မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်ယူဖို့ကြိုးပမ်းခဲဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ဆော်ဒီမင်းသားဟာ အခုဆိုရင် ယူနိုက်တက်အသင်းကို ဝယ်ယူဖို့မလွယ်ကူတော့တာကြောင့် နယူးကာဆဲလ်အသင်းကိုပဲ ပေါင်သန်း၃၄၀နဲ့ ဝယ်ယူဖို့ ပြောင်းလဲကြိုးစားလာခဲ့ပါတယ်။ တကယ်လို့သာ ဝယ်ယူဖြစ်မယ်ဆိုရင် အသင်းကို အပြောင်းအလဲတွေများစွာ ပြုလုပ်သွားဖို့ရှိနေကာ ပထမဆုံးအနေနဲ့ အသင်းနည်းပြ အပြောင်းအလဲကို လုပ်ဆောင်သွားဖွယ်ရှိနေပြီး ယခင်နည်းပြဟောင်း ရာဖေးလ်ဘင်နီတက်ဇ်ကို အသင်းဆီ ပြန်လည်ခေါ်ဆောင်ဖို့ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Getty Images

ဝါရင့်စပိန်နည်းပြကြီး ဘင်နီတက်ဇ်ဟာ နယူးကာဆဲလ်အသင်းမှာ ၂၀၁၆ခုနှစ်ကနေ  ၂၀၁၉ခုနှစ်အထိ ၃နှစ်ကြာအောင် ကိုင်တွယ်ဖူးခဲ့ပြီး အသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်တတ်လှမ်းနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ဆီ ပြန်မရောက်သွားအောင်လည်း လုပ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် အသင်းပိုင်ရှင်ဖြစ်သူ မိုက်ခ်အက်ရှ်လေနဲ့ ဆက်ဆံရေးပိုင်းမှာ အဆင်မပြေဖြစ်ခဲ့တာကြောင့် ဒီနှစ်ဘောလုံးရာသီအစမှာပဲ အသင်းနဲ့ လမ်းခွဲခဲ့ပြီး တရုတ်စူပါလိဂ်ကလပ် ဒါလီယန်ယီဖန်းအသင်းဆီ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Images

ဒါပေမယ့် နယူးကာဆဲလ်အသင်းကိုသာ ဆော်ဒီမင်းသားဘက်ကနေ ဝယ်ယူဖြစ်မယ်ဆိုရင်တော့ လက်ရှိနည်းပြ စတိဗ်ဘရုစ်ကို ထုတ်ပယ်ပြီး ဘင်နီတက်ဇ်ကို နည်းပြရာထူး ပြန်လည်ပေးအပ်ဖွယ်ရှိနေပါတယ်။ ဘင်နီတက်ဇ်ဟာ လီဗာပူးလ် ရီးရဲလ်မက်ဒရစ် အင်တာမီလန် ချယ်လ်ဆီး နာပိုလီတို့လို ထိပ်တန်းအသင်းကြီးပေါင်းများစွာကို ကိုင်တွယ်ခဲ့ဖူးသလို လာလီဂါ အက်အေဖလား ချန်ပီယံဖလား ယူရိုပါလိဂ်ဖလား ဥရောပစူပါဖလားတို့ကို ပိုင်ဆိုင်နိုင်ခဲ့ဖူးပါသေးတယ်။ ဘင်နီတက်ဇ်က နယူးကာဆဲလ် ကစားသမားတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တော်တစ်ယောက်ဖြစ်လို့ ဒီသတင်းက သူတို့တွေအားလုံးအတွက် သတင်းကောင်းတစ်ခုလို့ ယူဆလို့ရနိုင်ပြီး ဖြစ်နိုင်ခြေရှိတဲဲ့ သတင်းတစ်ပုဒ်လို့လည်း ကောက်ချက်ချထားခဲ့ကြပါတယ်။ လက်ရှိမှာတော့ နယူးကာဆဲလ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်၁၄နေရာမှာ ရပ်တည်နေပြီး ဇယားအောက်က နော်ဝစ်ချ်အသင်းနဲ့ ရမှတ်အထိ ကွာဟလို့နေပါတယ်။

(Zawgyi)

နယူးကာဆဲလ္နည္းျပအျဖစ္ ျပန္လည္ျမင္ေတြ႕ရဖြယ္ရွိတဲ႔ ရာေဖးလ္ဘင္နီတက္ဇ္

မန္ခ်က္စတာယူႏုိက္တက္အသင္းကုိ ဝယ္ယူဖုိ႔ႀကိဳးပမ္းခဲဲ႔တယ္လုိ႔ သတင္းေတြ ထြက္ေပၚခဲ႔တဲ႔ ေဆာ္ဒီမင္းသားဟာ အခုဆုိရင္ ယူႏုိက္တက္အသင္းကုိ ဝယ္ယူဖုိ႔မလြယ္ကူေတာ့တာေၾကာင့္ နယူးကာဆဲလ္အသင္းကုိပဲ ေပါင္သန္း၃၄၀နဲ႔ ဝယ္ယူဖုိ႔ ေျပာင္းလဲႀကိဳးစားလာခဲ႔ပါတယ္။ တကယ္လုိ႔သာ ဝယ္ယူျဖစ္မယ္ဆုိရင္ အသင္းကုိ အေျပာင္းအလဲေတြမ်ားစြာ ျပဳလုပ္သြားဖုိ႔ရွိေနကာ ပထမဆုံးအေနနဲ႔ အသင္းနည္းျပ အေျပာင္းအလဲကုိ လုပ္ေဆာင္သြားဖြယ္ရွိေနၿပီး ယခင္နည္းျပေဟာင္း ရာေဖးလ္ဘင္နီတက္ဇ္ကုိ အသင္းဆီ ျပန္လည္ေခၚေဆာင္ဖုိ႔ရွိေနတယ္လုိ႔ သိရွိရပါတယ္။

Photo Credit : Getty Images

ဝါရင့္စပိန္နည္းျပႀကီး ဘင္နီတက္ဇ္ဟာ နယူးကာဆဲလ္အသင္းမွာ ၂၀၁၆ခုႏွစ္ကေန  ၂၀၁၉ခုႏွစ္အထိ ၃ႏွစ္ၾကာေအာင္ ကုိင္တြယ္ဖူးခဲ႔ၿပီး အသင္းကုိ ခ်န္ပီယံရွစ္ကေန ပရီးမီးယားလိဂ္တတ္လွမ္းႏုိင္ေအာင္ စြမ္းေဆာင္ေပးနုိင္ခဲ႔သလုိ ပရီးမီးယားလိဂ္ကေန ခ်န္ပီယံရွစ္ဆီ ျပန္မေရာက္သြားေအာင္လည္း လုပ္ေဆာင္ႏုိင္ခဲ႔သူျဖစ္ပါတယ္။ ဒါေပမယ့္ အသင္းပုိင္ရွင္ျဖစ္သူ မုိက္ခ္အက္ရွ္ေလနဲ႔ ဆက္ဆံေရးပုိင္းမွာ အဆင္မေျပျဖစ္ခဲ႔တာေၾကာင့္ ဒီႏွစ္ေဘာလုံးရာသီအစမွာပဲ အသင္းနဲ႔ လမ္းခြဲခဲ႔ၿပီး တရုတ္စူပါလိဂ္ကလပ္ ဒါလီယန္ယီဖန္းအသင္းဆီ ေျပာင္းေရႊ႕သြားခဲ႔တာျဖစ္ပါတယ္။

Photo Credit : Getty Images

ဒါေပမယ့္ နယူးကာဆဲလ္အသင္းကုိသာ ေဆာ္ဒီမင္းသားဘက္ကေန ဝယ္ယူျဖစ္မယ္ဆုိရင္ေတာ့ လက္ရွိနည္းျပ စတိဗ္ဘရုစ္ကုိ ထုတ္ပယ္ၿပီး ဘင္နီတက္ဇ္ကုိ နည္းျပရာထူး ျပန္လည္ေပးအပ္ဖြယ္ရွိေနပါတယ္။ ဘင္နီတက္ဇ္ဟာ လီဗာပူးလ္ ရီးရဲလ္မက္ဒရစ္ အင္တာမီလန္ ခ်ယ္လ္ဆီး နာပုိလီတုိ႔လုိ ထိပ္တန္းအသင္းႀကီးေပါင္းမ်ားစြာကုိ ကုိင္တြယ္ခဲ႔ဖူးသလုိ လာလီဂါ အက္ေအဖလား ခ်န္ပီယံဖလား ယူရုိပါလိဂ္ဖလား ဥေရာပစူပါဖလားတုိ႔ကုိ ပုိင္ဆုိင္ႏုိင္ခဲ႔ဖူးပါေသးတယ္။ ဘင္နီတက္ဇ္က နယူးကာဆဲလ္ ကစားသမားေတြနဲ႔ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္တစ္ေယာက္ျဖစ္လုိ႔ ဒီသတင္းက သူတုိ႔ေတြအားလုံးအတြက္ သတင္းေကာင္းတစ္ခုလုိ႔ ယူဆလုိ႔ရႏုိင္ၿပီး ျဖစ္ႏုိင္ေျခရွိတဲဲ႔ သတင္းတစ္ပုဒ္လုိ႔လည္း ေကာက္ခ်က္ခ်ထားခဲ႔ၾကပါတယ္။ လက္ရွိမွာေတာ့ နယူးကာဆဲလ္အသင္းဟာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္၁၄ေနရာမွာ ရပ္တည္ေနၿပီး ဇယားေအာက္က ေနာ္ဝစ္ခ်္အသင္းနဲ႔ ၇မွတ္အထိ ကြာဟလုိ႔ေနပါတယ္။