မကြာမီ ရက်ပိုင်းအတွင်းကပဲ အီတလီ စီးရီးအေကလပ် တိုရီနိုနဲ့ လမ်းခွဲထားတဲ့ အီတလီ လက်ရွေးစင် တိုက်စစ်မှူး ဘယ်လော့တီက ပြင်သစ် လီဂူးဝမ်း နာမည်ကြီးကလပ် မိုနာကိုထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း အီတလီ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် အီတလီ လက်ရွေးစင် တိုက်စစ်မှူး ဘယ်လော့တီက အီတလီ စီးရီးအေရဲ့ အကောင်းဆုံး တိုက်စစ်မှူး ၁၀ဦး စာရင်းဝင်တဲ့ တိုက်စစ်မှူးကောင်း တဦး ဖြစ်ပြီး တိုရီနိုနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ မသေချာတာကြောင့် အသင်းကနေ ထွက်ခွာလာခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Standard

လက်ရှိမှာတော့ မိုနာကို အပါအဝင် ဥရောပ နာမည်ကြီးအသင်း တချို့က ဘယ်လော့တီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေကြပေမယ့် ဘယ်လော့တီက သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် ရဖို့ သေချာသလို ဆုဖလား ရဖို့ မျှော်လင့်ချက်လည်း ရှိတဲ့ မိုနာကိုဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ La Repubblica သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘယ်လော့တီက မိုနာကိုထံ ပြောင်းရွှေ့ဖို့ ပဏာမ သဘောတူညီမှု ရရှိခဲ့ပြီး ဘယ်တော့တီဟာ တနှစ် လုပ်ခလစာ ယူရို ၃.၅သန်းနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ရှိနေကြောင်း သိရပါတယ်။

Photo Credit: Standard

ယခုအချိန်မှာတော့ ဘယ်လော့တီက နွေရာသီ အားလပ်ရက် ယူထားတာကြောင့် လာမယ့် သီတင်းပတ် အကုန်မှသာ ပြင်သစ်နိုင်ငံဆီ သွားရောက်ကာ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ ရှိနေကြောင်းလည်း မိုနာကိုနဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။