ဘယ္ေနာက္ခံလူေနရာမွာ အားနည္းခ်က္ မ်ားျပားနၾကတဲ့ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ကေတာ့ လက္စတာနဲ႔အတူ ေတာက္ပေနတဲ့ ဘယ္ေနာက္ခံလူ ဘန္ခ်ီဝဲလ္ကို ေခၚယူဖို႔အတြက္ စတင္ႀကိဳးပမ္းလာၿပီလို႔ သိရွိရပါတယ္။ ဘန္ခ်ီဝဲလ္ဟာ လက္စတာနဲ႔အတူ လက္ရွိေဘာလုံးရာသီမွာ အထူးေျခစြမ္းျပေနသလို လီဗာပူးလ္ရဲ့ဘယ္ေနာက္ခံလူ ေရာ္ဘတ္ဆန္ရဲ့ေနာက္ အေကာင္းဆုံး ဘယ္ေနာက္ခံလူအျဖစ္ သတ္မွတ္ခံထားရသူပါ။

Photo Credit: Express.com

အဂၤလန္သတင္းစာေတြရဲ့ အဆိုအရေတာ့ ခ်ယ္လ္ဆီးအသင္းနဲ႔ မန္စီးတီးအသင္းတို႔ဟာ ျဖစ္နိုင္ရင္ ယခု ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာကတည္းက ဘန္ခ်ီဝဲလ္ကို ေခၚယူလိုေနတာျဖစ္ေၾကာင္း သိထားရေပမယ့္ လက္စတာအသင္းကေတာ့ ဘန္ခ်ီဝဲလ္ကို ဇန္နဝါရီ အေျပာင္းအေရႊ႕မွာ ေရာင္းထုတ္သြားဖို႔ အစီအစဥ္မရွိပါဘူး။ လက္စတာအသင္းဟာ လာမယ့္ ေဘာလုံးရာသီမွာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔အတြက္ ပစ္မွတ္ထားေနတဲ့ အေနအထားေၾကာင့္ ဘန္ခ်ီဝဲလ္ကို ေရာင္းခ်မွာ မဟုတ္ပါဘူး။

Photo Credit: Express.com

ေဘာလုံးကၽြမ္းက်င္သူေတြရဲ့အဆိုအရ လက္စတာအသင္းဟာ ဘန္ခ်ီဝဲလ္အတြက္ ေျပာင္းေရႊ႕ေၾကးအေနနဲ႔ ေပါင္၇၅သန္းခန႔္ အလိုရွိေနတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ထြက္ေပၚလာတဲ့ သတင္းေတြအရေတာ့ မန္စီးတီးအသင္းနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ဟာ ဘန္ခ်ီဝဲလ္ကို စတင္ကမ္းလွမ္းမွုအျဖစ္ ေပါင္၆၀သန္းနဲ႔ ကမ္းလွမ္းမယ္လို႔ သိထားရပါတယ္။

ဘယ်နောက်ခံလူနေရာမှာ အားနည်းချက် များပြားနကြတဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ကတော့ လက်စတာနဲ့အတူ တောက်ပနေတဲ့ ဘယ်နောက်ခံလူ ဘန်ချီဝဲလ်ကို ခေါ်ယူဖို့အတွက် စတင်ကြိုးပမ်းလာပြီလို့ သိရှိရပါတယ်။ ဘန်ချီဝဲလ်ဟာ လက်စတာနဲ့အတူ လက်ရှိဘောလုံးရာသီမှာ အထူးခြေစွမ်းပြနေသလို လီဗာပူးလ်ရဲ့ဘယ်နောက်ခံလူ ရော်ဘတ်ဆန်ရဲ့နောက် အကောင်းဆုံး ဘယ်နောက်ခံလူအဖြစ် သတ်မှတ်ခံထားရသူပါ။

Photo Credit: Express.com

အင်္ဂလန်သတင်းစာတွေရဲ့ အဆိုအရတော့ ချယ်လ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ ဖြစ်နိုင်ရင် ယခု ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာကတည်းက ဘန်ချီဝဲလ်ကို ခေါ်ယူလိုနေတာဖြစ်ကြောင်း သိထားရပေမယ့် လက်စတာအသင်းကတော့ ဘန်ချီဝဲလ်ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရောင်းထုတ်သွားဖို့ အစီအစဉ်မရှိပါဘူး။ လက်စတာအသင်းဟာ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပစ်မှတ်ထားနေတဲ့ အနေအထားကြောင့် ဘန်ချီဝဲလ်ကို ရောင်းချမှာ မဟုတ်ပါဘူး။

Photo Credit: Express.com

ဘောလုံးကျွမ်းကျင်သူတွေရဲ့အဆိုအရ လက်စတာအသင်းဟာ ဘန်ချီဝဲလ်အတွက် ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင်၇၅သန်းခန့် အလိုရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ မန်စီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ဘန်ချီဝဲလ်ကို စတင်ကမ်းလှမ်းမှုအဖြစ် ပေါင်၆၀သန်းနဲ့ ကမ်းလှမ်းမယ်လို့ သိထားရပါတယ်။