ရီးယဲလ် မက်ဒရစ် နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ရာသီကြို ခြေစမ်းပွဲအတွင်းမှာ ရီးယဲလ် ကွင်းလယ်လူ ဘယ်လင်ဟမ် နဲ့ ယူနိုက်တက် နောက်ခံလူ မာတီနက်ဇ်တို့ ထိပ်တိုက် တွေ့ဆုံရင်း အချင်းများမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ ဘယ်လင်ဟမ်က မာတီနက်ဇ်ကို ချီးကျူးမှုတွေ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

ရီးယဲလ်က ယူနိုက်တက်အသင်းကို (2-0) နဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲစဉ်အတွင်း ပထမပိုင်း (၄၅)မိနစ်အတွင်း မကြာခဏ ထိပ်တိုက် ဆုံကြရင်း စကားများမှုတွေ ရှိခဲ့ရပေမယ့် ဒါက ပွဲအတွင်း ယှဉ်ပြိုင်နေစဉ်အတွင်း ဖြစ်ပေါ်တတ်တဲ့ ကိစ္စတစ်ခုသာဖြစ်ပြီး မာတီနက်ဇ်ကလည်း တကယ့်ကို ပြိုင်ဘက်ကောင်းတစ်ဦးလို့ပါ ဘယ်လင်ဟမ်က မှတ်ချက်ပြုသွားခဲ့ပါတယ်။

“မာတီနက်ဇ်နဲ့ ကျွန်တော် အနည်းငယ်လေးတော့ အခြေအတင် ပြောဖြစ်ခဲ့တယ်။ ဒါပေမယ့် သူက ထက်မြက်တဲ့ ကစားသမားပါ။ သူ လူစားလဲခံရချိန်မှာ ကျွန်တော့်ဆီလာပြီး အကောင်းဆုံးတွေ ဖြစ်ပါစေလို့ ဆုတောင်း စကား လာပြောပေးသွားတော့ ကျွန်တော် ဒါကို တကယ် လေးစားမိပါတယ်။ ကွင်းထဲမှာ ဘာတွေပဲ ရှိခဲ့ပါစေ ပွဲအပြီးမှာ ကျွန်တော် သူ့ကို သွားတွေ့ပြီး အကောင်းဆုံးတွေ ဖြစ်ပါစေလို့ ပြန် ဆုတောင်းပေးခဲ့ပါတယ်။”

The pair collided as Bellingham scored in Real Madrid's 2-0 friendly win

Photo Credit : The Sun

“ကစားသမားနှစ်ယောက်က သူတို့ အသင်းကို နိုင်ပွဲရဖို့ ကြိုးစားတဲ့အခါမျိုး ဒီလို ယှဉ်ပြိုင်မှု ပုံစံကို ကျွန်တော် လေးစားမိပါတယ်။ ပွဲအပြီးမှာလည်း ကျွန်တော်တို့တွေ အတူတကွနဲ့ အပြန်အလှန် လေးစားမှု ရှိနေနိုင်မှာပါ။ သူက ထိပ်တန်း ပြိုင်ဘက်ကောင်းတစ်ဦးနဲ့ ထိပ်တန်း ကစားသမားတစ်ဦးပါ။ ကျွန်တော့်လိုပဲ သူလည်း သူ့အသင်းအတွက် နိုင်ပွဲ ဆာလောင်နေပါတယ်။ ဒါက တစ်ခါတစ်လေကျရင် ပွဲထဲကလို အခြေအနေမျိုးတွေ ဖြစ်စေတတ်တယ်။”

“ဒါပေမယ့် ဒါက ပွဲရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ဒါကို ကျွန်တော် တကယ် လေးစားတယ်။ ပွဲပြီးသွားတဲ့အခါကျရင်တော့ ဒီလို လေးစားမှု ရှိတဲ့ အခိုက်အတန့်လေးကို ကျွန်တော်တို့ ရရှိနိုင်ပါတယ်။” လို့ ဘယ်လင်ဟမ်က ရှင်းလင်း ပြောဆိုလိုက်ပါတယ်။