီအော်ဆု ပေးအပ်မှာ မဟုတ်ဘူးလို့ တရားဝင် ထုတ်ပြန်သွားခဲ့ပြီး ရီးရဲလ် တိုက်စစ်မှူး ဘန်ဇီမားကတော့ ဘလွန်းဒီအော်ဆုကို ရရှိဖို့ အချိန်တိုင်း တွေးတယ်လို့ ပြောကြားသွားလိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ရီးရဲလ် တိုက်စစ်မှူး ဘန်ဇီမားဟာ သူ့ရဲ့ ကိုယ်ပိုင် Youtube အကောင့်မှာ ဘလွန်းဒီအော်ဆုကို ရရှိဖို့ တွေးပါသလားလို့ အမေးခံရတဲ့အချိန်မှာ သူက “သေချာတာပေါ့။ အချိန်တိုင်း တွေးတယ်။ ငယ်ငယ်ကတည်းက တွေးခဲ့ပါတယ်။ ဒါပေမယ့် ဒီဆုက ကျွန်တော့်ကို ရှုးသွပ်စေတဲ့ အရာတော့ မဟုတ်ပြန်ဘူး။ ကိုယ်က ပရော်ဖယ်ရှင်နယ် ကစားသမား တစ်ဦး ဖြစ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အခါမှာ ဘယ်သူမဆို ဘလွန်းဒီအော်ဆုကို တွေးကြပါလိမ့်မယ်။ ကျွန်တော်ကတော့ ကျွန်တော် ကစားတဲ့ နေရာနဲ့ ကိုယ့်ကိုကိုယ် မသတ်မှတ်ဘူး။ နံပါတ် (၉) ဖြစ်ဖြစ်၊ မဖြစ်ဖြစ်၊ နံပါတ် (၁၀) ဒါမှမဟုတ် နံပါတ် (၁၁) ဖြစ်ဖြစ် ကစားတဲ့ နေရာနဲ့ ကိုယ့်ကိုကိုယ် မသတ်မှတ်ဘူး။ ကျွန်တော် ကစားသမား တစ်ယောက် ဖြစ်ပြီးတော့ ကမ္ဘာ့ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်အောင် ကြိုးစားနေပါတယ်”လို့ မေးမြန်းမှုကို ပြန်လည် ဖြေကြားသွားလိုက်တာ ဖြစ်ပါတယ်။