ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်စီးတီးအသင်းကနေ ဒေါ့မွန်အသင်းဆီကို ပြောင်းရွှေ့သွားခဲ့တဲ့ ဆယ်ကျော်သက်အရွှယ် ကြယ်ပွင့်ကစားသမားလေး ဂျူ့ဘင်လယ်ဟမ်က သူ့ကိုအလိုရှိနေတဲ့ ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ခြင်းမရှိပဲ ဒေါ့မွန်အသင်းဆီကို ပြောင်းရွှေ့လာရတဲ့ အကြောင်းအရင်းတွေထဲမှာ သူနဲ့ အသင်းဖော်တွေဖြစ်လာတော့မယ့် ဂျေဒန်ဆန်ချိုကြောင့်လည်း ပါဝင်နေတယ်လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၁၇)နှစ်သာရှိသေးတဲ့ ဘယ်လင်ဟမ်ကို ယူနိုက်တက်နဲ့ ဒေါ့မွန်အသင်းတို့ကနေ အပြိုင်အဆိုင်ကြိုးပမ်းခဲ့ကြတာဖြစ်ပြီး ကနဦးပိုင်းမှာ ယူနိုက်တက်အသင်းက ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ဖို့ ပိုမိုနီးစပ်ခဲ့ကာ ဘယ်လင်ဟမ်နဲ့ သူရဲ့မိသားစုဝင်တွေကိုပါ ယူနိုက်တက်ရဲ့လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကာရင်တန်ကွင်းဆီကိုပါ လည်ပတ်စေခဲ့သလို ဖာဂူဆန်ပါ ဒီကစားသမားလေးနဲ့ တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီကစားသမားလေးကတော့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ထက် ဒေါ့မွန်မှာကစားဖို့ကို ဆုံးဖြတ်ချက်ခဲ့တာဖြစ်ပြီး ယူနိုက်တက်ကို ပယ်ချသွားခဲ့ပါတယ်။

Photo Credit : Bizzceleb

ဘယ်လင်ဟမ်က “ဒေါ့မွန်အသင်းရဲ့လူငယ်ကစားသမားတွေကို ပြုစုပျိုးထောင်မှု အစီအစဉ်တွေက ဥရောပဘောလုံးနယ်ပယ်အတွင်းမှာ တစ်စထက်တစ်စ ပိုလို့တောင် တိုးတတ်လာခဲ့ရတယ်။ ဒီလို ထွန်းတောက်လာခဲ့တဲ့ ကစားသမားတွေနဲ့လည်း ကျွန်တော်ဆုံတွေ့ခဲ့ရသလို ပရိသတ်တချို့နဲ့လည်း ဆုံတွေ့ခဲ့ရတယ်။ နောက်ပြီး ဆန်ချိုနဲ့လည်း ကျွန်တော်ဆုံတွေ့ဖြစ်ခဲ့ပါသေးတယ်။ စကားတွေလည်း ပြောဖြစ်ခဲ့ပါသေးတယ်။ သူကတော့ ကျွန်တော်တို့အားလုံးအတွက် စံနမူနာပါပဲ။ အဲ့ဒါက ခင်ဗျားအနေနဲ့ ခင်ဗျားအတွက် မှန်ကန်မယ့်ထင်တဲ့အရာကို ရွေးချယ်မယ်ဆိုရင် ခင်ဗျားဆီကို အောင်မြင်မှုက ရောက်လာမှာပဲလေ။ ဒါကြောင့်လည်း ကျွန်တော့်ဆုံးဖြတ်ချက်ကို အမှန်အကန်ဆုံး ချမှတ်ခဲ့တာပါ” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ ဘယ်လင်ဟမ်ဟာ ဘာမင်ဂမ်လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားလေးတစ်ယောက်ဖြစ်ပြီး ဘာမင်ဂမ်စီနီယာအသင်းနဲ့ ပြီးခဲ့တဲ့ ရာသီကမှ စတင်ပွဲဦးထွက်လာခဲ့ရတာဖြစ်ပြီး အချိန်တိုလေးအတွင်းမှာပဲ သူရဲ့စွမ်းဆောင်ရည်တွေ တိုးမြင့်လာခဲ့တာကြောင့် ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်(၂၅)သန်းခေါ်ယူပြီး နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။