MySport Myanmar

ဆုတွေ ထပ်ပြီး ရရှိလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်ဆိုတဲ့ ဘယ်လင်ဟမ်

၂၀၂၃ရဲ့ Ballon d’Or ဆုပေးပွဲမှာ အကောင်းဆုံး လူငယ် ကစားသမားဆု (Kopa Trophy) ကို ဆွတ်ခူးခဲ့ရတဲ့ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အင်္ဂလန် ကြယ်ပွင့် ကစားသမားလေး ဂျူဒ့် ဘယ်လင်ဟမ်က နောက်ထပ် ဆုတွေ ထပ်မံ ရရှိလိမ့်မယ်လို့ မျှော်လင့်ထားပါကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

အသက် (၂၀)အရွယ်သာ ရှိသေးတဲ့ ဘယ်လင်ဟမ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဒေါ့မွန်အတွက် ခြေစွမ်းပြသနိုင်ခဲ့သလို ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးမှာလည်း အင်္ဂလန်အသင်းနဲ့အတူ တောက်ပနိုင်ခဲ့ပါတယ်။

Photo Credit : TNT Sports

ဒါကြောင့် ဒီနွေမှာ ရီးယဲလ်မက်ဒရစ်က ဘယ်လင်ဟမ်ကို ယူရို (၁၀၃)သန်းနဲ့ အရ ခေါ်ယူခဲ့တာဖြစ်ပြီး အခုဆိုရင်လည်း ဘယ်လင်ဟမ်ဟာ ရီးယဲလ်အတွက် (၁၃)ပွဲကစား (၁၃)ဂိုးအထိတောင် သွင်းယူထားကာ မယုံနိုင်စရာ ကောင်းလောက်အောင် ခြေစွမ်းပြထားခဲ့ပါတယ်။

အခုလည်း ဘယ်လင်ဟမ်က Ballon d’Or ဆုပေးပွဲမှာပါ အကောင်းဆုံး လူငယ် ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး သူ့အနေနဲ့ နောက်ထပ် တစ်ဦးချင်းဆုတွေကို ထပ်မံ ဆွတ်ခူးဖို့ မျှော်လင့်ထားသလို အင်္ဂလန် ရီးယဲလ်တို့နဲ့လည်း ဆုဖလားတွေ အများကြီး ရယူသွားချင်တယ်လို့ ပြောဆ်ိုလာခဲ့ပါတယ်။

Photo Credit : Ballon d’Or X

“Kopa Trophy ဆုကို ဆွတ်ခူးလိုက်နိုင်တာက ကျွန်တော့်အတွက်တော့ အဓိပ္ပာယ် အများကြီး ရှိစေခဲ့ရပါတယ်။ ဒီဆုအတွက်ကို ဘာမင်ဂမ် ဒေါ့မွန်နဲ့ ရီးယဲလ်က အသင်းဖော်တွေ ကျွန်တော့် မိသားစုဝင်တွေကို အထူး ကျေးဇူးတင်ပါတယ်။ ဆုတွေ ထပ်ရဦးမယ်လို့လည်း မျှော်လင့်ပါတယ်။”

“ဒါပေမယ့် ကျွန်တော့်အတွက်က တစ်ဦးချင်းထက် အသင်းလိုက် ဆုဖလားတွေ ရယူနိုင်ဖို့ဟာ ပိုအရေးကြီးပါတယ်။ အင်္ဂလန် နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတွေ နောက်ထပ် နှစ်ပေါင်းများစွာ ဆုဖလား အများအပြားကို သိမ်းပိုက်ရယူနိုင်ဖို့ ကျွန်တော် အကောင်းဆုံး ကြိုးစားပေးသွားချင်ပါတယ်။” လို့ ဘယ်လင်ဟမ်က ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Exit mobile version