MySport Myanmar

သူ့ရဲ့ အောင်ပွဲခံပုံစံက ကမ္ဘာပေါ်မှာ အကောင်းဆုံးအောင်ပွဲခံပုံစံပါ ဆိုတဲ့ ဘယ်လင်ဟမ်

စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ အင်္ဂလန်တို့ရဲ့ အဓိက ကွင်းလယ်လူ ဘယ်လင်ဟမ်က သူ့ရဲ့ လက်နှစ်ဖက် ဖြန့်ကာ မာန်ပါပါ အောင်ပွဲခံတဲ့ ပုံစံဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး အောင်ပွဲခံပုံစံပါလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဘယ်လင်ဟမ်က ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာ ဒေါ့မွန်ကနေ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းသစ်နဲ့အတူ ခြေစွမ်းကောင်းတွေ တောက်လျှောက် ပြသထားနိုင်သူပါ။

Photo Credit: Standard

ဘယ်လင်ဟမ်က ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အတွက် လာလီဂါ ၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းတွေကြောင့်ပဲ အချိန်တိုအတွင်းမှာ ရီးရဲလ်မက်ဒရစ်ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဘယ်လင်ဟမ်က သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့် နာမည်ကျော်သလို သူ့ရဲ့ လက်ကို အားရပါးရ ဆန့်တန်းကာ မထီမဲ့မြင် အောင်ပွဲခံတတ်တဲ့ ပုံစံကလည်း ဘောလုံးပရိသတ်တွေ ကြားထဲမှာ ရေပန်းစားပါတယ်။

Photo Credit: ESPN

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စကော့တလန် ၁-၃ အင်္ဂလန် ပွဲစဉ်မှာလည်း ဘယ်လင်ဟမ်က အင်္ဂလန်အတွက် သွင်းဂိုး ၁ဂိုး သွင်းယူပေးနိုင်ပြီးနောက် သူ့ရဲ့ အောင်ပွဲခံဟန်အတိုင်း အားရပါးရ အောင်ပွဲခံခဲ့ပြီး အဆိုပါပွဲ ပြီးဆုံးချိန်မှာ သတင်းထောက် တဦးက သူ့ရဲ့ အောင်ပွဲခံဟန်ကို ကမ္ဘာ့အကောင်းဆုံး အောင်ပွဲခံပုံစံ အဖြစ် သတ်မှတ်လို့ရလားလို့ မေးခဲ့ရာ ဘယ်လင်ဟမ်က သူ့ရဲ့ အောင်ပွဲခံဟန်ဟာ ကမ္ဘာ့အကောင်းဆုံးပါပဲလို့ ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

ဘယ်လင်ဟမ်က – “ကျွန်တော့်ရဲ့ အောင်ပွဲခံဟန်က ကမ္ဘာ့အကောင်းဆုံး အောင်ပွဲခံပုံစံလို့ ထင်ပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီလို ယုံကြည်ထားပါတယ် (ရယ်လျက်)” လို့ ဖြေကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version