အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ဘယ်လာရင်ကတော့ ယနေ့ည မန်စီးတီးအသင်းနဲ့ ကစားမယ့် ပွဲစဉ် မတိုင်ခင် ကတိကဝတ် ပြုလုပ်သွားခဲ့ပြီး လက်ကျန်ရာသီမှာ အာဆင်နယ်အသင်း အနိုင် ရရှိမယ့် ပွဲစဉ်တိုင်းအတွက် သစ်ပင် (၃၀၀၀) စိုက်မှာ ဖြစ်ပါတယ်လို့ ကတိပေးခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် နောက်ခံလူ ဘယ်ဟာရင်ဟာ “One Tree Planted – သစ်ပင် တစ်ပင် စိုက်ကြပါ” လို့ အမည်ရတဲ့ ပရဟိတ အဖွဲ့အစည်းနဲ့ ပူးပေါင်းခဲ့ပြီး လက်ရှိရာသီ မကုန်ခင်အထိ အာဆင်နယ် အသင်း အနိုင်ရရှိမယ့် ပွဲစဉ်တိုင်းအတွက် သစ်ပင် (၃၀၀၀) စိုက်မယ်လို့ ပြောကြားသွားပါတယ်။

Photo Credit: Goal

အာဆင်နယ်အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင် ဘယ်ဟာရင်ဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်းကို အရေးဆို တိုက်တွန်းနေခဲ့ပြီး ပလတ်စတစ် အသုံးပြုမှု အကြောင်း နဲ့ ရာသီဥတု ပြောင်းလဲမှုရဲ့ သက်ရောက်မှုအကြောင်းတွေကိုလည်း ပြောခဲ့ဖူးတာ ဖြစ်ပါတယ်။ သစ်တောပြုန်းတီးမှုဟာ လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝှမ်း ရင်ဆိုင်နေရတဲ့ ပြဿနာကြီး ဖြစ်ပြီး အာဆင်နယ် နောက်ခံလူ ဘယ်လာရင်ကတော့ လက်ကျန် ပွဲစဉ်မှာ အာဆင်နယ်အသင်း အနိုင်ရရှိမယ့် ပွဲစဉ်တိုင်းအတွက် သစ်ပင် (၃၀၀၀) စိုက်မယ်လို့ အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။

Photo Credit: Goal

အင်စတာ ဂရမ်မှာ နောက်ခံလူ ဘယ်လာရင်က “လက်ရှိရာသီမှာ အာဆင်နယ်အသင်း အနိုင် ရရှိမယ့် ပွဲစဉ်တိုင်းအတွက် ကျွန်တော် သစ်ပင် (၃၀၀၀) စိုက်ပြီး ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ကာဗွန် ထုတ်လွင့်မှုကို တိုက်ဖျက်ဖို့ ကူညီသွားပါမယ်။ ကျွန်တော့်ရဲ့ အင်စတာဂရမ် Bio ကို ကြည့်ပြီး ကျွန်တော်နဲ့ အတူ ဘယ်လို သစ်ပင်စိုက်ကြမလဲ ဆိုတာကို ကြည့်နိုင်ပါတယ်”လို့ ရေးသားခဲ့ပြီး သူ့ရဲ့ Post အောက်မှာ အာဆင်နယ်အသင်းက Comment ပြန်ပေးသွားခဲ့ပါတယ်။ နည်းပြ အာတီတာဟာ မန်စီးတီးအသင်းမှာ ရှိခဲ့စဉ်က နည်းပြ ပက် ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြ ဖြစ်တာကြောင့် ယနေ့ည (၁း၄၅) အချိန်မှာ ကစားမယ့် အာဆင်နယ်အသင်း နဲ့ မန်စီးတီးအသင်းရဲ့ ပွဲစဉ်ကို ဆရာ နဲ့ တပည့်ရဲ့ အားပြိုင်မှု ပွဲစဉ်လို့လည်း တင်စားနိုင်တာပဲ ဖြစ်ပါတယ်။