MySport Myanmar

ဖာနန်ဒက်ဇ်အတွက် ယူရိုသန်း(၁၂၀)နဲ့သာ ကမ်းလှမ်းလာခဲ့ရင် ရောင်းထုတ်သွားနိုင်တဲ့ ဘင်ဖီကာ

Argentina's Enzo Fernandez with the trophy for Young Player of the Tournament following victory in the FIFA World Cup final at Lusail Stadium, Qatar. Picture date: Sunday December 18, 2022. PA Photo. See PA story WORLDCUP Final. Photo credit should read: Nick Potts/PA Wire. RESTRICTIONS: Use subject to restrictions. Editorial use only, no commercial use without prior consent from rights holder.

ဘင်ဖီကာအသင်းရဲ့ အသင်းဥက္ကဌဖြစ်သူ ရူအီကော်စတာက အသင်းရဲ့ ကြယ်ပွင့်ကစားသမားလေး အန်ဇိုဖာနန်ဒက်ဇ်ကို လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းကနေ လက်မလွတ်ချင်ပေမယ့်လည်း စာချုပ်လျော်ကြေး တန်ဖိုးအတိုင်းသာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ စဉ်းစားလာနိုင်တယ်လို့ သိရှိရပါတယ်။

Photo Credit : Twitter

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုအပြင် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး လူငယ်ကစားသမားဆုကိုပါ ပိုင်ဆိုင်ခဲ့ရတဲ့ ကွင်းလယ်ကစားသမားလေး အန်ဇိုဖာနန်ဒက်ဇ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မပြီးဆုံးခင်ကတည်းက သူ့ကို ဥရောပထိပ်သီး ကလပ်အသင်းများစွာကနေ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ရေးဗားပလိတ် ကစားသမားဟောင်း အန်ဇိုဟာ ဒီနှစ် နွေရာသီကမှ ရေးဗားပလိတ်ကနေ ဘင်ဖီကာအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘင်ဖီကာနဲ့လည်း ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူရဲ့ အရည်အသွေးကောင်းတွေကို ထုတ်ဖော် ပြသထားနိုင်ခဲ့ပါတယ်။

Photo Credit : Transfermarket

အသက်(၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ ကွင်းလယ်ကစားသမားလေး အန်ဇိုကို လက်ရှိမှာ ရီးယဲလ်မက်ဒရစ် ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးအသင်းတွေက အပြိုင် စိတ်ဝင်စားနေကြလျက် ရှိနေကြပြီး လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ပိုမို ထွက်ပေါ်လို့နေပါတယ်။ ဒီလို အသင်းကြီးတွေနဲ့ သတင်းထွက်နေရသူ အန်ဇိုနဲ့ ပတ်သတ်ပြီး ဘင်ဖီကာ အသင်းဥက္ကဌ ရူအီကော်စတာက “ကျွန်တော်တို့တွေ လာမယ့် ဇန်နဝါရီထဲမှာ အန်ဇိုဖာနန်ဒက်ဇ်ကို မဆုံးရှုံးချင်ပါဘူး။ ဒါပေမယ့် ယူရိုသန်း(၁၂၀)နဲ့ ကမ်းလှမ်းမယ့် ကိစ္စမှာတော့ ကစားသမားလေးကို စိတ်ကျေနပ်စေချင်ပါတယ်” လို့ ပြောဆိုလာပါတယ်။ သတင်းတွေမှာတော့ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ စာချုပ်လျော်ကြေးဖြစ်တဲ့ ယူရိုသန်း(၁၂၀) တန်ကြေးအတိုင်း ကမ်းလှမ်းထားတဲ့ အသင်း(၂)သင်း ရှိတယ်လို့ ဖော်ပြထားခဲ့ရာ ဒီကမ်းလှမ်းမှုက ဘင်ဖီကာအတွက် လက်ခံနိုင်လောက်တဲ့ ပမာဏ ဖြစ်နေတာကြောင့် ကစားသမားဘက်က ရွေးချယ်မှုသာ အဓိကကျလာနိုင်ပါတယ်။ လက်ရှိ အခြေအနေတွေအရ အန်ဇိုဖာနန်ဒက်ဇ်နဲ့ သတင်းအထွက်ဆုံးက ချယ်လ်ဆီးအသင်း ဖြစ်နေပြီး ချယ်လ်ဆီးဟာလည်း ယူရိုသန်း(၁၂၀)လောက် သုံးစွဲနိုင်တဲ့ အသင်းမျိုး ဖြစ်နေတာကြောင့် ဒီအပြောင်းအရွှေ့ ဖြစ်ပေါ်လာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။

Exit mobile version