ဒေါ့မွန်အသင်းရဲ့ဂျာမနီလက်ရွေးစင် ကွင်းလယ်ကစားသမား ဂျူလီယန်ဝိုင်ဂယ်ကတော့ အခုဆောင်းရာသီဈေးကွက်မှာပဲ ဒေါ့မွန်ကနေ ပေါ်တူဂီထိပ်သီးကလပ် ဘင်ဖီကာအသင်းဆီကို ယူရိုသန်း၂၀နဲ့ ပြောင်းရွှေ့သွားခဲ့ပြီး မကြာခင်မှာ ဘင်ဖီကာအသင်းနဲ့အတူ ပွဲထွက်ကစားရတော့မှာပဲဖြစ်ပါတယ်။ ကွင်းလယ်ခံစစ်ပိုင်းမှာ အဓိကပါဝင်ကစားခဲ့သူဖြစ်တဲ့ ဝိုင်ဂယ်ဟာ ဒေါ့မွန်အသင်းသားအဖြစ်နဲ့ ၅နှစ်လောက် ကျင်လည်ခဲ့ပြီးမှ ပီအက်စ်ဂျီ မန်စီးတီးအသင်းတို့ရဲ့ကမ်းလှမ်းမှုတွေကို လစ်လျူရှုပြီး ဘင်ဖီကာအသင်းဆီကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။


အသက်၂၄နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဝိုင်ဂယ်ဟာ ဒေါ့မွန်အသင်းနဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးမှ အခုလို ဘင်ဖီကာအသင်းဆီကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဒါကို ဘင်ဖီကာအသင်းရဲ့ပရိသတ်တစ်ဦးကနေ ထူးထူးခြားခြား ပုံစံတစ်ခုနဲ့ ကြိုဆိုသွားခဲ့ပါတယ်။ ဒူရာတီမန်ဒက်စ်လို့ အမည်ရတဲ့ ဘင်ဖီကာအသင်းရဲ့ပရိသတ်တစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ရက်နေ့ကပဲ သူရဲ့တွစ်တာစာမျက်နှာပေါ်မှာ ဝိုင်ဂယ်သာ ဘင်ဖီကာကို ရောက်ရှိလာခဲ့မယ်ဆိုရင် တစ်ကီလိုမီတာ အကွာအဝေးလောက်အထိ အဝတ်အစားမပါပဲ မိမွေးတိုင်းဖမွေးတိုင်းအတိုင်း ပြေးလွှားပြမယ်လို့ ရေးသားခဲ့တာကြောင့် အခုလို ဝိုင်ဂယ်ရောက်လာချိန်မှာ သူရဲ့ကတိစကားကို တည်သွားခဲ့တာပဲဖြစ်ပါတယ်။



(Unicode)

ကစားသမားသစ်ကို အံ့အားသင့်စဖွယ်ပုံစံနဲ့ ကြိုဆိုလိုက်တဲ့ ဘင်ဖီကာပရိသတ်တစ်ဦး

ဒေါ့မွန်အသင်းရဲ့ဂျာမနီလက်ရွေးစင် ကွင်းလယ်ကစားသမား ဂျူလီယန်ဝိုင်ဂယ်ကတော့ အခုဆောင်းရာသီစျေးကွက်မှာပဲ ဒေါ့မွန်ကနေ ပေါ်တူဂီထိပ်သီးကလပ် ဘင်ဖီကာအသင်းဆီကို ယူရိုသန်း၂၀နဲ့ ပြောင်းရွှေ့သွားခဲ့ပြီး မကြာခင်မှာ ဘင်ဖီကာအသင်းနဲ့အတူ ပွဲထွက်ကစားရတော့မှာပဲဖြစ်ပါတယ်။ ကွင်းလယ်ခံစစ်ပိုင်းမှာ အဓိကပါဝင်ကစားခဲ့သူဖြစ်တဲ့ ဝိုင်ဂယ်ဟာ ဒေါ့မွန်အသင်းသားအဖြစ်နဲ့ ၅နှစ်လောက် ကျင်လည်ခဲ့ပြီးမှ ပီအက်စ်ဂျီ မန်စီးတီးအသင်းတို့ရဲဲ့ကမ်းလှမ်းမှုတွေကို လစ်လျူရှုပြီး ဘင်ဖီကာအသင်းဆီကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

Photo Credit : ITA Sports Press

အသက်၂၄နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ဝိုင်ဂယ်ဟာ ဒေါ့မွန်အသင်းနဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးမှ အခုလို ဘင်ဖီကာအသင်းဆီကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဒါကို ဘင်ဖီကာအသင်းရဲဲ့ပရိသတ်တစ်ဦးကနေ ထူးထူးခြားခြား ပုံစံတစ်ခုနဲ့ ကြိုဆိုသွားခဲ့ပါတယ်။ ဒူရာတီမန်ဒက်စ်လို့ အမည်ရတဲ့ ဘင်ဖီကာအသင်းရဲ့ပရိသတ်တစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ရက်နေ့ကပဲ သူရဲဲ့တွစ်တာစာမျက်နှာပေါ်မှာ ဝိုင်ဂယ်သာ ဘင်ဖီကာကို ရောက်ရှိလာခဲ့မယ်ဆိုရင် တစ်ကီလိုမီတာ အကွာအဝေးလောက်အထိ အဝတ်အစားမပါပဲ မိမွေးတိုင်းဖမွေးတိုင်းအတိုင်း ပြေးလွှားပြမယ်လို့ ရေးသားခဲ့တာကြောင့် အခုလို ဝိုင်ဂယ်ရောက်လာချိန်မှာ သူရဲ့ကတိစကားကို တည်သွားခဲ့တာပဲဖြစ်ပါတယ်။

Photo Credit : Metropoles

မန်ဒက်စ်က သူရဲ့ဘင်ဖီကာအသင်းကနေ ဝိုင်ဂယ်ကို ခေါ်ယူပြီးရက်ပိုင်းအကြာမှာပဲ သူရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ဗီဒီယိုဖိုင်တစ်ခုကို တင်သွားခဲ့ပြီး အဲ့ဒီဗီဒီယိုထဲမှာ သူရဲ့ကတိစကားအတိုင်း ကိုယ်လုံးတီးပုံစံနဲ့ တစ်ကီလိုမီတာ အကွာအဝေးကို ပြေးလွှားပြခဲ့ပါတယ်။ ဒီလုပ်ရက်အပေါ်မှာ ဝိုင်ဂယ်က သဘောကျနှစ်သက်နေခဲ့ပြီး မန်ဒက်စ်ကလည်း ဝိုင်ဂယ်အနေနဲ့ သူတို့အသင်းဆီ ပြောင်းရွှေ့လာတဲ့အပေါ် အရမ်းဝမ်းသာအားရခဲ့တဲ့အပြင် ဝိုင်ဂယ်ကိုလည်း သူချစ်မြတ်နိုးတာကြောင့် ဖြစ်နိုင်မယ်ဆိုရင် ဝိုင်ဂယ်ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ ဘင်ဖီကာဝတ်စုံကို လိုချင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကာ ဝိုင်ဂယ်ကလည်း မန်ဒက်စ်ကို သူလက်မှတ်ထိုးထားတဲ့ ဝတ်စုံကို သေချာပေါက် ပေးအပ်သွားမယ်လို့ ပြန်လည်ပြောဆိုသွားခဲ့ပါတယ်။ ဝိုင်ဂယ်ဟာ သူရဲ့ပထမဆုံးသော ဘင်ဖီကာအသင်းရဲ့ပွဲစဉ်အဖြစ် လာမယ့်ဇန်နဝါရီ ၁၀ရက်နေ့မှာ ကစားသွားမယ့် အေဗီစ်အသင်းနဲ့ ပေါ်တူဂီအမှတ်ပေးပွဲစဉ်မှာ ပါဝင်ကစားဖွယ်ရှိနေပါတယ်။